တာချီလိတ်မြို့ အွန်လိုင်းဂိမ်းလုပ်ကိုင်သူများ ဖမ်းဆီးခံရ

သျှမ်းပြည်အရှေ့ပိုင်း ထိုင်း – မြန်မာနယ်စပ် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ စွမ်းမိုတယ်တွင် ဇူလိုင် (၁၁) ရက် ညနေပိုင်း၌ စစ်ကောင်စီမှ ဧည့်စာရင်းဝင်စစ်ပြီး အွန်လိုင်းဂိမ်းလုပ်ကိုင်သူ လူငယ် (၂၅) ဦး ဖမ်းဆီးခံရကြောင်း စုံစမ်းသိရသည်။

ထိုဖမ်းခံရသောသူများမှာ အွန်လိုင်းလုပ်ကိုင်သူများဖြစ်ပြီး၊ ထိုမိုတယ်တွင် အခွန်ဆောင်ထားခြင်းမရှိသဖြင့် ယခုလို ဧည့်စာရင်းစစ်ဟန်ဆောင်ပြီး ဝင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တာချီလိတ်မြို့ အသက် (၂၀) ကျော် ရှိ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖမ်းမိတာတော့ ဟုတ်တယ်။ အဲ့မိုတယ်က အခွန်မဆောင်လို့တဲ့၊ အခွန်မဆောင်တဲ့ မိုတယ်တွေ ဖမ်းတယ်။ ဖမ်းခံတဲ့ထဲမှာ ဘယ်သူတွေပါသွားလဲတော့ မသိဘူး“ ဟု ၎င်းကဆိုသည်။

အွန်လိုင်းဂိမ်း ကစားသူ

ဖမ်းဆီးခံရသော လူငယ် (၂၅) ဦး နှင့် အတူ ကွန်ပျူတာ အပါအဝင် စုစုပေါင်းအလုံးရေ (၃၀၀) ကျော်၊ ကား (၃) စီးနှင့် ဖုန်း (၄၀) ဝန်းကျင် သိမ်းဆီးသွားကြောင်း သိရသည်။

တာချီလိတ်မြို့ အွန်လိုင်းဂိမ်းလုပ်ဆောင်သည့် ဟိုတယ်များတွင် လုံခြုံရေးအပြည့်ထားရှိပြီးကြောင်း၊ ဟိုတယ်များအနေဖြင့် သက်ဆိုင်ရာသို့ အခွန်အပြည့်အဝဆောင်ပြီး ဖွင့်လှစ်ပါက ပြဿနာမရှိကြောင်း၊ ထို့ပြင် ရဲများကိုလည်း လိုင်းကြေး ပေးဆောင်ထားလျှင် အဆင်ပြေကြောင်းလည်း အွန်လိုင်းဂိမ်းလုပ်ဆောင်သူများက ပြောသည်။

“ဒီမှာက နေရာတိုင်း လုပ်နေကြပဲ၊ အွန်လိုင်းလုပ်ဖို့ အခန်းခဘဲဈေးကြီးတယ်။ အကောင့်ဖွင့်ပေးရတယ်၊ ငွေသွင်းငွေထုတ် အဲ့လိုတွေလုပ်ရတယ်။ ဖမ်းခံရမှာကို မစိုးရိမ်ရပါဘူး။ (Security) အပြည့်ရှိတယ်။ ရဲတွေ နောက် ဌာနဆိုင်ရာတွေကို ပိုင်ရင်ရတယ်“ဟု ၎င်းကပြောသည်။

လောင်းကစားဝိုင်း

ထိုအပြင် တာချီလိတ်မြို့ရှိ အွန်လိုင်းဂိမ်းမျိုးသည် ငွေသားဖြင့် သုံးစွဲမှုမရှိသောကြောင့် ယခုလို စစ်ကောင်စီ ဖမ်းဆီးမှုအပေါ် သည် ဧည့်စာရင်း စစ်ဆေးမည်ဟု အကြောင်းပြပြီး ဖမ်းဆီးနေသည်ဟု တာချီလိတ်မြို့ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

“သူတို့ စစ်ချင်တဲ့နေရာဆိုရင်တော့ အကြောင်းပြပြီး ဝင်စစ်တာပဲလေ။ လောင်းကစား ဉပဒေနဲ့ဖမ်းလို့လည်း မရဘူးလေ။ အွန်လိုင်းဂိမ်းဖမ်းတယ်ဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့တော့ မရဘူးလေ၊ ခဏက ပြောသလို ဧည့်စာရင်းစစ်တယ်လို့ အကြောင်းပြပြီး ဖမ်းတယ်“ ဟု ၎င်းက ပြောသည်။

တာချီလိတ်မြို့သည် မြန်မာ၊ ထိုင်း နှင့် လာအို စသည့် သုံးနိုင်ငံ ထိစပ်နေသည့် နယ်စပ်မြို့တစ်မြို့ ဖြစ်ပြီး လောင်းကစားမှုများ၊ လူသတ်မှုများ၊ တရားမဝင် နိုင်ငံခြားသားဝင်ထွက်မှုများ၊ လူကုန်ကူးမှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ ပေါများရာ မြို့လည်း ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...