နမ့်စန်မြို့ ပြည်သူ့စစ်များဖွင့်လှစ်သည့် လောင်းကစားပွဲ မြန်မာပြည်အဆိုတော်များခေါ်ဆို

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် ဌာနေပြည်သူ့စစ်များ ဦးစီးဖွင့်လှစ်သည့် လောင်းကစားပွဲတွင် မြန်မာပြည်မှာ နာမည်ကြီးအဆိုတော်များကို ခေါ်ဆိုကြောင်း စုံစမ်းသိရသည်။

နမ့်စန် လောင်းကစားပွဲတွင် သီချင်းလာဆိုသည့် နီနီခင်ဇော်

လက်ရှိ နမ့်စန်မြို့နယ်အတွင်း ပြုလုပ်နေသည့် လောင်းကစားပွဲများကို နားရိုင်းပြည်သူ့စစ်၊ ပန်လျန်းဆိုင်ပြည်သူ့စစ် နှင့် SSS ပြည်သူ့စစ် တို့ ဦးဆောင်ပြီး ဖွင့်လှစ်ကာ နာမည်ကြီးအဆိုတော် နီးနီခင်ဇော်၊ ၀ေလ၊ သာဒီးလူ၊၀န ၊ဟန်ထွန်း၊ သအို နှင့် အတူ Mercury 9 Band တို့ က တီးခတ်ဖျော်ဖြေမည် ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ လောင်းကစား၀ိုင်းကတော့ လုပ်နေတာကြာပြီ။ နာမည်ကြီးအဆိုတော်ကိုခေါ်တာတော့ ၂လပိုင်းကတည်းစခေါ်တယ်။ အခုရက်ပိုင်းနီနီခင်ဇော်၊ ၀န၊ သအို၊ ဟန်ထွန်းတို့ အဖွဲ့၊ အဆိုတော် တယောက်ကို ၃ညစီ ဆိုပါတယ်။ ပြည်သူ့စစ်နဲ့ စကစ ပေါင်းလုပ်တာပါ” ဟု နာမည်မဖော်လိုသည့် နမ့်စန်ဒေသခံ အသက် ၃၅နှစ်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်စန်မြို့နယ်အတွင်းကျင်းပမည့် လောင်းကစားပွဲသည် ၀ါတွင်းကာလ (၃)လ မှ လွဲပြီး ရက်ရှည် လရှည်ဖွင့်လှစ်ရန် စီစဥ်ထားကြောင်း လည်းသိရသည်?

နမ့်စန်လောင်းကစားပွဲတွင် သီချင်းလာဆိုသည့် အဆိုတော် ၀ေလ

“ အခုလက်ရှိက ရပ်ကွက် ၄ မှာ ပွဲလုပ်နေတယ်။ သူတို့ဖွင့်လာတာ ၂ လကျော်လောက်ရှိနေပြီ။ ပြည်သူ့စစ်တွေက ဦးဆောင်ပြီးဖွင့်ပေးနေတာ။ သူတို့လှုပ်ရှားတဲ့နေမြေတွေ မှာ ဖွင့်ပေးတာ။ နာရိုင်း ပြည်သူ့စစ်တွေ ထိန်းချုပ်တဲ့နယ်မြေမှာ အလှည့်ကျဖွင့်တာ” ဟု နမ့်စန်မြို့ အသက်၄၀ကျော် အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် နမ့်စန်မြို့တွင် လောင်းကစားရုံ အများအပြားဖွင့်နေပြီး တစ်နေရာ နှင့် တစ်နေရာမတူညီသည့်အပြင် တစ်ချို့နေရာများတွင် လချီကြာဖွင့်လှစ်ကြောင်း သိရသည်။

“ နာရိုင်းပြည်သူ့စစ်တို့ ဦးဆောင်တဲ့ လောင်းကစားဆိုရင် တစ်ရွာပြီးတစ်ရွာ လုပ်သွားတာ။ ပန်လျန်းဆိုင် ပြည်သူ့စစ်တို့လည်းအတူတူပဲ။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာဆိုရင် ဝါတွင်းက လွဲလို့ ဖွင့်နေတာပဲ။ သူတို့မဖွင့်တာဆိုရင် ၃ လပဲရှိတယ်” ဟု ဒေသခံ အမျိုးသားက ပြောသည်။

ထို့ပြင် လက်တလော လောင်းကစားရုံများကို ၂၄ နာရီဖွင့်လှစ်ထားပြီး လောင်းကစားသွားဆော့သည့် သူ အများစုသည် လူငယ် များဖြစ်ကြောင်းသိရသည်။

“ သူတို့ဖွင့်ထားတဲ့ လောင်းကစားက အားတဲ့ချိန်တိုင်းသွားဆော့လို့ရတယ်။ နေ့ကော ညကောသွားဆော့လို့ရတယ်။ မြို့ထဲမှာဆိုရင် လူလည်း အမြဲစည်ကားတယ်။ ရွာဘက်မှာတော့ လကွယ်၊ လပြည့်ညပဲ စည်တယ်။ ရဲတွေ ၊ စစ်တပ်တွေလည်းလောင်းကစားသွားတဲ့သူကို လွတ်လွတ်လပ်လပ်ထားထားပေးတယ်” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်းမှာ လောင်းကစားရုံများကို ဌာနေပြည်သူ့စစ်၊ စစ်ကောင်စီ အုပ်စုပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်လာသည်။ ထိုကဲ့သို့ လောင်းကစားရုံများကို နေ့ရာတိုင်းလွတ်လပ်စွာ ဖွင့်လှစ်လာသည့်နောက်ပိုင်းတွင် ပြည်သူများ၏ လုံခြုံရေးလည်း ယိုယွင်းပျက်စီးလာကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...