ကိုးကန့် နှင့် “ဝ” ဒေသ တရုတ်ရာဇာဝတ်ဂိုဏ်းတို့၏ ညှဉ်းပန်းနှိပ်စက်၊ လိင်ကျွန်ပြုခံရပြီး သေဆုံးသူရှိ

သျှမ်းပြည် ကိုးကန့် နှင့် “ဝ” ဒေသတွင် ငွေလိမ်လုပ်ငန်း၊ လောင်းကစား နှင့် လိင်ဖျော်ဖြေရေးလုပ်ငန်းများကို လုပ်ကိုင်နေသော တရုတ်ရာဇာဝတ်လူမိုက်ဂိုဏ်းသားတို့၏ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် သေဆုံးသည်အထိ ရှိကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF) ထံမှ သိရသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF) ၏ အောက်တိုဘာလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် “ငရဲတွင်း၌ ပိတ်မိခြင်း”ဆိုသော အစီရင်ခံစာတွင် ရေးသားထားသည်။

Photo – Credit

ထိုအစီရင်ခံစာတွင် အထက်တန်းကျောင်းသူ၊ CDM တက္ကသိုလ်ကျောင်းသား နှင့် CDM သူနာပြုဆရာမတို့ကို တွေ့ဆုံမေးမြန်းထားကြောင်း သိရသည်။

“ကျမတို့ အင်တာဗျူးကတော့ ရုန်းကန်ပြီးတော့ ပြန်လည်လွတ်မြောက်လာလူတွေ၊ နောက်ပြီးတော့ အဲ့မှာလက်ရှိနေနေတဲ့လူရော၊ ကျမတို့ ဒီမှာပြန်ရောက်လာတဲ့ လူတွေရော စုစုပေါင်း ၁၂ ယောက်ရဲ့ အင်တာဗျူးတွေကို အခြေခံထားပါတယ်ရှင်”ဟု SHRFမှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

သျှမ်းပြည် ကိုးကန့်ဒေသ လောက်ကိုင်မြို့ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းတွင် ငွေစာရင်းကိုင်အနေဖြင့် အလုပ်လုပ်ခဲ့သည့် နုနု သည် ၂၀၂၁ နိုဝင်ဘာလ ၁၃ ရက်တွင် မိမိကိုယ်ကို အဆုံးစီရင်ပြီး သေဆုံးခဲ့သည့်အကြောင်းကို အစီရင်ခံစာတွင် ဖော်ပြထားသည်။

Photo – Credit

တရုတ်နိုင်ငံသား ကုမ္ပဏီတာဝန်ခံတစ်ဦးက နုနုကို တရုတ်ယွမ်ငွေ ၆ သောင်း ခိုးယူထားသည်ဟု စွပ်စွဲပြီး သူမကို ခြိမ်းခြောက်ကာ ဖူလီလိုက်ဟိုတယ်သို့ ခေါ်သွားပြီး သူဌေးနှင့် အပေါင်းအပါတို့က အဓမ္မပြုကျင့်မှုကြောင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်သည်အထိ ဖြစ်ခဲ့သည်ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

“ညီမလေး ပြန်ရောက်လာတော့ ဒဏ်ရာတွေနဲ့ တစ်ချိန်လုံး ငိုတယ်၊ ဘာဖြစ်တာလဲပေါ့၊ ချော့မေးတော့မှ ဟိုတယ်ခန်းမှာ သူဌေးက သူ့အပေါင်းအပါ ယောကျ်ားလေး ၃ ယောက်နဲ့ အတူတူ အဓမ္မပြုကျင့်တယ်”ဟု နုနု ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို အစ်မဖြစ်သူ စိန်စိန်က ပြောပြထားသည်။

၂၀၂၁ နိုဝင်ဘာလ ၁၃ ရက် ညနေအချိန်ခန့်က စိန်စိန် ရေချိုးခန်း၌ ရှိနေစဉ် နုနုသည် လေးလွှာရှိ ပြတင်းပေါက်မှ အောက်သို့ခုန်ချပြီး သေဆုံးသွားခဲ့သည်။

Photo – Credit

ထို့အပြင် အထက်တန်းကျောင်းသူ ဂျာပန်း နှင့် CDM သူနာပြုဆရာမတို့လည်း တရုတ်လူမိုက်ဂိုဏ်းတို့၏ ရိုက်နှက်ခြင်း၊ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရသည်။

ဂျာပန်းသည် အထက်တန်း ကျောင်းသူတစ်ဦးဖြစ်ပြီး အွန်လိုင်းကာစီနိုရုံတွင် အလုပ်လုပ်ရမည့် အထင်နှင့် မိုင်းပေါက်မြို့သို့ ရောက်သွားသော်လည်း တရုတ်ပိုင် အွန်လိုင်းလိင်ဖျော်ဖြေရေး လုပ်ငန်းတွင် ယွမ်ငွေ ၂ သောင်း ဖြင့် ရောင်းစားခံခဲ့ရကြောင်း “ငရဲတွင်း၌ ပိတ်မိခြင်း” အစီရင်ခံစာတွင် ရေးသားထားသည်။

ဂျာပန်းသည် မိုင်းပေါက်ရှိ တရုတ်ပိုင် အွန်လိုင်းလိင်ဖျော်ဖြေရေးလုပ်ငန်းသို့ ရောင်းစားခံရပြီး ရက်သတ္တပတ် အကြာ၌ ဝတ်လစ်စလစ်ပုံများ၊ လိင်ဆက်ဆံသော ဗီဒီယိုများကို အတင်းအကျပ် ရိုက်ကူးခိုင်းစေသော်လည်း သူမက ငြင်းဆိုခဲ့သဖြင့် ၎င်းတို့က ဖမ်းဆီးရိုက်နှက်မှုများ၊ အိပ်ရာပေါ်တွင် ကြိုးတုပ်နှောင်ခြင်းများကို ပြုလုပ်ခဲ့သည်။

Photo – Credit

ဆက်လက်ပြီး CDM သူနာပြုဆရာမ နွယ်နွယ်သည် ပန်ဆန်းမြို့တွင် အလုပ်လုပ်ကိုင်နေသော အသိမိတ်ဆွေမှတဆင့် တရုတ်နိုင်ငံသားပိုင် အွန်လိုင်းငွေလိမ်သည့် လုပ်ငန်းတွင် ရောင်းစားခံခဲ့ရသည်။ သူမသည် ရောင်းစားခံရပြီးနောက် တရုတ်နိုင်ငံသားများက လိင်ဖျော်ဖြေရန် ပြောဆိုသဖြင့် သူမက ငြင်းဆိုခဲ့သည်။ ထို့နောက် သူမကို ညစဉ်ညတိုင်း အမျိုးသားနှစ်ယောက်မှ လေးယောက်ထိ နေ့တိုင်းဆက်တိုက် အဓမ္မပြုကျင့်ခဲ့သည်။

နွယ်နွယ်သည် ယခုတွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာပြီး လက်ရှိမှာ စိတ်ဒဏ်ရာတွေ ခံစားနေရသည်။

“နွယ်နွယ်အတွက်တော့ ကျမတို့ အဓိကကျတော့ Counseling Services တွေနဲ့ ချိတ်ဆက်ပေးပြီး စိတ်ဒဏ်ရာ ကုပေးတာမျိုးတွေ လုပ်ခဲ့ပါတယ်”ဟု SHRF က ယိင်းလျန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo – Credit

ကိုးကန့် နှင့် “ဝ” ဒေသတွင် ညှဉ်းပန်းနှိပ်စက်မှု နှင့် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများမှ လွတ်မြောက်လာသူများလည်း ယခုအချိန်အထိ တရားမျှတမှုများ မရရှိသေးပေ။

လက်ရှိ ကျူးလွန်သော အမှုများသည် တရုတ်ရာဇာဝတ်ဂိုဏ်းများနှင့် ဒေသအာဏာပိုင်များ ပူးပေါင်းကြံစည် လုပ်ကိုင်နေပြီး “ဝ” ဒေသရှိ တစ်ခုတည်းသော မြန်မာ့ဆက်သွယ်ရေး ကွန်ယက်ဖြစ်သည့် မြန်မာစစ်တပ်ပိုင် Mytel ကွန်ယက်ကို အသုံးပြုနေကြပြီး ဗီယက်နမ်အစိုးရပိုင် Viettel ဆက်သွယ်ရေး ကုမ္ပဏီတို့နှင့်လည်း ဖက်စပ်စီးပွားဘက် ဖြစ်ကြောင်း SHRF ၏ အစီရင်ခံစာတွင် ထုတ်ပြန်ထားသည်။

Photo – Credit

ကိုးကန့် နှင့် “ဝ” ဒေသအာဏာပိုင်များအား ၎င်းတို့ထိန်းချုပ်ရာ ဒေသများရှိ ရာဇဝတ်ဂိုဏ်းများနှင့် ပူးပေါင်းဆောင်ရွက်မှုပြုခြင်း၊ အကာအကွယ်ပေးခြင်းများ မပြုလုပ်ရန် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ SHRF က တိုက်တွန်းထားသည်။

တရုတ်အစိုးရအနေဖြင့် အွန်လိုင်းငွေလိမ်လည်မှုများအား အပြင်းအထန် တိုက်ဖျက်လျက်ရှိရာ UWSA ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးမှုများလည်း ပြုလုပ်နေပြီး UWSA ဘက်မှလည်း အွန်လိုင်းငွေကြေး လိမ်လည်မှုလုပ်ငန်းနှင့် ဆက်နွယ်သူ ထောင်နှင့်ချီကာ တရုတ်အစိုးရထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

အောက်တိုဘာ ၁၆ ရက်က တရုတ်နိုင်ငံအစိုးရ ပြည်သူ့လုံခြုံရေးဌာန ထုတ်ပြန်ချက်အရ အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ်သူ တရုတ်လူမျိုး ၂၃၄၉ ဦးကို ထပ်မံ လွှဲပြောင်းရယူခဲ့ကြောင်း၊ ယခုအခါ ဖမ်းမိသူ ၄၆၆၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...