Thursday, April 25, 2024

အွန်လိုင်းဂိမ်း

အွန်လိုင်းဂိမ်းလုပ်သူနှင့် တရားမဝင် လာရောက်သူများကို ကျိုင်းတုံမှ တဆင့် မိုင်းလားဘက်ပြန်ပို့မည်

သျှမ်းပြည် ကျိုင်းတုံမြို့တွင် စစ်ကောင်စီများ ဖမ်းဆီးထားသည့် အွန်လိုင်းဂိမ်းလုပ်သူများ နှင့် တရားမဝင်လာသည့် တရုတ်လူမျိုးများကို နေရပ်ပြန်ပို့ရန် စီစဥ်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ မှ တာချီလိတ်၊ မိုင်းဖြတ် တွင် အွန်လိုင်းဂိမ်းပြုလုပ်နေသူများကို ဖမ်းဆီးထားပြီး ၊ ထိုသူများကို နေရပ်ပြန်ပို့ရန်အတွက် ယမန်နေ့ (နိုဝင်ဘာ ၇)ရက်တွင် ကျိုင်းတုံ...

ငွေသိန်းသောင်းချီ အွန်လိုင်း ငွေကြေးလိမ်လည်မှုများ မြန်မာနိုင်ငံတွင် ဆက်တိုက်ဖြစ်ပွား

မြန်မာနိုင်ငံတွင် အွန်လိုင်းမှ ဂိမ်းကစားရုံ၊ ရင်းနှီးမြုပ်နှံရုံဖြင့် နေ့စဉ် အမြတ်ငွေများ ရရှိမည်ဆိုပြီး KLFB၊ I Wealth၊ Miami၊ CFATI နှင့် FCFB စသည့် Online Application များတွင် ရင်းနှီး မြုပ်နှံကြသူများမှာ အများအားဖြင့် အခြေခံ လူတန်းစားများ ဖြစ်ကြပြီး...

ကိုးကန့် နှင့် “ဝ” ဒေသ တရုတ်ရာဇာဝတ်ဂိုဏ်းတို့၏ ညှဉ်းပန်းနှိပ်စက်၊ လိင်ကျွန်ပြုခံရပြီး သေဆုံးသူရှိ

သျှမ်းပြည် ကိုးကန့် နှင့် “ဝ” ဒေသတွင် ငွေလိမ်လုပ်ငန်း၊ လောင်းကစား နှင့် လိင်ဖျော်ဖြေရေးလုပ်ငန်းများကို လုပ်ကိုင်နေသော တရုတ်ရာဇာဝတ်လူမိုက်ဂိုဏ်းသားတို့၏ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် သေဆုံးသည်အထိ ရှိကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF) ထံမှ သိရသည်။ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF) ၏ အောက်တိုဘာလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည့်...

တာချီလိတ် အွန်လိုင်းဂိမ်း လုပ်ကိုင်သူ လူငယ် ၂ ဦး ဖမ်းဆီးခံရ

သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့တွင် အွန်လိုင်းဂိမ်း လုပ်ကိုင်သူများကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့များက လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ရာ လူငယ် ၂ ဦးကို ဖမ်းဆီးမိကြောင်း သတင်းသိရှိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၂၃) ရက် ည ၈ နာရီ ဝန်းကျင်မှ စပြီး တာချီလိတ်မြို့...

တာချီလိတ်မြို့တွင်း ငွေကြေးချမ်းသာသည့် အသိုင်းဝိုင်းများ ပြန်ပေးဆွဲခံရမှုများလာ

သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့တွင် အာဏာသိမ်းပြီးနောက်ပိုင်း ပိုက်ဆံချမ်းသာသည့် အသိုင်းအဝိုင်းများကို အမည်မသိ လက်နက်ကိုင်က ဖမ်းဆီးသွားပြီး ပြန်ပေးဆွဲနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်မြို့တွင် ၂၀၂၂ ခုနှစ်ကုန်ပိုင်းမှစပြီး လောင်းကစားဝိုင်းပေါများလာပြီး အသေးစားဖွင့်ထားသည့် အွန်လိုင်းဂိမ်းဆိုင်ရှင်များ နှင့် ပိုက်ဆံချမ်းသာသည့် အသိုင်းအဝိုင်းများကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က ပြန်ပေးဆွဲ...

တာချီလိတ်မြို့ အွန်လိုင်းဂိမ်းလုပ်ကိုင်သူများ ဖမ်းဆီးခံရ

သျှမ်းပြည်အရှေ့ပိုင်း ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ စွမ်းမိုတယ်တွင် ဇူလိုင် (၁၁) ရက် ညနေပိုင်း၌ စစ်ကောင်စီမှ ဧည့်စာရင်းဝင်စစ်ပြီး အွန်လိုင်းဂိမ်းလုပ်ကိုင်သူ လူငယ် (၂၅) ဦး ဖမ်းဆီးခံရကြောင်း စုံစမ်းသိရသည်။ ထိုဖမ်းခံရသောသူများမှာ အွန်လိုင်းလုပ်ကိုင်သူများဖြစ်ပြီး၊ ထိုမိုတယ်တွင် အခွန်ဆောင်ထားခြင်းမရှိသဖြင့် ယခုလို...

နိုင်ငံခြားသားများ လောင်းကစားဂိမ်းထဲ ရင်းနှီးမြှုပ်နှံလာရန် အတွက် ၀န်ထမ်းခေါ်

ယခုရက်ပိုင်း သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ အတွင်းရှိ လောင်းကစားရုံတွင် တရုတ်စကား နှင့် အင်္ဂလိပ်စာ တတ်ကျွမ်းရမည်ဖြစ်ပြီး နိုင်ငံခြားသားများ လောင်းကစားဂိမ်းတွင် ရင်းနှီးမြှုပ်နှံလာအောင် အလုပ်ခေါ်နေကြောင်း စုံစမ်းသိရသည်။ထိုအလုပ်ခေါ်စာထဲတွင် လောက်ကိုင်မြို့မှာ အလုပ်လုပ်ရမည် ဖြစ်ပြီး၊ အသက် ၁၈ နှစ်မှ အသက် ၄၀အရွယ် ထိဖြစ်ပြီး  အင်္ဂလိပ်စကားတတ်ကျွမ်းပါက...

Latest news