Saturday, April 20, 2024

ပင်လောင်း စစ်ရှောင်ကလေး ၃၀၀ ကျော် စာသင်ကြားရန် ဟိုပုံးမြို့နယ် အတွင်းသို့ပြောင်းနေရ

Must read

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် စစ်ဘေးရှောင်ကလေး ၃၀၀ ဝန်းကျင် စာသင်ကြားရန် အတွက် ဟိုပုံးမြို့နယ် နောင်တောင်းပရဟိတကျောင်းသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။

Photo by: နောင်တောင်းပရဟိတဘုန်းတော်ကြီး ပညာရေးကျောင်း

ပင်လောင်းမြို့နယ်တွင် ၂ လနီးပါး စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် နေရပ်မပြန်နိုင်သေးသည့် ကလေးများကို ပညာရေးအတွက်ကြောင့် ဟိုပုံးမြို့နယ် နောင်တောင်း ပရဟိတကျောင်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“ကျနော်တို့ စစ်ဘေးရှောင်ကလေးတွေ တချို့ကိုတော့ ဒီဟိုပုံး နောင်တောင်းကျောင်းဘက်ကို ပို့ပေးထားတယ်။ အဲမှာ စာသွားသင်ဖို့ပေါ့နော်။ သူတို့တွေရဲ့ ပညာရေးအတွက် သွားထား ထားပေးတာပေါ့။ ၃၀၀ ကျောက်လောက်ရှိမယ်” ဟု ပင်လောင်းမြို့နယ်တွင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် သူက ပြောသည်။။

Photo by: နောင်တောင်းပရဟိတဘုန်းတော်ကြီး ပညာရေးကျောင်း

လက်ရှိ နောင်တောင်းပရဟိတကျောင်းတွင် စစ်ဘေးရှောင်ကလေးများကို အင်္ဂလိပ်၊ ဗုဒ္ဓစာပေ၊ ကွန်ပျူတာ နှင့် ပအိုဝ်းစာပေ တို့ကို သင်ကြားပေးနေလျက်ရှိကြောင်း နောင်တောင်းကျောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ အခုတော့ စစ်ဘေးရှောင်တွေကို အင်္ဂလိပ်စာ ၊ ဗုဒ္ဓစာပေ ၊ ပအိုဝ်းစာတွေကို သင်ပေးနေတာပေါ့။ သူတို့အတွက် စားဝတ်နေရေးတော့ အခက်ခဲ မရှိပါဘူး။ အခုလည်း ကျောင်းသားဟောင်းတွေက ပြန်သွားလိုက်ပြီ။ အခု စစ်ဘေးရှောင်ကလေး နဲ့ တစ်ချို့ကျောင်းသားတွေပဲ ကျန်တယ်” ၎င်းက ပြောသည်။

အလားတူ လက်ရှိအချိန်ထိ ပင်လောင်းမြို့နယ်အတွင်း နှင့် ဖယ်ခုံမြို့နယ်ထဲတွင် စစ်ကောင်စီ နှင့် PDF တို့ကြား တိုက်ပွဲ ပြင်းထန်နေလျက်ရှိသည်။

ပင်လောင်းမြို့နယ်ထဲတွင် စစ်ဘေးရှောင် ၆ ထောင် ဝန်းကျင်ရှိထားပြီး စစ်ရှောင်စခန်း ၁၄ ခုရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article