မူဆယ်တွင် PGAF အဖွဲ့တစ်ခု ငွေကျပ်သိန်း(၁၀၀) ဆက်ကြေးကောက်နေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တောင်ရပ်ကွက်တွင် နေထိုင်သည့် နေအိမ်တစ်လုံးကို ယနေ့ (မေ ၂၄)ရက် နံနက် အစောပိုင်း တွင် PGAF ဟု အမည်ရအဖွဲ့က အသံမိုင်းဖောက်ခဲ့ကာ ဆက်ကြေးကောက်သည့် စာရွက်ပစ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။

Photo by မူဆယ် ဒေသခံတဦး

ယနေ့ (မေ ၂၄) နံနက် ၁နာရီတွင် မူဆယ်မြို့ တောင်ရပ်ကွက်တွင် အသံမိုင်း အသေးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၊ ထိုအသံမိုင်းနှင့် အတူ မနက် ၉နာရီမှ ၁၂နာရီ အတွင်း အခွန်ဆက်ကြေး ကျပ်သိန်းငွေ (၁၀၀) တိတိ လာပေးရန် ရေးထားသားသည့်စာ ကို ခြံထဲတွင် ပစ်ခဲ့ကြောင်း စာထဲတွင် PDAF ဟုရေးသားထားကြောင်း မူဆယ်မြို့ တွင် နေထိုင်သည့် အသက် ၃၅နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ မနက် ၁နာရီလောက် မိုင်းကို ခြံထဲပစ်ထည့်လိုက်တယ်။ အသံမိုင်းပဲ၊ နောက် ဆက်ကြေးကောက်တဲ့ စာရွက်လည်း ခြံထဲတွေ့တာ။ PGAF လို့ရေးထားတယ်။ ဘယ်အဖွဲ့လည်းတော့မသိဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ ဆက်ကြေးကောက်ခံသည့် နေအိမ်သည် တောင်ရပ်ကွက်တွင် ငှားရမ်းနေထိုင်သည့်သူဖြစ်ပြီး၊ သာမာန်အရပ်သား ဖြစ်ကာ ကျပ်သိန်း (၁၀၀) ပေးဆောင်ရန်ခက်ခဲကြောင်း သိရသည်။

ဆက်လက်ပြီး မူဆယ်မြို့ တွင်နေထိုင်သည့် အသက် ၃၀ကျော် အမျိုးသားတစ်ဦးက “ PGAF က မူဆယ်မြို့က PDF အဖွဲ့တွေလည်းမဟုတ်ဘူးလို့ပြောတယ်။ အဲ့အဖွဲ့က လုပ်စားတဲ့အဖွဲ့လို့ ပြောတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုဆက်ကြေးကောက်သည့်စာထဲတွင် “လူကြီးမင်းတို့ အသက်အိုးအိမ်ကို စိုးရိမ်တန်ဖိုးထားပါက ဖုန်းနံပတ် 09251032068 ကို Wave Money ဖြင့် လုပ်ငန်းစဥ်နံပတ် Passoword ၆ လုံးနှင့် အတူ ငွေကျပ် သိန်း (၁၀၀) တိတိ မနက် ၉နာရီ မှ ၁၂နာရီအတွင်း ကျုပ်တို့ထံ အလေးထားပေးပို့ရမည်။ လျစ်လျူရှုပျက်ကွက်ပါက မိတ်ဆွေ တို့ မိသားစုနှင့် အသက်အိုးအိမ် ထိခိုက်နစ်နာဆုံးရှုံးရမည်ကို ကျုပ်တို့ အနေနဲ့ အာမ မခံနိုင် “ဟု ရေးသားထားသည်။

မူဆယ်ဆက်ကြေး PDAF

မူဆယ်မြို့တွင် တရုတ်နိုင်ငံ နယ်စပ်မြို့ဖြစ်ပြီး ပြည်သူ့စစ်၊ လက်နက်ကိုင်တပ်ဖွဲ့များစွာ လှုပ်ရှားသည့်ဒေသဖြစ်ကာ လက်နက်များလည်း အလွယ်တကူ ၀ယ်ယူနိုင်သည့် ဒေသဖြစ်သည်။

ကိုဗစ်-၁၉ ဖြစ်ပွားပြီးနောက် နယ်စပ်ကုန်သွယ်ရေးလည်း ပိတ်ဆိုင်းခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်ပြီး စစ်အာဏာသိမ်း ပြီးနောက်လည်း မူဆယ်မြို့နေ ပြည်သူများသည် တနေ့ထက် တနေ့ ပိုကြပ်တည်းလာကာ လုယက်မှု၊ ဓားပြတိုက်မှုကလည်း လစဥ် ၃မှုအထက်ရှိနေကြောင်းသိရသည်။

“ ကျမ အနေနဲ့ တနေ့တနေ့ စိုးရိမ်ပူပန်မှုနဲ့ နေနေရတယ်။ ညနေ ၅နာရီလောက်ဆို အိမ်ပြန်ရတယ်။ ကိုယ်က တရုတ်ငွေလှဲတဲ့အလုပ်လုပ်တော့သတိထားနေရတယ်။ ဓားပြတိုက်တဲ့သူ လုယက်သူတွေ ကလည်း ကျမတို့ လိုလူကို အထင်ကြီးပြီးတော့ အမြဲတမ်းလိုလို ဓားပြတိုက်နေတယ်”ဟု တရုတ်ငွေလှဲလုပ်ကိုင်နေသည့် မူဆယ်မှ မအားရှန် က သျှမ်းသံတော်ဆင့်ကိုပြောသည်။

မူဆယ်မြို့တွင် စစ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေး၀ါးသုံးစွဲသူများလည်း ပိုများလာသဖြင့် ဓားပြတိုက်မှုမှာလည်း (၁၀)မှု အထက်ရှိပြီး၊ ရဲတပ်ဖွဲ့မှ ဖော်ထုတ်နိုင်သည့်အဖွဲ့မှ တခုတည်းသာရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်ဒေသခံများထံ လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ ဆက်ကြေးကောက်ခံ

0
သျှမ်းပြည် မူဆယ်မြို့နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ပေါင်းစုံမှ စီးပွားရေးလုပ်ငန်းရှင်များထံ အခွန်(ဆက်ကြေးငွေ)များ ထပ်မံကောက်ခံလာကြောင်း စုံစမ်းသိရသည်။ ဇွန်လဆန်းပိုင်းမှ စတင်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်မြို့ရှိ ကိုယ်ပိုင်ကျောင်းများ၊ ကုန်စုံဆိုင်များ၊ ဖုန်းဆိုင်များနှင့် ငွေလဲလုပ်ငန်း လုပ်ကိုင်သူများကို လက်နက်ကိုင်အဖွဲ့အစည်း ပေါင်းစုံမှ အခွန်(ဆက်ကြေးငွေ)များ ထပ်မံကောက်ခံလာကြောင်း မူဆယ်ဒေသခံများက ပြောသည်။ “ဒီတပတ်ထဲမှာ...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...