Tuesday, January 27, 2026

တာချီလိတ်- မယ်ဆိုင် နယ်စပ်ဂိတ်ခရီးသွားဖြတ်သန်းခွင့် ကို ဇွန် ၁ရက် ဖွင့်မည်ဟုဆို

သျှမ်းရှေ့ တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်ကို ဇွန် ၁ ရက်တွင် ဒေသတွင်းနှစ်ဘက် ကုန်သွယ်ရန် အတွက် ပြန်လည်ဖွင့်လှစ်သွားမည် ဟု သတင်းရရှိသည်။

မယ်ဆိုင်တံတားဖွင့်ရန် ညှိနှိုင်းစဥ်

ဇွန်လ ၁ရက် မှ စတင်ပြီး မြန်မာ-ထိုင်းနယ်စပ်ဂိတ် မယ်ဆိုင်တံတားနှင့် တခြားနယ်စပ်ဂိတ်များကို Thai- Myanmar Township Border Committee (TBC) ညှိနှိုင်းရေးမှူး၊ ချင်းရိုင်အုပ်ချုပ်ရေးမှူး Passakorn Boonyaluck ၊ မြန်မာနိုင်ငံ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် တို့ မေ ၂၄ရက်တွင် အစည်းအ၀ေးတက်ရောက်ပြီး ဆုံးဖြတ်ခဲ့ကြသည်။

မယ်ဆိုင်တံတားဖွင့်ရန် ညှိနှိုင်းစဥ်

ချင်းရိုင်တွင် Covid-19 အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ဖြစ်ကြောင်းနှင့် ၈၀ရာခိုင်နှုန်း ကိုဗစ်ကာကွယ်ဆေးထိုးနှံ ထားပြီးကြောင်း Mr Passakorn မှ ပြောကြားခဲ့သည်။

မယ်ဆိုင်တံတားဖွင့်ရန် ညှိနှိုင်းစဥ်

နယ်စပ်ဖြတ်သန်းခွင့် ကိုင်ဆောင်သူများသည် ကာကွယ်ဆေး ထောက်ခံချက် သို့မဟုတ် ATK ရလဒ်များကို ပြသရမည် ဖြစ်ကြောင်း၊ ထိုသည်မှ မဟုတ် ငါးရက်ကြာ quarantine ဝင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ အခြားပြည်နယ်သို့ ခရီးသွားလိုသူတိုင်း နိုင်ငံကူးလက်မှတ်နှင့် ကာကွယ်ဆေးလက်မှတ်ဆောင်ထားရမည်ဟု လည်း M. Passakorn က ထပ်လောင်းပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်း-မြန်မာနယ်စပ်ဒေသတလျှောက်တွင် မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းမိ

0
ထိုင်းနိုင်ငံအတွင်းသို့ မှောင်ခိုတင်သွင်းလာသည့် သန်းနှင့်ချီရှိသော မူးယစ်ဆေးဝါးအများအပြားကို ယခုရက်ပိုင်း၌ နယ်စပ်ဒေသတလျှောက်တွင် ဆက်တိုက်ဖမ်းဆီးရမိကြောင်း သတင်းသိရှိရသည်။ အောက်တိုဘာလ ၆ ရက် နေ့လယ် ၁၂ နာရီအချိန်က မယ်ဆိုင်-မယ်ချန်း လမ်းမပေါ်တွင် မောင်းနှင်လာသည့် မသင်္ကာဖွယ် ယာဉ်တစ်စီးနှင့် ဆိုင်ကယ်တစ်စီးကို ထိုင်းရဲတပ်ဖွဲ့များက ကြားဖြတ်ဖမ်းဆီးခဲ့ရာ ဆာလာအိတ်ဖြင့် ထုပ်ပိုးထားသော စိတ်ကြွဆေးပြား...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...

ထိုင်း-မြန်မာ နယ်စပ်ဖြတ်သန်းသွားလာခွင့် (BP) စာအုပ်များ လူဦးရေ အကန့်အသတ်ဖြင့် ပြုလုပ်ပေး

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ ရှိ နှစ်နိုင်ငံ ကမ်းကူးစာအုပ်များ ပြုလုပ်ပေးသည့် နေရာများတွင် ရေကြီးပြီး စက်ပျက်သွားသဖြင့် တစ်နှစ် နယ်စပ်ဖြတ်သန်းသွားလာခွင့် (BP) စာအုပ်ကို လူဦးရေ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်ပေးနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် ရေကြီးရေလျှံမှုကြောင့် တာချီလိတ်မြို့ အမှတ် (၁) ချစ်ကြည်ရေး...

အဆိပ်သင့်မြစ်ရေနှင့် လာမည့်မိုးရာသီအတွက် ဒေသခံများစိုးရိမ်နေ

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းလျှင် ယမန်နှစ်ကဲ့သို့ ရေကြီးရေလျှံမှု ဖြစ်ပေါ်မည်ကို စိုးရိမ်နေလျက်ရှိကြောင်း ဒေသခံများကပြောသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း စံချိန်တင်ရေကြီးရေလျှံမှုကြောင့် ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်နှင့် မယ်ဆိုင်တွင် ရေလွှမ်းမိုးခံခဲ့ရပြီး နေအိမ်၊ အဆောက်အဦနှင့် ဈေးများ ပျက်စီးဆုံးရှုံးခဲ့ရသည်။ မေလ ၂၀ ရက်နေ့မှစ၍ သျှမ်းပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် နေရာအနှံ့အပြား...