Friday, April 19, 2024

ဖယ်ခုံမြို့နယ် ဒေသခံလူငယ် (၇) ဦးကို စစ်ကောင်စီဖမ်းဆီးသွား

Must read

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ မြို့ကုန်းညောင်ပင်သာရပ်ကွက် အတွင်းရှိ လူငယ် (၇) ဦးကို ယနေ့ (ဇွန် ၁၄ ရက်) နေ့လည် ၂ နာရီခွဲတွင် စစ်ကောင်စီ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ လူငယ် (၇) ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားပြီး မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသည်ကို မသိရှိရသေးပေ။

ပြည်သူ့ကာကွယ်ရေးတပ်

“ ခုနလေးတင်ဖမ်းသွားတာ။ ဘာကြောင့်ဖမ်းလည်းတော့ မသိဘူး။ စိတ်ထင်ရာလုပ်နေကြတာ။ ဖမ်းသွားတဲ့ကလေးတွေက မြို့ကုန်းရပ်ကွက်နဲ့ ညောင်ပင်သာရပ်ကွက်ထဲက လူတွေ ဖြစ်တယ်” ဟု ဖယ်ခုံမြို့ ဒေသခံ အမျိုးသား က ပြောသည်။

လက်ရှိမှာ စစ်ကောင်စီက စက်လှေဆိပ်ဘက်မှာ စစ်ဆေးမှုကြမ်းနေပြီး၊ သေနတ်များဖြင့်လည်း ရမ်းသတ်ပစ်ခတ်နေလျက်ရှိကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article