ပင်လောင်းမြို့နယ် စစ်ကောင်စီ ထောင်ထားသည့်မိုင်း ၎င်းတပ်သားပြန်လည်နင်းမိ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတို့ တပ်ဆင်ထားသည့် မြေမြှုပ်မိုင်းကို ရေဆင်းချိုးသည့် စစ်ကောင်စီတပ်ဖွဲ့သားများ ပြန်လည်နင်းမိပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း သတင်း သိရသည်။

ပင်လောင်းမြို့နယ် ပင်ပုံကျေးရွာ မေ ၂၄ရက် တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပအို၀်း အမျိုးသား တပ်မတော် PNA တို့က ပူးပေါင်း စခန်းချ နေရာယူထားပြီး ရေဆင်းချိုးသည့် စစ်ကောင်စီ တပ်သားနှစ်ဦးမှ မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပင်လောင်းမြို့

“ပြီးတဲ့ တစ်ပတ်က ရွာအနီးပတ်ဝန်းကျင်မှာ စစ်ဆေးရေးလုပ်သား စစ်သားတစ်ဖွဲ့ရှိတယ်၊ ဒါပေမဲ့ သူတို့ထဲက ၁၀ ယောက်ကျော်လောက်ပဲချန်ပြီး PNA တွေနဲ့ ရွာနားမှာ ကင်းပုန်းချထားတယ်၊ ပင်ပုံရွာအစပ်မှာ ရေဆင်းချိုးရင်း သူတို့ထောင်ထားတဲ့ မိုင်း သူတို့ပြန်တက်နင်းမိလို့ နှစ်ဦးသေသွားတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ နယ်မြေပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် PNA တို့သာ သွားလာလှုပ်ရှားလေ့ရှိပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF များ မရောက်ရှိသေးသည့်အတွက် ယင်းမြေမြှုပ်မိုင်းသည် စစ်ကောင်စီတို့ ထောင်ထားခြင်းဖြစ်မည်ဟု ဒေသခံများက ပြောဆိုကြသည်။

“တောအစပ်တွေ စစ်ကောင်စီနဲ့ PNA ကင်းပုန်းတွေရှိတဲ့ သွားလာဖူးတဲ့နေရာတွေကို ဖြတ်သွားရမယ် ဆိုရင် သတိထားဖို့လိုလာပြီဗျ၊ အခု စစ်တောင် မဖြစ်သေးတဲ့ ကျနော်တို့ ရွာနားမှာတောင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေ ရှိနေပြီဆိုတော့ တော်တော်သတိထားဖို့လိုပြီ” ဟု အထက်ပါ ဒေသခံက ဆက်လက်ပြောဆိုထားသည်။

နိုင်ငံတကာမြေမြှုပ်မိုင်းများတားဆီးရေးလှုပ်ရှားမှု (ICBL) က မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များအားလုံးကို မြေမြှုပ်မိုင်း အသုံးပြုမှု ချက်ချင်းရပ်တန့်ရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ပေမယ့် Landmine Monitor အရ ၂၀၀၀ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း မိုင်းထိခိုက်ဒဏ်ရာရသူများသည် သျှမ်းပြည်နှင့် ကချင်ပြည်မှ အများဆုံး ဖြစ်နေသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ဆောင်းပြောင်းကျေးရွာအနီး စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်း စစ်ရေးတင်းမာနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့ အင်အားဖြည့်တင်းနေသောကြောင့် စစ်ရေးတင်းမာနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ တတိယပတ်မှစပြီး ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတို့ အင်းအား (၃၀၀)ကျော်ဖြည့်တင်းထားပြီး မိုးဗြဲ-ဖယ်ခုံဘက်သို့ စစ်ကြောင်းထိုးနိုင်သောကြောင့် တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးအခြေနေတင်းမာလာကြောင်း ဒေသခံအမျိုးသားတစ်ဉီးကပြောသည်။ “စစ်ကေားတွေတော့...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...