သျှမ်းပြည် ပန့်ဆီဆိုင် တချို့ဆီပြတ်လပ်နေ

သျှမ်းပြည်အတွင်းရှိ တချို့ မြို့များတွင် စက်သုံးဆီများပြတ်လပ်နေပြီး ဈေးနှုန်းများလည်း ၃၀၀၀ ကျပ်အထိ မြင့်မားနေကြောင်း သတင်းသိရသည်။

စက်သုံးဆီ

ယမန်နေ့ မေလ ၂၁ နှင့် ၂၂ ရက်နေ့တို့တွင် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့၊ နမ့်ခမ်းမြို့တို့တွင် စက်သုံးဆီဈေးနှုန်း ၂၄၅၀ ကျပ် ဝန်းကျန်ရှိနေပြီး တချို့ဆိုင်များတွင် ဆီများပြတ်နေကြောင်း နမ့်ခမ်းမြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“နမ့်ခမ်းမြို့မှာ မေလ ၂၁ ရက်နေ့က 92 ဆိုရင် ၂၆၅၀ ကျပ်၊ 95 ဆိုရင် ၂၆၈၀ ကျပ် ထိ ရှိနေတယ်၊ ပြီးတော့ မူဆယ်မြို့ ထိပ်က ရွှေရာဇာ ပန့်ဆီဆိုင်ကလည်း ဆီပြတ်နေပြီ၊ 92 နဲ့ 93 ပြတ်နေပြီ၊ ဆိုင်ကယ်တွေ အကုန်လုံးက 95 ထည့် ရတယ်၊ ဒီဇယ်တွေလည်း ဈေးနှုန်းတွေ တက်နေတယ်” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့် ကို ပြောသည်။

မူဆယ်မြို့မှ ရွှေရာဇာပန့်ဆီဆိုင်တွင် ဓါတ်ဆီ 92 နှင့် 93 တို့က ပြတ်လပ်နေပြီး လက်ကျန်ဆီဈေးနှုန်းများ ဈေးတက်နိုင်ဖွယ်ရှိပြီး မကြာမီရက်ပိုင်းအတွင်းစက်သုံးဆီများ ပြန်လည်ရောက်လာနိုင်မည်ဟု မျှော်လင့်ကြောင်း ဒေသခံပြည်သူများက ပြောဆိုနေကြသည်။

မြန်မာ-တရုတ်နယ်စပ် ဒေသတလျောက်တွင် ကိုဗစ်-၁၉ကူးစက်မှု မဖြစ်ပွားခင် တရုတ်ပြည်ဘက်မှ စက်သုံးဆီ တင်ပို့ခဲ့သော်လည်း ကိုဗစ်-၁၉ ဖြစ်ပွားပြီးနောက် တင်ပို့မှုမရှိခဲ့သည်မှာ တနှစ်ကျော်ကြာခဲ့ပြီဖြစ်ကြောင်း မူဆယ်မြို့မှ စက်သုံးဆီရောင်း၀ယ်သူများက ပြောသည်။

စက်သုံးဆီ

“တရုတ်ဘက်ကဆီတွေလည်း မြန်မာဘက် မပို့တာကြာပြီ၊ တစ်နှစ်ကျော်လောက်ရှိနေပြီ၊ ကိုဗစ်ရောဂါ ကြောင့် မြန်မာနဲ့ တရုတ်ဘက်က ကုန်သွယ်မှုတွေ ရပ်နားထားရကတည်းက ဆီတင်သွင်းမှုလည်း နားထားရတယ်၊ လာမယ်ဆိုရင်တောင် ကုန်ကျစားရိတ်တွေက အရမ်းကို များလွန်းတယ်၊ ပြီးတော့ တရုတ်ကနေ မြန်မာဘက်ပို့တဲ့ ကုန်တင်ယာဥ်တွေအကုန်လုံးက လနဲ့ချီပြီး တန်းစီစောင့်ရတာတွေကြောင့် ဆီတင်ယာဥ်တွေလည်း အဲ့လိုရပ်တန်းစီခန့်ဖို့ အဆင်မပြေလို့ တရုတ်ဘက်ဆီတွေ ဒီဘက် မလာတာ ကြာပြီ” ဟု စက်သုံးဆီရောင်းသူ တစ်ဦးက ပြောသည်။

ထို့အပြင် သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီးမြို့နှင့် တခြားသောမြို့များ တချို့မှာလည်း ဆီများပြတ်လပ်နေပြီး ပန့်အသေး ဆီဆိုင်ပိုင်ရှင်များက ပန့်ကြီးဆီဆိုင် နှင့် ကုမ္ပဏီများထံမှ ဆီများတစ်ဆင့် ဝယ်ယူပြီးရောင်းချနေရ ကြောင်းလည်း သတင်းသိရသည်။

“ပြောရမယ်ဆိုရင်လည်း မြန်မာနိုင်ငံမှာ အစိုးရကပေးတဲ့ ဆီဆိုင်မှတ်ပုံတင်လက်မှတ် မလုပ်ထားတဲ့ ပန့်ဆီဆိုင် အသေးလေးတချို့က ဆီပြန်ဝယ်ဖို့ခက်သွားတာပေါ့၊ ကုမ္ပဏီကြီးတွေ ပန့်ကြီးတွေဆီကနေ ပြန်ဝယ်ရတယ်” ဟု တောင်ကြီးမြို့မှ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ဖြစ်နေသည့် ဆီဈေးကွက်အခြေအနေများနှင့် ပက်သက်ပြီး သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှ ဆီဈေးကွက်ကို လေ့လာနေသည့် စီးပွားရေးလုပ်ငန်းရှင် လူငယ်တစ်ဦးမှ ပြည်တွင်းဒေါ်လာဈေးကို အစိုးရ ချုပ်ကိုင်မှု တင်းကြပ်မှုများကြောင့် ဖြစ်သည်ဟု ယူဆကြောင်း ပြောဆိုလိုက်သည်။

ထို့အပြင် ယင်းကဲ့သို့ ဆီဈေးနှုန်း မငြိမ်မသက်ဖြစ်နေမှုနှင့် ဈေးနှုန်းများ အဆမတန်မြင့်တက်နေသည့်အတွက် အခြေခံလူတန်းစားများအပြင် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုန်စည်စီးဆင်းမှုများလည်း ရပ်တန့်သွားနိုင်ကြောင်း ၎င်းကပြောသည်။

“ဆီမရှိဘူးဆိုရင်တော့ စက်ယန္တရားတွေရော အကုန်လုံးသူက ရပ်တန့်သွားရမှာ၊ ဥပမာ ဘက်ဖိုးတို့၊ ဘူဒိုဇာတို့၊ လယ်ထွန်စက်တို့ ဆိုတာက ပန့်ဆီဆိုင်မှာ သွားထည့်လို့မရဘူးလေ၊ အဲ့ဒါကြောင့် ပုံးတွေ၊ ပီပါတွေနဲ့ ဝယ်ရတာ၊ ဒါပေမဲ့ အခုက ပန့်တိုင်းလိုလိုမှာ ယာဥ်တွေကိုပဲ ထည့်ပေးတယ်၊ အဲ့လိုပုံးတွေနဲ့ ဝယ်မရတော့ခက်ခဲတာပေါ့” ဟု လားရှို့မှ လူငယ်တစ်ဦးကပြောသည်။

စက်ဆုံးဆီဈေးမြှင်တက်မှုနှင့် ဝယ်ယူရခက်ခဲမှုကြောင့် ‌ဆောက်လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများသည် လည်း အခက်အခဲနှင့် ရင်ဆိုင်နေရသလို ခရီးသည်တင်၊ ကုန်တင်ယာဉ်လုပ်ငန်းများလည်း အရှုံးပေါ်နေရသည့် အတွက် ဈေးနှုန်းများ တိုးမြှင့်ကောက်ခံနေရကြောင်းကိုလည်း သိရသည်။

စစ်အာဏာသိမ်းပြီးကာလမှ စတင်ပြီး နိုင်ငံရေးမတည်ငြိမ်မှုနှင့် ငွေဈေးကွက် မငြိမ်မသက်မှုများကြောင့် စက်သုံးဆီဈေးနှုန်းများ မြင်တက်လာသော်လည်း စစ်ကောင်စီဘက်မှ ဖြေရှင်းမှုမပေး၊ ပြည်သူ့အခက်အခဲ ကို မငဲ့ဘဲသည့်အပြင် စက်သုံးဆီချွေတာရန် အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်က ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ပြောဆိုခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

သျှမ်းတောင်တွင် စက်သုံးဆီဈေးကျဆင်းလာသော်လည်း ရပ်ကွက်၊ ကျေးရွာမှောင်ခို စျေးကွက်၌ ဈေးမြင့်နေဆဲ

0
သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ အောင်ပန်း၊ ပင်းတယနှင့် ရွာငံမြို့များတွင် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာသော်လည်း မှောင်ခိုစျေးကွက် ဆက်လက်စျေးမြင့်တက်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၁ ရက်မှစတင်၍ မြို့ပေါ်စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၅,၀၀၀ ဝန်းကျင်သာရှိလာပြီး လိုသလောက် ဝယ်ယူနိုင်သည့်အခြေအနေဖြစ်လာကြောင်း သိရသည်။ သို့သော် ရပ်ကွက်ထဲနှင့် ကျေးရွာအများစုတွင်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...