အင်းလေးဒေသ ကွာရန်တင်းစင်တာမှ မီးစက်နှင့် ဆက်စပ်ပစ္စည်းများ ခိုးယူ ဖျက်ဆီးခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသရှိ ဟဲယာရွာမကျေးရွာမြောက်ပိုင်းရှိ ကွာရန်တင်းစင်တာတစ်ခုမှ မီးစက်နှင့် ဆက်စပ်ပစ္စည်းများ ခိုးယူခြင်းခံရကြောင်း သတင်းသိရသည်။ ဟဲယာရွာမကျေးရွာရှိ အောင်ပင်လယ် အိမ်ဝန်းအတွင်းမှ ကွာရန်တင်းစင်တာ 10kv မီးစက် ဘထ္ထရီ များ အပါအဝင် စုစုပေါင်း သိန်း ၅၀ ကျော် တန်ဖိုးရှိသည့် ပစ္စည်းများ ခိုးယူခြင်းခံလိုက်ရ ကြောင်း...
တောင်ကြီးမြို့ ပြည်သူ့နေအိမ်တလုံးကို PNO တပ်ဖွဲ့ကဖျက်ဆီး
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အထက် (၄) မိုင် ဘုရား ၉ ဆူ ကျေးရွာ နေအိမ်တစ်ခုကို ပအို၀်း အမျိုးသားအဖွဲ့အစည်း (PNO )က စစ်ကောင်စီ နှင့် ပူးပေါင်းပြီး ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ မေလ ၂၈ ရက်နေ့က PNO တပ်သား ၊...
မူဆယ်မြို့ ပြည်သူ့စစ် လောင်းကစားဖွင့်လှစ်နေရာအနီး မီးလောင်မှုဖြစ်ပွား
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်ရှိ ပြည်သူ့စစ်လောင်းကစားရုံ များဖွင့်လှစ်သည့် နေရာ အနီးရှိ ဆင်ဖြူအိမ်ယာ ဝန်ထမ်းတန်းလျားများ အားလုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၉)ရက် ည ၈ နာရီဝန်းကျင်က မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး ပေ (၂၀၀) ကျော်ရှိသည့် ဝန်ထမ်းအိမ်ယာ...
ထိတွေ့တိုက်ပွဲမရှိတဲ့ ဖယ်ခုံမြို့နယ် စစ်ကောင်စီတို့မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်နေ
သျှမ်းပြည်တောင်ပိုင်းရှိ ကရင်နီပြည် နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ဖယ်ခုံမြို့နယ် အတွင်းတွင် စစ်ကောင်စီတို့ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းသိရသည်။ ယမန်နေ့ (မေလ ၂၉ )ရက် မနက်ပိုင်းတွင် ဖယ်ခုံမြို့နယ် လွယ်ပန်းစုံကျေးရွာသို့ လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Pekhon PDF တပ်ရင်း ၂...
ဖယ်ခုံ လွိုင်ပေါကျေးရွာအုပ်စု စစ်ကောင်စီ နှင့် PNO ၀င်မွှေ တန်ဖိုးကြီးပစ္စည်းများယူသွား
SHAN -
သျှမ်းတောင် ဖယ်ခုံမြို့နယ် လွိုင်ပေါကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် ပအို၀်းပြည်သူ့စစ် (PNO)တို့သည် ပြည်သူနေအိမ်များကို ၀င်ရောက်မွှေနှောက်ယူ ဖျက်ဆီးပြီး တန်ဖိုးကြီးပစ္စည်းများ ယူဆောင်သွားကြောင်း စုံစမ်းသိရသည်။ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့သည် မေ ၁၂ရက် နံနက်ပိုင်းမှ စတင်ကာ ဖယ်ခုံမြို့နယ်အတွင်း တိုက်လေယာဥ်သုံးကာ ပစ်ခတ်ခဲ့ပြီးနောက် ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထိုထွက်ပြေးတိမ်းရှောင်လာပြီးနောက် လွန်ခဲ့သည့် ရက်တပတ်အတွင်း စစ်ကောင်စီ...
လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှု ဆိုသည်မှာ
စစ်တပ်က အာဏာသိမ်းပြီး (၁) နှစ်ကျော် ကာလအတွင်းမှာ ပြည်သူလူထုများ၏ ကျေးရွာတွေမှာ မီးရှို့ဖျက်ဆီးတာတွေ၊ ဒေသခံ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ၊ ဘာသာရေးကျောင်းတွေကို ဖျက်ဆီးတာတွေ အများအပြား ပြုလုပ်လာခဲ့ပါတယ်။ ဘာသာရေးဖျက်ဆီးခြင်း ဆိုသည်မှာ ပြည်သူလူထုတို့ ကိုးကွယ်ရာ ဘုရားကျောင်းများကို စစ်တပ်က စခန်းချတာတွေ၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်တာတွေ၊...
နမ့်စန်မြို့ ပြည်သူ့စစ်များဖွင့်လှစ်သည့် လောင်းကစားပွဲ မြန်မာပြည်အဆိုတော်များခေါ်ဆို
SHAN -
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် ဌာနေပြည်သူ့စစ်များ ဦးစီးဖွင့်လှစ်သည့် လောင်းကစားပွဲတွင် မြန်မာပြည်မှာ နာမည်ကြီးအဆိုတော်များကို ခေါ်ဆိုကြောင်း စုံစမ်းသိရသည်။ လက်ရှိ နမ့်စန်မြို့နယ်အတွင်း ပြုလုပ်နေသည့် လောင်းကစားပွဲများကို နားရိုင်းပြည်သူ့စစ်၊ ပန်လျန်းဆိုင်ပြည်သူ့စစ် နှင့် SSS ပြည်သူ့စစ် တို့ ဦးဆောင်ပြီး ဖွင့်လှစ်ကာ နာမည်ကြီးအဆိုတော် နီးနီခင်ဇော်၊ ၀ေလ၊ သာဒီးလူ၊၀န...
တောင်ကြီးခရိုင် PNO/PNA မှ သျှမ်းလူမျိုးအပါအ၀င် စစ်သားသစ်စာရင်း လိုက်လံကောက်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်းရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ပအိုဝ်းအမျိုးသား တပ်မတော် (PNO/PNA) တို့မှ သျှမ်းလူမျိုးအပါအဝင် အရပ်သားပြည်သူ လူငယ်များ စစ်သားလုပ်ရန် ညွှန်ကြား စေခိုင်းမှုများ ရှိနေကြောင်း သတင်းသိရသည်။တောင်ကြီးခရိုင်အတွင်းရှိ ဆီဆိုင်မြို့နယ် နှင့် ဟိုပုံးမြို့ အတွင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို PNO အဖွဲ့မှ အစည်းအ၀ေးခေါ်ဆိုကာ...
နိုင်ငံခြားသားများ လောင်းကစားဂိမ်းထဲ ရင်းနှီးမြှုပ်နှံလာရန် အတွက် ၀န်ထမ်းခေါ်
SHAN -
ယခုရက်ပိုင်း သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ အတွင်းရှိ လောင်းကစားရုံတွင် တရုတ်စကား နှင့် အင်္ဂလိပ်စာ တတ်ကျွမ်းရမည်ဖြစ်ပြီး နိုင်ငံခြားသားများ လောင်းကစားဂိမ်းတွင် ရင်းနှီးမြှုပ်နှံလာအောင် အလုပ်ခေါ်နေကြောင်း စုံစမ်းသိရသည်။ထိုအလုပ်ခေါ်စာထဲတွင် လောက်ကိုင်မြို့မှာ အလုပ်လုပ်ရမည် ဖြစ်ပြီး၊ အသက် ၁၈ နှစ်မှ အသက် ၄၀အရွယ် ထိဖြစ်ပြီး အင်္ဂလိပ်စကားတတ်ကျွမ်းပါက...
မူဆယ်မြို့နယ် ဈေးအတွင်း လမ်းကျူးကျော်ရောင်းသူများ စည်ပင်အခွန်တိုးကောက်
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် အမှတ် (၂) ဈေးအတွင်း လမ်းကျူးကျော်ရောင်းသူများကို စည်ပင်က အခွန်တိုးကောက်မှုပြုလုပ် ကြောင်း သတင်းပေးပို့ချက်အရ သိရသည်။ဧပြီလမှ စပြီး စည်ပင်ကော်မတီမှ အသိပေးထားခြင်းမရှိဘဲ ဈေးအတွင်းရှိ လမ်းကျူးကျော်ရောင်းသူများကို အခွန်တိုးကောက်လာကြောင်း သိရသည်။“ ဆိုင်ခန်းရှေ့မှာ ခုံတင်ပြီးတော့ ရောင်းတာကို တိုးကောက်တာပါ။ အရင်က ၂၀၀၀...





