မူဆယ်မြို့နယ် ဈေးအတွင်း လမ်းကျူးကျော်ရောင်းသူများ စည်ပင်အခွန်တိုးကောက်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် အမှတ် (၂) ဈေးအတွင်း လမ်းကျူးကျော်ရောင်းသူများကို စည်ပင်က အခွန်တိုးကောက်မှုပြုလုပ် ကြောင်း သတင်းပေးပို့ချက်အရ သိရသည်။

ဧပြီလမှ စပြီး စည်ပင်ကော်မတီမှ အသိပေးထားခြင်းမရှိဘဲ ဈေးအတွင်းရှိ လမ်းကျူးကျော်ရောင်းသူများကို အခွန်တိုးကောက်လာကြောင်း သိရသည်။

“ ဆိုင်ခန်းရှေ့မှာ ခုံတင်ပြီးတော့ ရောင်းတာကို တိုးကောက်တာပါ။ အရင်က ၂၀၀၀ ကျပ် ပေးရတာ။ အခုက ၅၀၀၀ ကျပ် အထိတိုးကောက်လာတယ်။ ဆိုင်ခန်းခက သပ်သပ် ပေးရတာ။ ပြီးတော့ ဆိုင်ခန်းရှေ့မှာ ခုံတင်ရောင်းတာ ကိုလည်း သပ်သပ်ပေးရတာ” ဟု မူဆယ်မြို့ ဒေသခံ ဈေးဆိုင်ရှင်တစ်ဦးက ပြောသည်။

မူဆယ်မြို့နယ် စည်ပင်သာယာရေး ဌာနက တိုးကောက်လာတဲ့ အခွန်ပြေစာ

အဆိုပါ အခွန်တိုးကောက်မှုကြောင့် ပြည်သူ နှင့် စည်ပင်ကော်မတီတို့ စကားများခဲ့ပြီး ပြည်သူများတစ်ချို့ စားဝတ်နေရေး ခက်ခဲလာကြောင်း သိရသည်။

ယခု နိုင်ငံရေးအခြေနေ နှင့် ကိုဗစ်- ၁၉ ကြောင့် ပြည်သူများ ရှာဖွေစားသောက်ရာ ခက်ခဲနေချိန်တွင် စည်ပင်က အခွန်တိုးကောက်လာသောကြောင့် စားဝတ်နေရေး ခက်ခဲလာကြောင်း သိရသည်။

“ သူတို့အဲ့လိုလာတိုးကောက်တော့ စည်ပင်နဲ့ ပြည်သူတွေ စကားများကြသေးတယ်။ ပြီးတော့ အခုက ရှာစားရတာလည်း ခက်ခဲနေတဲ့အချိန်ဖြစ်တယ်။ ဝင်ငွေနည်းတဲ့အချိန်မှာ သူတို့ကလည်း အခွန်တွေ လာတိုးကောက်တော့ ကျနော်တို့ စားဝတ်နေရေးအတွက်လည်း ခက်ခဲတာလေ” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စည်ပင်ခွန်သည် ယခင်က ပုံမှန်‌ (၂၀၀၀) ကျပ်မှ ယခု (၅၀၀၀) ကျပ် အထိတိုးကောက်လာခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ပန်ဆိုင်း(ကြူကုတ်)တွင် MNDAA တပ်သားသစ်ထပ်ကောက်၊ TNLA တပ်သားဟောင်းများကိုပါ စည်းရုံးနေ

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တပ်သားသစ် ထပ်မံကောက်ခံနေပြီး TNLA တပ်သားဟောင်းများကိုပါ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့ရှိ ကျေးရွာများဘက်တွင် ဧပြီလကုန်ပိုင်းမှ စတင်၍ မေလလယ်အထိ MNDAA လက်အောက်ခံ တာဝန်ရှိသူများမှ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...