စဝ်ခွန်ထွန်းဦး ၁ လပြည့် အခမ်းအနား ချင်းမိုင်တွင် ပြုလုပ်မည်

စဝ်ခွန်ထွန်းဦး သေဆုံးသွားသည့် ၁ လပြည့် အထိမ်းမှတ်အနေဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဝတ်ကူတောက်ဘုန်းကြီးကျောင်းတွင် လာမည့် မေလ ၂၉ ရက်တွင် ဆွမ်းကပ်ပြီး ဂုဏ်ပြုအခမ်းနား ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဦးခွန်ထွန်းဦး

လာမည့် မေ ၂၉ ရက်တွင် စဝ်ခွန်ထွန်းဦး သေဆုံးသည့် ၁ လပြည့်အနေဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၀တ်ကူတောက်ဘုန်းကြီးကျောင်းတွင် ထိုင်းနိုင်ငံရောက် သျှမ်းလူမှု အသိုင်းအ၀ိုင်းမှ စ၀်ခွန်ထွန်းဦး အားရည်စူးပြီး နေ့ဆွမ်းကပ်ပြီး မွန်းလွဲပိုင်း ၃ နာရီခွဲမှ ၅ နာရီခွဲအထိ ကျင်းပသွားမည်။

ထို့ပြင် စဝ်ခွန်ထွန်းဦး ရေးသားခဲ့သည့် နိုင်ငံရေးစာစုများကို ဖတ်ကြားခြင်း၊ Short videos များကို ကြည့်ရှုခြင်း၊ စဝ်ခွန်ထွန်းဦးနှင့် သိကျွမ်းခွင့်ရခဲ့သူ လုပ်ဖော်ကိုင်ဖက်များ၏ အမှတ်ရ အောင့်မေ့ဘွယ်စကားများကို နားဆင်ပြီး မှတ်တမ်းဓာတ်ပုံများကိုပြသသွားမည်ဟု သိရသည်။

“ ကျမတို့ ပြုလုပ်ရတဲ့ ရွယ်ရည်ချက်က ၃ ခုရှိတယ်။ ပထမတော့ သူသေဆုံးတာ ၁ လပြည့်အနေနဲ့ ဝမ်းနည်းအောင့်မေ့ခြင်း အနေနဲ့ ဆွမ်းကပ်မယ်။ ပြီးတော့ သူရဲ့ နိုင်ငံရေးအပေါ်လုပ်ဆောင်ချက်၊ သူရဲ့ နိုင်ငံရေး လုပ်ဆောင်ချက်တွေကို ဂုဏ်ယူတဲ့အနေနဲ့ ဂုဏ်ပြုပွဲ အခမ်းနားလုပ်သွားမယ်။ နောက်ဆုံးတစ်ခုကတော့ ထိုင်းနိုင်ငံမှာ မွေးတဲ့ ကျမတို့ တိုင်းရင်းသားတွေလူငယ်တွေ စဝ်ခွန်ထွန်းဦး အကြောင်း သိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်သွားမှာပါ” ဟု အခမ်းနားဖြစ်မြောက်ရေးအဖွဲ့ထဲ ပါဝင်သူ နန်းခမ်းအိမ်က ပြောသည်။

စဝ်ခွန်ထွန်းဦးသည် ဧပြီ ၂၉ ရက် တွင် ရန်ကုန်နေအိမ်မှာ သေဆုံးသွားခဲ့သည်။ ၎င်း၏ ရုပ်အလောင်းကို ရန်ကုန်မြို့ ရေဝေးသုဿန်တွင် မေလ ၂ ရက်က မီးသဂြိုလ်ခဲ့ပြီး၊ ကျန်ရှိသည့် အရိုးပြာကို သီပေါမြို့ရှိ စော်ဘွားသင်္ချိုင်းတွင် ဂူသွင်းခဲ့ကြောင်းသိရသည်။

စဝ်ခွန်ထွန်းဦးသည် မြန်မာနိုင်ငံ၏ ရှေ့ဆောင်နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး တိုင်းရင်းသားများအတွက် ရပိုင်ခွင့် အခွင့်အရေး၊ တန်းတူရေး နှင့် ဖယ်ဒရယ်ပြည်ထောင်စုအတွက် တိုက်ပွဲဝင်ခဲ့သူ တစ်ဦးဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

ပင်းပက်စက်ရုံကြောင့် ဒေသခံများ ရေဆိုးဒဏ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့အနီးရှိ အရှုံးပေါ်နေသည့် ပင်းပက်သံမဏိစီမံကိန်းကို စစ်ကော်မရှင်က ရုရှားနည်းပညာရှင်များ အကူအညီဖြင့် အမြန်ဆုံးပြန်လည်ပတ်နိုင်ရန် ကြိုးပမ်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ဧက ၅ သောင်းကျော် ကျယ်ဝန်းသည့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...