ငွေသိန်းသောင်းချီ အွန်လိုင်း ငွေကြေးလိမ်လည်မှုများ မြန်မာနိုင်ငံတွင် ဆက်တိုက်ဖြစ်ပွား

မြန်မာနိုင်ငံတွင် အွန်လိုင်းမှ ဂိမ်းကစားရုံ၊ ရင်းနှီးမြုပ်နှံရုံဖြင့် နေ့စဉ် အမြတ်ငွေများ ရရှိမည်ဆိုပြီး KLFB၊ I Wealth၊ Miami၊ CFATI နှင့် FCFB စသည့် Online Application များတွင် ရင်းနှီး မြုပ်နှံကြသူများမှာ အများအားဖြင့် အခြေခံ လူတန်းစားများ ဖြစ်ကြပြီး လူပေါင်းသိန်းချီ ငွေများ အလိမ်ခံလိုက်ရကြောင်း သိရှိရသည်။

“ကျနော်တို့ကတော့ ဒီလို အစစအရာရာ ခက်ခဲနေတဲ့အချိန်မှာ နေ့တိုင်း အပိုဝင်ငွေရအောင်ဆိုပြီး မရှိတဲ့ကြားက ချေးကြ‌ ငှားကြ ရင်းနှီးထားကြတာပေါ့။ လိမ်ခံလိုက်ရတာကတော့ ကျနော် နဲ့ အလုပ်ကလူတွေ အကုန်လုံးနီးပါးပဲ၊ အတော်များများကတော့ ရုန်းကန်နေရတဲ့ အခြေခံလူတန်းစားတွေချည်းပဲ။ ဒီလိုဖြစ်တော့ အကုန်လုံး စိတ်ဆင်းရဲကြတာပေါ့၊ အရင်းအနှီးကြီးလေ အမြတ်များလေဆိုပြီး တချို့‌ဆို ရှိသမျှပေါင်ပြီး ရင်းနှီးထားရတာ” ဟု လိမ်လည်ခံရသူ တစ်ဦးမှ ပြောသည်။

၎င်း Online Game Application များ၏ လုပ်ဆောင်မှုတွင် ဘောလုံးပွဲ လောင်းခြင်း နှင့် ပစ္စည်းအော်ဒါတင်ခြင်းတို့ အဓိက ပါဝင်ပြီး အသုံးပြု ရင်းနှီးမြုပ်နှံသူများ ထပ်တိုးရှာခြင်းဖြင့် နေ့စဉ်အမြတ်အစွန်းအပြင် လူရှာခကို ထိုဂိမ်းကုမ္ပဏီများမှ လစာ‌ ပေးကြောင်းလည်း သိရသည်။

“အဓိက‌ ကတော့ အွန်လိုင်းကနေ ငွေရှာချင်တဲ့သူတွေ ခံရတာပေါ့။ အဲ့လို application တွေသုံးပြီး ငွေဘယ်လောက်တောင် ရနေပြီ ဆိုပြီး စည်းရုံးကြတော့ တခြားသူတွေပါ ဝင်လုပ်ကြကုန်ရော။ ပြီးရင် အဲ့စည်းရုံးတဲ့သူတွေက ကော်မရှင်ခတွေ ရကြတယ်” ဟု ထိုသူမှ ထပ်လောင်းပြောသည်။

အဆိုပါ အွန်လိုင်း ငွေကြေး ရင်းနှီးမှု လုပ်ငန်းများတွင် မြန်မာနိုင်ငံရှိ ပြည်သူများမှ ငွေကြေးပမာဏ အများအပြား လိမ်လည်ခံရမှုမှာ ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း (၅) ကြိမ် တိုင်အောင် ရှိခဲ့ကြောင်း သိရသည်။

“ဒီဆိုဒ်တွေရဲ့ သဘောက စစလုပ်ချင်းဆို သူတို့ အမြတ်ပေးမယ်ဗျာ၊ အချိန်တစ်ခု ရောက်လာရင်တော့ သူတို့ လိမ်ပြေးသွားတာချည်းပဲ။ ပထမတစ်ခါ လိမ်ခံလိုက်ရပြီးကတည်းက ရပ်လိုက်သင့်တာ။ ဒါပေမယ့် ပါသွားတဲ့ အရင်းအနှီးတွေ ပြန်ရအောင်ဆိုပြီး နောက်ထပ်ထွက်လာတဲ့ဆိုဒ်တွေမှာ ဆက်လိုက်လုပ်ရင်းနဲ့ အကုန်ပါကုန်တာ။ သူတို့က ဒီကုမ္ပဏီနာမည် နဲ့ လိမ်သွားပြီးရင် နောက်ထပ်နာမည်တစ်ခုနဲ့ ထပ်ပေါ်လာကြတာ” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ အွန်လိုင်းဂိမ်းများကို ဦးဆောင်သူများတွင် နိုင်ငံခြားသားများရော မြန်မာနိုင်ငံသားများပါ ပါဝင်ပြီး အများစုမှာ လောက်ကိုင်မြို့တွင် အခြေစိုက်ကြောင်းလည်း သိရှိရသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံမှာ အွန်လိုင်းမှ တစ်ဆင့် နည်းမျိုးစုံနှင့် ငွေကြေး လိမ်လည်မှုများ မကြာခဏ ကြုံတွေ့လာရသဖြင့် ပြည်သူများအနေနဲ့ အထူး သတိထားရန် လိုအပ်ကြောင်း ယခု လိမ်လည်ခံလိုက်ရသူများက ပြောကြားသည်။

နော်လာဝါ မှ သတင်းပေးပို့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့  ကျားဖြန့်သမားများ ဟန်ပြထပ်မံဖမ်းဆီးနေ  

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာများကို ဝင်ရောက် နိမ်နင်းဖမ်းဆီးခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်သည်။ အဆိုပါ ဖမ်းဆီးရမိသည့်နေရာသည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၂၅...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

တရုတ်ကျားဖြန့်သမား (၅၀)ကျော် မိုင်းပန်မြို့နယ်ထိရောက်

0
မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား (၅၂)ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင် က သတင်းထုတ်ပြန်လာခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိသည့်နေရာသည် မိုင်းပန်မြို့၏ မြောက်ဘက် မိုင်း၂၀ အကွာ ကျိုင်းတောင်းမြို့ သွားရာလမ်းဘက် တောထဲတွင် အဆောက်အဦးအခိုင်အမာဆောက်လုပ်ပြီး အွန်လိုင်းလိမ်လည်မှုကို ပြုလုပ်နေသည့် ပုံနှင့်တကွ စစ်ကော်မရှင်ဘက် ယမန်နေ့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...