Tuesday, January 27, 2026

အင်းလေးဒေသ ကွာရန်တင်းစင်တာမှ မီးစက်နှင့် ဆက်စပ်ပစ္စည်းများ ခိုးယူ ဖျက်ဆီးခံရ

သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသရှိ ဟဲယာရွာမကျေးရွာမြောက်ပိုင်းရှိ ကွာရန်တင်းစင်တာတစ်ခုမှ မီးစက်နှင့် ဆက်စပ်ပစ္စည်းများ ခိုးယူခြင်းခံရကြောင်း သတင်းသိရသည်။

ခိုးခံရတဲ့ပစ္စည်း

ဟဲယာရွာမကျေးရွာရှိ အောင်ပင်လယ် အိမ်ဝန်းအတွင်းမှ ကွာရန်တင်းစင်တာ 10kv မီးစက် ဘထ္ထရီ များ အပါအဝင် စုစုပေါင်း သိန်း ၅၀ ကျော် တန်ဖိုးရှိသည့် ပစ္စည်းများ ခိုးယူခြင်းခံလိုက်ရ ကြောင်း သိရသည်။

“ခိုးယူခံလိုက်ရတယ်ဆိုတာ မနေ့ကမှ သိလိုက်ရတာပါ၊ ခိုးသွားတာတော့ တစ်ပတ်လောက်ရှိနေပြီ၊ 10 KV မီးစက်ထဲက ဘက်ထရီနှစ်လုံး၊ KL 20 ဒိုင်နမိုထဲက ကွိုင် နဲ့ မီးအားမြင့် စက်က ကွိုင်ပစ္စည်းတွေ၊ မီးကြိုးတွေ ခိုးယူသွားပါတယ်၊ စုစုပေါင်း သိန်း ၅၀ ကျော်တန်ဖိုးရှိတယ်” ဟု အောင်ပင်လယ် အိမ်ဝန်းနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟဲယာရွာမကျေးရွာအတွင်း ကိုဗစ်ဖြစ်ပွားမှုနှုန်း လျှော့ကျလာသည့်အတွက် ကွာရန်တင်းစင်တာမှာလည်း လူမရှိသည့်အချိန်တွင် ခိုးယူခြင်းခံလိုက်ရကြောင်း သိရသည်။

ဟဲယာရွာမ ကျေးရွာသည် ရပ်ကွက်ပေါင်း ၁၂ ရပ်ကွက်ရှိနေပြီး အစိုးရ ကွာရန်တင်းစင်တာ ဆေးရုံဆေးခန်းနှင့် ကိုဗစ်ဖြစ်ပွားမှု မြင့်တက်လာသည့် ကာလအတွင်း ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက နှင့် NGO များ၏ ကွာရန်တင်းစင်တာ များလည်းရှိနေကြောင်း သိရသည်။

လက်ရှိ ဟဲယာရွာမကျေးရွာအတွင်းတွင် စစ်ကောင်စီလက်အောက်ခံ ရဲ နှင့် စစ်သားများ သွားလာလှုပ်ရှားမှု ရှိနေပြီး ခိုးယူပျောက်ဆုံးမှုများလည်း မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...