Wednesday, January 28, 2026

လွိုင်လင်လေးမြို့ တိုက်ပွဲကြား နေအိမ် ထိခိုက် ပျက်စီးမှုရှိ၊ ပြည်သူများထပ်မံ ထွက်ပြေးတိမ်းရှောင်နေ

ကရင်နီ (ကယား) ပြည် လွိုင်လင်လေးမြို့နယ်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF တို့အကြား တိုက်ပွဲကြောင့် နေအိမ် ထိခိုက်ပျက်စီးမှုရှိပြီး ပြည်သူများထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

တိုက်ပွဲကြောင့် ပြည်သူ့နေအိမ် ထိခိုက်ပျက်စီး

ပြီးခဲ့သည့် ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင် လွိုင်လင်လေးမြို့ အခြေစိုက် ခလရ (၅၃၀) တပ်ကို ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့၍ နှစ်ဖက်တပ်ဖွဲ့ အပြန်အလှန် ပစ်ခတ်မှု တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNDF မှ ထုတ်ပြန်ထားသည်။

လက်ရှိ တိုက်ပွဲသည် ငြိမ်နေသေးသော်လည်း စစ်ရေးတင်းမာမှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကျေးရွာအတွင်းရှိ ပြည်သူများအချို့က ဆက်လက်နေထိုင်ရန် စိုးရိမ်ကြောက်လန့်နေရပြီး နေရပ်စွန့်ခွာ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အဲ့နေ့က မနက်စောစော PDF တွေဝင်ပစ်တာ၊ စစ်တပ်က ဘေးပတ်လည်ကို လက်နက်ကြီး လှမ်းထုတာ။ အလုံး ၃၀ ကျော်လောက် ထုတယ်။ အခုအိမ်မှာ မနေရဲတော့ဘူး။ ကျနော်တို့ အိမ်ဘေးမှာတင် လက်နက်ကြီးတွေ ကျတာ “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ ခလရ (၅၃၀) တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ လွိုင်လင်လေးမြို့နယ် လင်ဖုံးကြီးကျေးရွာ၊ နမ့်ဟူးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ လူနေအိမ် ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

ထို့အပြင် တိုက်ပွဲကြောင့် ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာနှင့် ကယန်းလေးကျေးရွာရှိ စစ်ဘေးရှောင်စခန်းတွင် စစ်ရှောင်ဦးရေ ၄၀၀ ဝန်းကျင် ထပ်မံရောက်ရှိလာနေသဖြင့် စားနပ်ရိက္ခာ အကူညီလိုအပ်နေကြောင်း စစ်ရှောင်ကော်မတီ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အခု ရေဖြူ နဲ့ ကယန်းလေးမှာ စစ်ရှောင်အသစ်တွေ ထပ်ရောက်လာတာ ရှိတယ်။ လူဦးရေကတော့ ၃၀၀ နဲ့ ၄၀၀ ကြားလောက်မှာရှိတယ်။ တချို့လည်း ဆွေမျိုးရှိရင် သူတို့ဆွေမျိုးတွေနဲ့ သွားနေကြတာရှိတယ်။ စစ်ရှောင်တွေက ထပ်ရောက်လာတာ စားနပ်ရိက္ခာက မရှိဘူး။ အလှူရှင်လည်း မရှိဘူး “ ဟု ၎င်းစစ်ရှောင် ကော်မတီတစ်ဦးက ပြောသည်။

သျှမ်း – ကရင်နီ (ကယား) ပြည် နယ်စပ်တိုက်ပွဲ အပါအဝင် ကရင်နီ (ကယား) ပြည်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု တိုက်ပွဲကြောင့် အရပ်သား ၃၃ ဦး သေဆုံးခဲ့ရကြောင်း KNDF B09 က ဇူလိုင် ၅ ရက်၌ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...