တာချီလိတ် အွန်လိုင်းဂိမ်း လုပ်ကိုင်သူ လူငယ် ၂ ဦး ဖမ်းဆီးခံရ

သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့တွင် အွန်လိုင်းဂိမ်း လုပ်ကိုင်သူများကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့များက လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ရာ လူငယ် ၂ ဦးကို ဖမ်းဆီးမိကြောင်း သတင်းသိရှိရသည်။

လူငယ်များကို လာရောက်ဖမ်းဆီးစဥ်

ယမန်နေ့ (ဖေဖော်ဝါရီ ၂၃) ရက် ည ၈ နာရီ ဝန်းကျင်မှ စပြီး တာချီလိတ်မြို့ တော်ကော့ရပ်ကွက် လိုမာဟိုတယ် အနီး အိမ်ခန်းငှားရမ်းသည့် တိုက်တစ်ခုတွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့များက အရပ်သား အဝတ်ဖြင့် လာရောက်ပြီး ကွန်ပျူတာ အသုံးပြုခြင်း ရှိ၊ မရှိ စစ်ဆေးမေးမြန်းရာ လူငယ် ၂ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း ထွက်ပြေးတိမ်း ရှောင်နေရသူ အမျိုးသားတစ်ဦးက ပြောသည်။

“ တချို့က ကြိုတင်သိထားတော့ ကွန်ပျူတာကို သိမ်းပြီး အခန်းကို သော့ခတ် ထွက်ပြေးရတာပေါ့။ သူတို့က ရိုးရိုးအရပ်သား အဝတ်နဲ့လာတာ။ ထွက်မပြေးနိုင်ခဲ့တဲ့ လူငယ် ၂ ယောက် ကွန်ပျူတာ နှစ်လုံးနဲ့အတူ ဖမ်းမိခဲ့တယ်။ ဘယ်သူဘယ်ဝါတော့ သေချာမသိရသေးဘူး “ ဟု ၎င်းက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရမိသည့် လူငယ် ၂ ဦးသည် အသက် ၂၀ နှစ်ကျော် လူငယ်များဖြစ်ကြကြောင်း ၎င်းတို့ကို ဝမ်ကောင်း ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ထို့အပြင် အွန်လိုင်းဂိမ်း လုပ်ကိုင်သူ လူငယ်များကို စစ်ကောင်စီက လိုက်လံဖမ်းဆီးဆောင်ရွက်မှု နှင့် ပတ်သက်ပြီး “ ကျနော်တို့က အွန်လိုင်းဂိမ်းနဲ့ ပတ်သက်ပြီး ဘာမှမလုပ်ဘူး။ တော်ကြာနေ သူတို့ လာစစ်ဆေးချိန်မှာ ကျနော်တို့ကို အွန်လိုင်းဂိမ်း နဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲပြီး ဖမ်းသွားမှာကိုဘဲ ကြောက်တယ် “ ဟု အိမ်ခန်းငှား နေထိုင်သူတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး (၂) နှစ်ကျော် ကာလအတွင်းမှာ နိုင်ငံရေး အခြေအနေ မငြိမ်မှုကြောင့် စီးပွားရေး၊ ပညာရေး နှင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာရာ လူငယ်များသည် နယ်စပ်ဒေသဖြစ်သည့် မြဝတီ နှင့် တာချီလိတ်တွင် သွားရောက်ပြီး အွန်လိုင်းဂိမ်းအလုပ်ကို လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

တာချီလိတ် ဘိန်းစာရွက်ရည်‌ ရောင်းသည့် ဆိုင်များ ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ (၂၈) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့်...

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...