လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှု ဆိုသည်မှာ

စစ်တပ်က အာဏာသိမ်းပြီး (၁) နှစ်ကျော် ကာလအတွင်းမှာ ပြည်သူလူထုများ၏ ကျေးရွာတွေမှာ မီးရှို့ဖျက်ဆီးတာတွေ၊ ဒေသခံ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ၊ ဘာသာရေးကျောင်းတွေကို ဖျက်ဆီးတာတွေ အများအပြား ပြုလုပ်လာခဲ့ပါတယ်။

ဘာသာရေးဖျက်ဆီးခြင်း ဆိုသည်မှာ ပြည်သူလူထုတို့ ကိုးကွယ်ရာ ဘုရားကျောင်းများကို စစ်တပ်က စခန်းချတာတွေ၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်တာတွေ၊ ရည်ရွယ်ချက် ရှိရှိဖြင့် ဖျက်ဆီးတာတွေ ရှိခဲ့ပါတယ်။

ဖျက်ဆီးခံရသော ကက်သလစ်မယ်တော်

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ဟာဆိုရင် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားတဲ့ ဒေသတစ်ခုဖြစ်ပြီး အဲ့ဒီဒေသတွေမှာ (PNO/PNA) တို့ လှုပ်ရှားရာ နယ်မြေတစ်ခုလည်းဖြစ်ပါတယ်။

ပင်လောင်းမြို့နယ်ထဲမှာ ဆိုရင် သျှမ်း၊ ပအို၀်း၊ ဓနု နဲ့ ကယန်းတိုင်းရင်းသားတွေနေထိုင်ပါတယ်။ အဲ့ထဲမှာတော့ ကယန်းတိုင်းရင်းသားတွေက လူနည်းစုသာ နေထိုင်ပါတယ်။

ကယန်းတိုင်းရင်းသားတွေဟာ တတန်ကူးကျေးရွာမှာ နေထိုင်ကြပြီး၊ အဲ့ဒီရွာက ပင်လောင်းမြို့နဲ့ ကားနဲ့ဆိုရင် (၃) နာရီလောက် မောင်းရပါတယ်။

ဖျက်ဆီးခံရသော ကက်သလစ်မယ်တော်

ကယန်းတိုင်းရင်းသားတွေဟာ ကက်သလစ် ဘာသာကို ကိုးကွယ်ယုံကြည်ကြသူတွေဖြစ်တဲ့အလျောက် အဲ့ဒီ ကျေးရွာမှာဆိုရင် ကက်သလစ် ဘုရားကျောင်းတကျောင်းရှိပြီး ကိုးကွယ်ယုံကြည်တဲ့ မယ်တော်ရုပ်ထု တစ်ခုကိုလည်း တည်ဆောက်ထားပါတယ်။

အဲ့ဒီ မယ်တော်ရုပ်ထုဟာဆိုရင် တတန်ကူးကျေးရွာ နဲ့ (၁) မိုင်ခန့်အကွာမှာ တည်ထားပြီး မယ်တော်ရုပ်ထု  ပတ်ဝန်းကျင်အနီးနားမှာ အေးချမ်းသာယာတဲ့ ဟားရေတံခွန် တစ်ခုရှိပါတယ်။

မယ်တော်ရုပ်ထု ပထမအကြိမ် ဖျက်ဆီးခံရခြင်း

တတန်ကူးကျေးရွာ နဲ့ (၁) မိုင်ခန့်အကွာမှာ ရွာသားအများစုက (၂၀၁၉) ခုနှစ် မေ (၁၇) ရက်မှာ ကက်သလစ်တို့ ကိုးကွယ်ယုံကြည်တဲ့ မယ်တော်ရုပ်ထုကို စတင်တည်ခဲ့ပါတယ်။

မယ်တော်ရုပ်ထု တည်ထားပြီးနောက်ပိုင်း ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်ဖွဲ့တို့က အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ထားလိုက်ပါတယ်။

အဲ့လို သတ်မှတ်လိုက်ပြီးနောက်မှာတော့ ဒေသခံ ပြည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်မှု မရှိဘဲ၊ အဲ့နေရာကို စခန်းချ နေထိုင်လိုတာတွေ ဖြစ်တဲ့အတွက် ဒေသခံတွေနဲ့ အငြင်းပွားမှုတွေလည်းဖြစ်ခဲ့ပါသေးတယ်။

ဖျက်ဆီးခံရသော ကက်သလစ်မယ်တော်

“ပထမအကြိမ်တုန်းက မယ်တော်ရုပ်ထုကို လက်တွေရိုက်ချိုးပြီး နှာခေါင်းတွေ မျက်စိတွေကိုလည်း ဖျက်ဆီးပစ်တယ်။ အဲ့နယ်မြေက သူတို့ပိုင်ချင်တာထင်တယ်” လို့ အသက် ၃၅ နှစ်အရွယ်ရှိ ဒေသခံအမျိုးသား က  ဖြစ်ပျက်ခဲ့တာကို ပြန်ပြောပြပါတယ်။

မယ်တော်ရုပ်ထုသည် ပာားရေတံခွန်အနီးမှာ တည်ရှိတဲ့အတွက် မယ်တော်ရုပ်ထုနေရာကို PNO တပ်ဖွဲ့က ရလိုတဲ့စိတ်ကြောင့် လာရောက်ဖျက်ဆီးလိုက်ကြောင်း ဒေသခံတွေက မှတ်ချက်ပြုကြပါတယ်။

“အဓိက ပြဿနာက ဒေသခံတွေကို ဆွေးနွေးမှုမရှိပဲနဲ့ သူတို့အမျိုးသား ဥယျာဉ်ခြံဆိုပြီးတော့မှ သတ်မှတ်လိုက်တယ်။ ၂၀၁၉ ခုနှစ် လပိုင်းလောက်ပဲခြားတယ် မယ်တော်ရုပ်ထုတည်တာနဲ့ အဲ့ကနေ ပြဿနာက စတာပဲ” လို့ အမည်မဖော်လိုသူ ဒေသခံ အမျိုးသမီး တစ်ဦး ကပြောပါတယ်။

စစ်ကောင်စီက ပြည်သူနေအိမ်များကို ၀င်ရောက်မွှေနှောက်

နိုင်ငံရေး အရ၊ စစ်ရေးအရ အဓမ္မသိမ်းပိုက်လိုက်တာဟာ  ဘာသာရေး လက္ခဏာအရ အဓမ္မအနိုင်ကျင့်တာမျိုးဖြစ်သွားကြောင်း  ဗုဒ္ဓဘာသာ ဆရာတော် တစ်ပါးဖြစ်တဲ့ ၀ါရှောင်ဆရာတော် က မိန့်ကြားလိုက်ပါတယ်။

“လက်ရှိအခြေအနေက နိုင်ငံခေါင်းဆောင်က နိုင်ငံခေါင်းဆောင်လို့အမည်ခံနေတဲ့ ပုဂ္ဂိုလ်တွေက ခဏက ပြောသလို ဘာသာရေး ကဏ္ဍပိုင်းကိုလည်း သူတို့က လေးစားသလိုလည်းပြောတယ်။ အမျိုးဘာသာ သသာနာစောင့်ရှောက်တယ်လို့ ပြောတယ်။ ဒါပေမယ့် တစ်လွဲစီဖြစ်နေတယ်”လို့ ၀ါရှောင်ဆရာတော်က ထောက်ပြ မိန့်ကြားလိုက်ပါတယ်။

တတန်ကူးကျေးရွာသို့ စစ်ကောင်စီ စစ်ကြောင်း စတင်ဝင်ရောက်လာ

၂၀၂၂ ခုနှစ် မေလ (၃) ရက်မှာ စစ်ကောင်စီ နဲ့ (PNO/PNA) တို့ ပူးပေါင်းတပ်အင်အား (၈၀) ခန့်ဟာ တတန်ကူးကျေးရွာအတွင်း စစ်ကြောင်းဝင်လာခဲ့ပြီး၊ ဒေသခံတွေ တောထဲသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြပါတယ်။

ဒါပေမယ့် တောထဲထွက်ပြေးဖို့အတွက် အချိန်မရလိုက်တဲ့ အသက် (၄၀) ကျော် အမျိုးသားတစ်ယောက်ကိုတော့ စစ်ကောင်စီ ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။

စစ်ကောင်စီက ပြည်သူနေအိမ်များကို ၀င်ရောက်မွှေနှောက်

“တောထဲမှာ တိမ်းရှောင်နေရတယ်။ ရှောင်လို့မမှီလိုက်တဲ့ ရွာသား (၁) ယောက်ကို ဖမ်းပြီး လမ်းပြခိုင်း လိုက်တယ်” လို့ တတန်ကူးကျေးရွာ ဒေသခံ အမျိုးသားတစ်ဦး က အတိတ်က ဖြစ်ပျက်တာကို ပြန်ပြောပြနေပါတယ်။

ဖမ်းဆီးခြင်းခံရတဲ့ အမျိုးသားတစ်ဦးကိုတော့ စစ်ကောင်စီဘက်က ရိုက်နက်တာတွေ တိုက်ပွဲဖြစ်ပွားတဲ့ နေရာ‌ ပေါင်းလောင်းမြို့သစ် တံတားအနီးထိ လမ်းပြရပြီးမှ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

မေ (၁) ရက်နေ့က ပေါင်းလောင်းကျေးရွာမှာ စစ်ကောင်စီ နဲ့ PDF များ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့  တတန်ကူးကျေးရွာထဲမှာ PDF တွေရှိတယ်ဆိုတဲ့  ထင်မှတ်ချက်ကြောင့် စစ်ကောင်စီအုပ်စု ဟာ  ကျေးရွာအတွင်းသို့၀င်လာပြီး ဘုရားကျောင်းတွေ၊ လူနေအိမ်တွေကို ဝင်ရောက် မွှေနှောက်ခဲ့ပါတယ်။

“ကျနော်တို့ ကျေးရွာအနီး တိုက်ပွဲဖြစ်တာတွေရှိတယ်။ အဲ့ဒါကို ကျနော်တို့ရွာမှာ PDF တွေရှိလို့ဆိုပြီး သံသယစိတ်နဲ့ သူတို့လာတယ်။ အခုထက်ထိ ရွာသားတွေ စိုးရိမ်တဲ့စိတ်နဲ့ နေနေရတယ်။ သတိနဲ့ နေရတယ်။ အမြဲတမ်းသတိနဲ့ နေနေရသေးတယ်။ သူတို့က ဘယ်ချိန်ပြန်လာမလဲဆိုတာ သတိထား နားစွင့်နေရတယ်” လို့ အသက် ၃၅ နှစ်အရွယ် အမျိုးသားက ပြောပါတယ်။

မယ်တော်ရုပ်ထုနှစ်ကြိမ်မြောက် ဖျက်ဆီးခံရခြင်း

အာဏာမသိမ်းခင်ကတည်းက PNOနဲ့ ကယန်းတိုင်းရင်းသားတွေကြား ကက်သလစ် မယ်တော်ရုပ်ထုကိစ္စ ရှုပ်ထွေးမှုရှိနေပြီးသားပါ။

ကက်သလစ် မယ်တော်ရုပ်ထုကို ဖျက်ဆီးလိုက်တဲ့အပြင် ကက်သလစ် ဘုန်းတော်ကြီးကိုလည်း သစ်တောကျူးကျော်မှုနဲ့ ပတ်သက်ပြီး PNO က တရားစွဲထားသေးပါတယ်။

အခုလို လုပ်ရပ်က  လူသားမဆန်တဲ့ လုပ်ရပ်မျိုးဖြစ်ပြီး သက်ဝင်ယုံကြည်တဲ့ ဘာသာတရားရဲ့ သွန်သွင်ဆုံးမမှုအတိုင်း တရားသဘောနဲ့ အညီ စီရင်ချက်မျိုး ထပ်တူခံစားရပါစေလို့ ဆုတောင်းပေးကြောင်း ကက်သလစ် ဘုန်းတော်ကြီး တစ်ပါးက ပြောပါတယ်။

စစ်ကောင်စီက ပြည်သူနေအိမ်များကို ၀င်ရောက်မွှေနှောက်

“ကျူးလွန်သူတွေ သက်၀င်ယုံကြည်တဲ့ ဘာသာရဲ့ပုံရိပ် ကိုထိခိုက်စေတယ်။ ကိုယ်စားပြုတဲ့ အစုအဖွဲ့ကိုထိခိုက်စေတယ်။ နိုင်ငံရဲ့ပုံရိပ်ကိုဖျက်ဆီးတယ်လို့မြင်ပါတယ်။ ကိုယ့်ဘာသာဘဲမဟုတ်ဘူး။ ဘာသာရေး အဆောက်အဦးတွေ၊ ဆင်းတုရုပ်တုတွေကို ဖျက်ဆီးတာဟာလုံး၀ လူမှုကျင့်၀တ်မရှိတဲ့ အရိုင်းအစိုင်းတွေပါလို့ပြောချင်ပါတယ်” လို့ ကက်သလစ်ဆရာတော်က ဆိုပါတယ်။

“ဘယ်ဘာသာမဆို ဒီလိုမျိုးဖျက်ဆီးတာတော့ ကြိုက်မှာမဟုတ်ဘူး။ ဘာသာရေးလွတ်လပ်ခွင့်ဆိုတဲ့ဟာလည်း သူတို့ ပေါ်ပေါ်တင်တင်ချိုးဖောက်သွားတယ်။ လက်တွေ့အကောင်အထည်ဖော်ပြသွားတယ်” ဟု ကက်သလစ် ဘာသာ ကိုးကွယ်သူ အမျိုးသမီး တစ်ဦးကပြောပါတယ်။ 

အခုလို ပြုလုပ်တဲ့ ကိစ္စ ဟာ လူနည်းစုတွေနေထိုင်တဲ့နေရာ လူနည်းစုတွေ ကိုးကွယ်တဲ့ဘာသာတရားကို ဖိအားပေးလုပ်တာတွေ နိုင်ထက်စီးနင်း လုပ်တာတွေဟာ မကောင်းကြောင်း၊ မလေးစားရာရောက်ကြောင်း လည်း သူမက ထောက်ပြပြောဆိုလိုက်ပါတယ်။

တတန်ကူးကျေးရွာ မှာနေထိုင်တဲ့ ပြည်သူတွေဟာ   စစ်ကောင်စီတပ်ဖွဲ့ကို ကြောက်ရတဲ့အပြင် ပအိုဝ်းပြည်သူ့စစ် တွေကိုပါ  ကြောက်လန့်နေရတယ်။

“ခုထက်ထိ ရွာသားတွေက စိုးရိမ်မကင်းနဲ့ နေနေရတယ်။ တောင်ယာလုပ်ဖို့ဆိုလည်း စိတ်မသန့်ကြဘူး။ ဘယ်ချိန်ရောက်လာမလဲဆိုတာ သတိထားရတယ်။ စိုးရိမ်တကြီးနဲ့ အလုပ်လုပ်ဖို့ စိတ်မဖြောင့်ကြဘူး။ ရွာမှာတောင်မှ ဒီလို လုံလုံခြုံခြုံနဲ့ မနေရဘူး” လို့ ကယန်းအမျိုးသမီး တစ်ဦးက လက်ရှိ အနေအထား ကို ပြောပါတယ်။

စစ်ကောင်စီက ပြည်သူနေအိမ်များကို ၀င်ရောက်မွှေနှောက်

မြန်မာနိုင်ငံ စစ်ပွဲပဋိပက္ခအတွင်း စစ်ကောင်စီတပ်ဘက်က မီးလောင်ပျက်စီးသွားတဲ့ ခရစ်ယာန်ဘာသာရေး အဆောက်အဦးပေါင်း (၇၀) ကျော် သွားပြီလို့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA က ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂမှ ထုတ်ပြန်ကြေညာထားသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်၊ ထုတ်ဖော်ပြောဆိုခွင့် နဲ့ လွတ်လပ်စွာ အသင်းအဖွဲ့ ဆောင်ရွက်ခွင့်များဟာ နိုင်ငံရေး အခွင့်အရေး အရေးပါသော၊ အခြေခံကျသော အခွင့်အရေးများအဖြစ် ဖော်ပြထားပါတယ်။

လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဟာ လူသားတစ်ဦးချင်းစီရဲ့ အခြေခံ အခွင့်အရေး ဖြစ်ရုံသာမက နိုင်ငံရဲ့ ဒီမိုကရေစီရေး နဲ့ စီးပွားရေး၊ နိုင်ငံသားများ၏ သာယာဝပြောရေး နဲ့ တိုင်းသူပြည်သားတွေရဲ့ တည်ငြိမ်အေးချမ်းရေးအတွက်ပါ မရှိမဖြစ် လိုအပ်တယ်လို့ ကုလသမဂ္ဂ ကြေညာစာတမ်းမှာ ဖော်ပြထားပါတယ်။

“ လွတ်လပ်စွာ ကိုးကွယ်မှုဆိုတဲ့နေရာမှာတော့ ကျနော်တို့ ဒေသအတွက် မမှန်ကန်ပါဘူး။ အင်းအားကြီးတဲ့လက်နက်ကိုင်တွေလုပ်သမျှ ကျနော်တို့ မတော်လှန်သရွေ့တော့ ဆက်ခံနေရအုံးမှာပါ” လို့ အသက် ၃၅နှစ်အရွယ်ရှိ ကယန်းတိုင်းရင်းသား က ပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်တွင်း စိုးရိမ်ဖွယ်ရာ လိင်နှင့်ဂျဲန်ဒါ အကြမ်းဖက်မှုပုံစံများ ဖြစ်ပွားနေဟု ‘စွမ်း’ ထောက်ပြ

0
သျှမ်းပြည်တစ်ဝှမ်း လိင်နှင့် ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှု (SGBV) ပုံစံများ စိုးရိမ်ဖွယ်ရာ ဖြစ်ပွားနေကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (စွမ်း) က အစီရင်ခံစာ အသစ်တစ်စောင် ထုတ်ပြန်လိုက်သည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) တွင် ထုတ်ပြန်သည့် “အကြမ်းဖက်မှုကို ရင်ဆိုင်ရချိန်တွင်...

သေဒဏ်ပေးနိုင်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်းကို ရွေးတုလွှတ်တော် အတည်ပြု

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်ထောင်စုလွှတ်တော်တွင် သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် အွန်လိုင်းလိမ်လည်မှု...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

မိုင်းရှူး အမျိုးသား၄ဉီးကို စစ်တပ်က ပေါ်တာဆွဲဖမ်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် စစ်ကော်မရှင်တပ်က အရပ်သား (၄)ဉီးကို ပေါ်တာဆွဲ ဖမ်းဆီဂသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မနက်ပိုင်းတွင် မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာအထွက် လမ်းပိုင်း၌ သွားလာနေသည့် အမျိုးသားအချို့ကို စစ်ကော်မရှင်၏ တပ်သားများက တားဆီးစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုင်းရှူးမြို့နေ ဖြစ်စဉ်ကို...

ဂျပန်နိုင်ငံတွင် ပြင်းအား ၇.၁ ငလျင်လှုပ်ခတ်၊ စျေးဝယ်စင်တာ ပေါက်ကွဲ သေဆုံးမှုရှိ

0
ဂျပန်နိုင်ငံတောင်ပိုင်း၊ ကူမာမိုတိုခရိုင် (Kumamoto Prefecture) တွင် ယမန်နေ့ (ဇူလိုင် ၂၈ ရက်) က ပြင်းအား ၇.၁ ရှိ ပြင်းထန်သော ငလျင် လှုပ်ခတ်ခဲ့ရာ လူသေဆုံးမှုရှိပြီး၊ သောင်းနှင့်ချီသော နေအိမ်များ လျှပ်စစ်မီး ပြတ်တောက်ကာ လမ်းပန်းဆက်သွယ်ရေးနှင့် စက်ရုံများ လည်ပတ်မှုများ...