တာချီလိတ်- မယ်ဆိုင် နယ်စပ်ဂိတ်ခရီးသွားဖြတ်သန်းခွင့် ကို ဇွန် ၁ရက် ဖွင့်မည်ဟုဆို

သျှမ်းရှေ့ တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်ကို ဇွန် ၁ ရက်တွင် ဒေသတွင်းနှစ်ဘက် ကုန်သွယ်ရန် အတွက် ပြန်လည်ဖွင့်လှစ်သွားမည် ဟု သတင်းရရှိသည်။

မယ်ဆိုင်တံတားဖွင့်ရန် ညှိနှိုင်းစဥ်

ဇွန်လ ၁ရက် မှ စတင်ပြီး မြန်မာ-ထိုင်းနယ်စပ်ဂိတ် မယ်ဆိုင်တံတားနှင့် တခြားနယ်စပ်ဂိတ်များကို Thai- Myanmar Township Border Committee (TBC) ညှိနှိုင်းရေးမှူး၊ ချင်းရိုင်အုပ်ချုပ်ရေးမှူး Passakorn Boonyaluck ၊ မြန်မာနိုင်ငံ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် တို့ မေ ၂၄ရက်တွင် အစည်းအ၀ေးတက်ရောက်ပြီး ဆုံးဖြတ်ခဲ့ကြသည်။

မယ်ဆိုင်တံတားဖွင့်ရန် ညှိနှိုင်းစဥ်

ချင်းရိုင်တွင် Covid-19 အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ဖြစ်ကြောင်းနှင့် ၈၀ရာခိုင်နှုန်း ကိုဗစ်ကာကွယ်ဆေးထိုးနှံ ထားပြီးကြောင်း Mr Passakorn မှ ပြောကြားခဲ့သည်။

မယ်ဆိုင်တံတားဖွင့်ရန် ညှိနှိုင်းစဥ်

နယ်စပ်ဖြတ်သန်းခွင့် ကိုင်ဆောင်သူများသည် ကာကွယ်ဆေး ထောက်ခံချက် သို့မဟုတ် ATK ရလဒ်များကို ပြသရမည် ဖြစ်ကြောင်း၊ ထိုသည်မှ မဟုတ် ငါးရက်ကြာ quarantine ဝင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ အခြားပြည်နယ်သို့ ခရီးသွားလိုသူတိုင်း နိုင်ငံကူးလက်မှတ်နှင့် ကာကွယ်ဆေးလက်မှတ်ဆောင်ထားရမည်ဟု လည်း M. Passakorn က ထပ်လောင်းပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ ရောင်နီဦးဝန်းအတွင်း တရုတ်နိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

0
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့ ဆေးခန်းရပ်ကွက်ရှိ ရောင်နီဦးဝန်း အတွင်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဝင်ရောက်...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...

ထိုင်း-မြန်မာနယ်စပ်ဒေသတလျှောက်တွင် မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းမိ

0
ထိုင်းနိုင်ငံအတွင်းသို့ မှောင်ခိုတင်သွင်းလာသည့် သန်းနှင့်ချီရှိသော မူးယစ်ဆေးဝါးအများအပြားကို ယခုရက်ပိုင်း၌ နယ်စပ်ဒေသတလျှောက်တွင် ဆက်တိုက်ဖမ်းဆီးရမိကြောင်း သတင်းသိရှိရသည်။ အောက်တိုဘာလ ၆ ရက် နေ့လယ် ၁၂ နာရီအချိန်က မယ်ဆိုင်-မယ်ချန်း လမ်းမပေါ်တွင် မောင်းနှင်လာသည့် မသင်္ကာဖွယ် ယာဉ်တစ်စီးနှင့် ဆိုင်ကယ်တစ်စီးကို ထိုင်းရဲတပ်ဖွဲ့များက ကြားဖြတ်ဖမ်းဆီးခဲ့ရာ ဆာလာအိတ်ဖြင့် ထုပ်ပိုးထားသော စိတ်ကြွဆေးပြား...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...