တောင်ကြီးမြို့ ပြည်သူ့နေအိမ်တလုံးကို PNO တပ်ဖွဲ့ကဖျက်ဆီး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အထက် (၄) မိုင် ဘုရား ၉ ဆူ ကျေးရွာ နေအိမ်တစ်ခုကို ပအို၀်း အမျိုးသားအဖွဲ့အစည်း (PNO )က စစ်ကောင်စီ နှင့် ပူးပေါင်းပြီး ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

တောင်ကြီး ပြည်သူအိမ် PNO ဖျက်ဆီး

မေလ ၂၈ ရက်နေ့က PNO တပ်သား ၊ စစ်သား နှင့် ရဲတို့က ဘုရား (၉) ဆူ ကျေးရွာအတွင်း ရှိနေအိမ်တစ်ခုကို အတင်းအဓမ္မ ဝင်ရောက် ဖျက်ဆီးသွားခဲ့ကြောင်းသိရသည်။

လာရောက်ဖျက်ဆီးချိန်တွင် အိမ်တွင်းရှိ ပစ္စည်းများကို ဖြစ်သလို ကားပေါ်တင်ပေးပြီး နေအိမ်ကို တိုင်တစ်တိုင် မချန် ဖျက်ဆီးပစ်လိုက်ကြောင်း အိမ်ရှင်ပြောပြချက်အရသိရသည်။ လာရောက်ဖျက်ဆီးချိန်တွင် စစ်အင်အား (၅၀) ပါဝင်ရှိကြောင်း သိရသည်။

“ သူတို့လာဖျက်ဆီးတုန်းက စစ်အင်အား (၅၀) လောက်ရှိတယ်။ သူတို့ဖျက်ဆီးတာကို ဗီဒီယို ရိုက်မယ်လို့ပြောထားပြောတာကို မရဘူး။ ရိုက်ရင် သူတို့ဖမ်းမယ်။ ပစ်မယ်လို့လည်း ကျမတို့ကို ခြိမ်းခြောက်တယ်။ ပစ္စည်းကိုလည်း ဖြစ်သလိုပဲ ကားပေါ်တင်ပေးလိုက်တယ်။ လူမနေတဲ့ နေရာတစ်နေရာမှာ ကျမတို့ ပစ္စည်းကို သွားချပေးလိုက်တယ်။ အိမ်လည်းနေလို့မရအောင် ဖျက်လိုက်တာ” ဟု အိမ်ဖျက်ဆီးခံလိုက်ရသည့် အမျိုးသမီးက ပြောသည်။

အဆိုပါ နေအိမ်ကိုလည်း အိမ်ရှင်ကိုယ်တိုင် ဖျက်ဆီးပေးရန်အတွက် ပိုက်ဆံ (၄) သိန်းနှင့် လာရောက်ညှိနှိုင်းသွားခဲ့ပြီး၊ အိမ်ရှင်က လက်မခံသည့်အတွက် PNO တပ်သားများက ၎င်းတို့၏ နေအိမ်ကို လာရောက် ဖျက်ဆီးပစ်လိုက်ကြောင်းသိရသည်။

ထိုနေအိမ်သည် (၄) ဧက ကျယ်ဝန်းပြီး နှစ်ပေါင်း (၃၀) ကျော် နေထိုင်လာခဲ့ပြီး PNO တပ်ဖွဲ့သည် ထိုခြံကို လိုချင်ခဲ့သည်မှာ နှစ်ပေါင်း (၂၀) ကျော်ရှိလာပြီဖြစ်ကြောင်း အိမ်ဖျက်ခံရသည့် အိမ်ရှင်က ပြောသည်။

“ ဒါက ကျမတို့ ဘိုးဘွားကတည်းနေလာတဲ့အိမ်ဖြစ်တယ်။ နေလာတာလည်း နှစ်ပေါင်း (၃၀) ကျော်ရှိနေပြီး။ သူတို့က ကျမတို့အိမ်နဲ့ ပြသာနာဖြစ်လာနေတာ နှစ်ပေါင်း (၂၀) ရှိနေပြီး။ ကျမတို့က မထွက်ပေးတော့ အခုသူတို့ ဒီလိုလုပ်တာ။ စစ်တပ်နဲ့ ပေါင်းပြီးတော့ ရုံးတက်ပြီးတော့ ကျမတို့အိမ်ကို သိမ်းလိုက်တာပါ။ အခုဆို ကျမတို့ ဆွေမျိုးအိမ်မှာသွားနေနေရတယ်” ဟု အိမ်ရှင်က ထပ်ပြောသည်။

ဖျက်ဆီးခံလိုက်ရသည့် နေအိမ်သည် ဘိုးဘွားနယ်မြေဖြစ်ပြီး၊ လယ်ယာပိုင်ဆိုင်သည့် လက်မှတ်မရှိကြောင်း၊ တိုင်းရင်းသားနယ်မြေများတွင် လယ်ယာပိုင်ဆိုင်မှု လက်မှတ်များမရှိကြသော်လည်း နားလည်မှုဖြစ်တာ နေလာခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်သည်။

ထိုပိုင်ဆိုင်မှု မရှိသည်ကို အစိုးရ ၊အာဏာရှင်များ၊ လက်နက်ကိုင်တပ်ဖွဲ့များက အခွင့်ကောင်းယူကာ သိမ်းယူလေ့ရှိကြသည်။

PNO တပ်ဖွဲ့သည် ဆီဆိုင်မြို့နယ် ၊ ဟိုပုံးမြို့နယ် အတွင်းရှိ ကျေးရွာများကို တပ်သားများကောက်ယူနေပြီး ငွေကြေးတောင်းယူမှုများလည်းရှိနေကြောင်း သိရသည်။

ထိုအပြင် ယခုရက်ပိုင်း တောင်ကြီးမြို့နယ်အထိ တပ်သားများကို ကောက်ယူလာခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...