Thursday, April 18, 2024

ပြည်သူ့ကာကွယ်ရေးတပ်

လွိုင်လင်လေးမြို့ တိုက်ပွဲကြား နေအိမ် ထိခိုက် ပျက်စီးမှုရှိ၊ ပြည်သူများထပ်မံ ထွက်ပြေးတိမ်းရှောင်နေ

ကရင်နီ (ကယား) ပြည် လွိုင်လင်လေးမြို့နယ်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF တို့အကြား တိုက်ပွဲကြောင့် နေအိမ် ထိခိုက်ပျက်စီးမှုရှိပြီး ပြည်သူများထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင် လွိုင်လင်လေးမြို့ အခြေစိုက် ခလရ (၅၃၀) တပ်ကို...

ပင်လောင်း စစ်ရှောင်ကလေး ၃၀၀ ကျော် စာသင်ကြားရန် ဟိုပုံးမြို့နယ် အတွင်းသို့ပြောင်းနေရ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် စစ်ဘေးရှောင်ကလေး ၃၀၀ ဝန်းကျင် စာသင်ကြားရန် အတွက် ဟိုပုံးမြို့နယ် နောင်တောင်းပရဟိတကျောင်းသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။ Photo by: နောင်တောင်းပရဟိတဘုန်းတော်ကြီး ပညာရေးကျောင်း ပင်လောင်းမြို့နယ်တွင် ၂ လနီးပါး စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် နေရပ်မပြန်နိုင်သေးသည့်...

သျှမ်းပြည်တောင်ပိုင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (SSPDF) နာယက စစ်ကြောရေးတွင် သေဆုံး

သျှမ်းပြည်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SSPDF) နာယက ဖြစ်သည့် ကိုအောင်ဇော်ဦးသည် စစ်ကြောရေးတွင် နှိပ်စက်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ကိုအောင်ဇော်ဦးကို အာဏာသိမ်းပြီးနောက် ၂၀၂၁ ဩဂုတ်လ ၈ ရက် တွင် အေးသာယာမြို့ရှိ ၎င်း၏ နေအိမ်တွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း...

ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက် (၃) ဦးထက်မနည်း ကျဆုံး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီ နှင့် သျှမ်းမြောက် ပြည်သူ့လုံခြုံရေး နှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA) တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က (၃) ဦးထက် မနည်းသေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ တိုက်ပွဲသည် ပြီးခဲ့သည့် ဇွန် (၂၄) ရက်တွင် လားရှိုး...

ဖယ်ခုံမြို့နယ် ဒေသခံလူငယ် (၇) ဦးကို စစ်ကောင်စီဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ မြို့ကုန်းညောင်ပင်သာရပ်ကွက် အတွင်းရှိ လူငယ် (၇) ဦးကို ယနေ့ (ဇွန် ၁၄ ရက်) နေ့လည် ၂ နာရီခွဲတွင် စစ်ကောင်စီ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ လူငယ် (၇) ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားပြီး မည်သည့်အကြောင်းကြောင့်...

ပင်လောင်းမြို့နယ် စစ်ကောင်စီ ထောင်ထားသည့်မိုင်း ၎င်းတပ်သားပြန်လည်နင်းမိ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတို့ တပ်ဆင်ထားသည့် မြေမြှုပ်မိုင်းကို ရေဆင်းချိုးသည့် စစ်ကောင်စီတပ်ဖွဲ့သားများ ပြန်လည်နင်းမိပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း သတင်း သိရသည်။ပင်လောင်းမြို့နယ် ပင်ပုံကျေးရွာ မေ ၂၄ရက် တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပအို၀်း အမျိုးသား တပ်မတော် PNA တို့က ပူးပေါင်း စခန်းချ...

Latest news