နိုင်ငံခြားသားများ လောင်းကစားဂိမ်းထဲ ရင်းနှီးမြှုပ်နှံလာရန် အတွက် ၀န်ထမ်းခေါ်

ယခုရက်ပိုင်း သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ အတွင်းရှိ လောင်းကစားရုံတွင် တရုတ်စကား နှင့် အင်္ဂလိပ်စာ တတ်ကျွမ်းရမည်ဖြစ်ပြီး နိုင်ငံခြားသားများ လောင်းကစားဂိမ်းတွင် ရင်းနှီးမြှုပ်နှံလာအောင် အလုပ်ခေါ်နေကြောင်း စုံစမ်းသိရသည်။

ထိုအလုပ်ခေါ်စာထဲတွင် လောက်ကိုင်မြို့မှာ အလုပ်လုပ်ရမည် ဖြစ်ပြီး၊ အသက် ၁၈ နှစ်မှ အသက် ၄၀အရွယ် ထိဖြစ်ပြီး  အင်္ဂလိပ်စကားတတ်ကျွမ်းပါက လစာ တလလျှင် မြန်မာကျပ်ငွေ (၁၀) သိန်း နှင့် တရုတ်စကားတတ်ကျွမ်းပါက တစ်လလျှင် မြန်မာကျပ်ငွေ (၁၃)သိန်း ပေးဆောင်မည်ဟု အလုပ်ခေါ်သည့် ကုမ္ပဏီ မှ ၀န်ထမ်းအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အွန်လိုင်းဂိမ်း

“အွန်လိုင်းဂိမ်းဖြစ်တယ်။ နိုင်ငံခြားသားတွေနဲ့ စကားပြောပြီးတော့ ဂိမ်းလာဆော့အောင်ခေါ်ရမယ်။ ဂိမ်းထဲမှာ ပိုက်ဆံ များများ ရင်းနှီးလာအောင်လုပ်ပေးရမယ်” ဟု အလုပ်ခေါ်သည့် ကုမ္ပဏီထဲက တာဝန်ရှိသူ အမျိုးသမီးက ပြောသည်။

ထိုအွန်လိုင်းဂိမ်းအလုပ်လုပ်ရန် စိတ်၀င်စားပါက ၀န်ထမ်းလုပ်မည့်သူကို သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ စစချင်းမှာတော့ သင်တန်းပေးပါတယ်။ သင်တန်းပေါ်မှာ မူတည်ပြီးမှ ကျမတို့လည်း အလုပ်ခန့်တာပါ။ တရား၀င်ဖွင့်လှစ်တဲ့ ဂိမ်းတော့မဟုတ်ပေမယ့် လောက်ကိုင်မှာတော့ တရား၀င်ဖွင့်တဲ့ အတိုင်းပါပဲ။ လုံခြုံရေးလည်း ယူထားတယ်။ နောက် နိုင်ငံရေးကလူတွေ၊ လူကြီးတွေနဲ့လည်း ရင်းနှီးတယ်” ဟု ၎င်း အမျိုးသမီးက ဆိုပါသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် နေထိုင်သည့် ပြည်သူများသည် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ရန် ခက်ခဲလာကြပြီး ၀င်ငွေမရှိသည့်အတွက် လူငယ်များသည် ထိုအွန်လိုင်းဂိမ်းမှ လစာကောင်းသဖြင့် စိတ်၀င်စားကြသည်။

“ အလုပ်က လစာ ကောင်းတယ်။ ၁၀ သိန်းအထက်ပေးပြီးတော့ အလုပ်ခေါ်နေတာ။ လောက်ကိုင်မှာသွားလုပ်ရမယ်။ ဘာသာစကားကျွမ်းကျင်သူဖြစ်ရမယ်။ အလုပ်က အွန်လိုင်းဂိမ်းတွေ၊ ဘာသာပြန်အလုပ်ရှိတယ်ဆိုပြီးခေါ်တာ။ ဒီကလူတွေကတော့ အလုပ်မရှိတော့ စိတ်၀င်စားကြတယ်” ဟု သီပေါမြို့ အသက် ၂၃ နှစ်ဝန်းကျင်ရှိ လူငယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လောင်းကစားဂိမ်းမှ နိုင်ငံခြားသားများ စိတ်၀င်စားအောင် စကားပြောဆိုခြင်း၊ ဆွဲဆောင်မှု ပြုလုပ်ရကြောင်းလည်း သိရသည်။

အွန်လိုင်းဂိမ်း

“အရပ်စကားပြောရရင် လောင်းကစားဂိမ်းတွေ ဆော့လာအောင် လိမ်ညာပြောဆိုရတာပဲ။ ချက်ဘောက်ကနေ လိမ်ရတယ်။ နောက်ပြီး မိန်းကလေးရုပ်ကို ပြပြီး လာဆော့အောင်လိမ်ရတာပေါ့” ဟု လက်ရှိ လောင်းကစားဂိမ်း လုပ်ကိုင်သည့် တာချီလိတ်မှ အသက် ၂၅ နှစ် အရွယ်ရှိ လူငယ်တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ယခု နိုင်ငံရေးအခြေအနေ နှင့် ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့် ပြည်သူများက အလုပ်လက်မဲ့ ဖြစ်နေချိန်တွင် လစာကောင်းသော အလုပ်ကို လာပေးသည့်အတွက်ကြောင့် ပြည်သူတစ်ချို့က သွားလုပ်လျက်ရှိကြောင်း သိရသည်။

“ အခုက နိုင်ငံရေးအခြေနေလည်း မကောင်းဘူး။ အလုပ်အကိုင်လည်း မကောင်းတော့ အဲ့လိုမျိုးလစာကောင်းတဲ့ အလုပ်တွေ့တော့ သွားလုပ်ချင်ကြတယ်။ ကျနော်လည်း အစက မသိလို့ သွားတော့မလို့ပဲ။ ကံကောင်းလို့ မသွားလိုက်ရတာ။ ကျနော်တို့ သီပေါက သွားနေတာတော့ ရှိတယ်” ဟု သီပေါလူငယ် အမျိုးသားက ထပ်လောင်းပြောသည်။

လူမှုကွန်ရက်စာမျက်နှာ (Facebook) တွင် လစာကောင်းပေးပြီး အလုပ်ခေါ်သည်ကို သေချာစုံစမ်းမေးမြန်းပြီးမှ သွားရောက် အလုပ်လုပ်ရန် လိုအပ်ကြောင်း ထိုသည်မှ မဟုတ်ပါက နောက်ပိုင်းပြဿနာဖြစ်လာနိုင်ကြောင်းလည်း သီပေါလူငယ်က ထောက်ပြပြောဆိုသည်။

အဆိုပါ အလုပ်မျိုးသည် တရားဝင်အလုပ်မဟုတ်ကြောင်း ၊ မြန်မာ – ထိုင်း နယ်စပ်ဖြစ်သည့် တာချီလိတ်မြို့တွင်လည်း ထိုအလုပ်အများအပြားရှိကြောင်းသိရသည်။ အလားတူ မြဝတီဘက်တွင်လည်း ထိုအလုပ်မျိုးလုပ်ကိုင်ရန်အတွက် လူခေါ်နေလျက်ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...