တောင်ကြီးခရိုင် PNO/PNA မှ သျှမ်းလူမျိုးအပါအ၀င် စစ်သားသစ်စာရင်း လိုက်လံကောက်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်းရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ပအိုဝ်းအမျိုးသား တပ်မတော် (PNO/PNA) တို့မှ သျှမ်းလူမျိုးအပါအဝင် အရပ်သားပြည်သူ လူငယ်များ စစ်သားလုပ်ရန် ညွှန်ကြား စေခိုင်းမှုများ ရှိနေကြောင်း သတင်းသိရသည်။

တောင်ကြီးခရိုင်အတွင်းရှိ ဆီဆိုင်မြို့နယ် နှင့် ဟိုပုံးမြို့ အတွင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို PNO အဖွဲ့မှ အစည်းအ၀ေးခေါ်ဆိုကာ သျှမ်းလူမျိုးအပါအ၀င် ကျား၊မ မရွေး တစ်အိမ်ထောင်လျှင်တစ်ဦး စစ်သင်တန်း တက်ရမည် ဟု သိရသည်။

မေလ ၂၆ ရက်တွင် ဆီဆိုင်မြို့နယ် ဆိုင်လဲကျေးရွာအုပ်စု ရွာပေါင်း ၃၃ ရွာကို PNO မှ စစ်သားသစ် စာရင်းကောက်ခံရန်၊ ကျပ်ငွေ ၃ သောင်း နှင့် ဆန်တပြည် ပေးရန် လာရောက်ပြောဆိုခဲ့ကြောင်း သိရသည်။


PNO မှ အစည်းအဝေးလုပ်စဉ်

“ဇွန် ၁၆ ရက် နောက်ဆုံးထားပြီး စာရင်းပေးရမယ်။ စာရင်းမသွင်းပေးရင်လည်း အိမ်ထိ လာခေါ်မှာ ကြောက်ရတယ်။ စစ်သင်တန်းက ၉ ရက် တက်ရမယ်လို့ သိရတယ်” ဟု ဆိုင်လဲကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့တွင် ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာနေ ပြည်သူများကို PNO မှ အစည်းအဝေး ခေါ်ပြီး ကျေးရွာတစ်ခုလျှင် အမျိုးသားလူငယ် အယောက် ၂၀ ပေးရန် စေခိုင်းညွှန်ကြားမှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ကျနော်တို့ ဆီဆိုင်မြို့နယ်မှာက အုပ်စုတွေများတယ်၊ နယ်မြေကျယ်တော့ တစ်ရွာကို လူငယ်အယောက် ၂၀ ပေး ဖို့ PNO တွေကအစည်းအဝေးခေါ်ပြီးတောင်းတယ်၊ဒါပေမဲ့ ကားလမ်းအရှေ့ဘက်ခြမ်းကို မကောက်ဘူး၊ သျှမ်း လူမျိုး တွေများတဲ့ ကားလမ်းအနောက်ဘက်ကိုပဲ အများစုတောင်းလာတယ်” ဟု ဆီဆိုင်မြို့နယ်မှ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

PNO မှ စည်းဝေးပြုလုပ်စဉ်

ထို့အတူ ဟိုပုံးမြို့နယ်ရှိ ရန်ကင်းကျေးရွာ၊ လွယ်အွန့်ကျေးရွာ၊ ဂနိုင်ထုံကျေးရွာ တို့မှ ဒေသခံများကို PNA လက်အောက်ခံ ပြည်သူ့စစ်များ လုပ်ဆောင်ရန် စေခိုင်းညွှန်ကြားမှုများ ရှိနေကြောင်း သတင်းသိရသည်။

“ရန်ကင်းရွာဆို ဟိုပုံးမြို့အဝင်ကရွာပေါ့၊ အဲ့ရွာမှာ လူငယ် ၁၃ ယောက်ပေးလိုက်ရတယ်၊ တချို့ရွာကျတော့ မဲနှိုက်ရတယ်၊ ရွာလူဦးရေ များရင်များသလို ပိုပေးရတယ်၊ သျှမ်းလူမျိုးဆိုလည်း သွားရတာပဲ၊ ပအိုဝ်းလူမျိုး တွေကိုပဲ သူတို့ကောက်တာ မဟုတ်ပါဘူး” ဟု ဟိုပုံးမြို့ အမျိုးသားလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့ပြင် PNO မှ အသက် ၁၈ နှစ်မှ အသက် ၅၀ နှစ် အောက် ကျား၊မ မရွေး ကောက်ခံသွားမည် ဟုသိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ နှင့် စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးကျဆင်းနေချိန် PNO မှ ကျေးရွာပြည်သူများထံ နည်းမျိုးစုံ ခြိမ်းခြောက်နေပြီး စစ်သားသစ်စုဆောင်းနေသဖြင့် လူငယ်များ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် နေမှုများလည်း ရှိနေကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...