တာချီလိတ်မြို့တွင်း ငွေကြေးချမ်းသာသည့် အသိုင်းဝိုင်းများ ပြန်ပေးဆွဲခံရမှုများလာ

သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့တွင် အာဏာသိမ်းပြီးနောက်ပိုင်း ပိုက်ဆံချမ်းသာသည့် အသိုင်းအဝိုင်းများကို အမည်မသိ လက်နက်ကိုင်က ဖမ်းဆီးသွားပြီး ပြန်ပေးဆွဲနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

တာချီလိတ်မြို့

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်မြို့တွင် ၂၀၂၂ ခုနှစ်ကုန်ပိုင်းမှစပြီး လောင်းကစားဝိုင်းပေါများလာပြီး အသေးစားဖွင့်ထားသည့် အွန်လိုင်းဂိမ်းဆိုင်ရှင်များ နှင့် ပိုက်ဆံချမ်းသာသည့် အသိုင်းအဝိုင်းများကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က ပြန်ပေးဆွဲ ခံနေရကြောင်း သိရသည်။

“ တာချီလိတ်မှာက ပိုက်ဆံရှိတဲ့ အသိုင်းဝိုင်းတွေက ပြန်ပေးဆွဲ ခံရတာရှိတယ်။ ပိုက်ဆံရှိတဲ့ အသိုင်းဝိုင်းကပဲ ပိုပြီးဖမ်းခံရတာ။ အသေးစား ဖွင့်ထားတဲ့ အွန်လိုင်းဂိမ်းဆိုင် ပိုင်ရှင်တွေလည်း ဖမ်းခံရတယ်။ ပြီးတော့ ပိုက်ဆံပေးပြီး ပြန်ထွက်လာရတာ” ဟု တာချီလိတ်မြို့ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ပြန်ပေးဆွဲသည့် အမည်မသိ အဖွဲ့အစည်း၏ နောက်ကွယ်တွင်လည်း လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုရှိထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ သို့သော် သျှမ်းသံတော်ဆင့်မှ မည်သည့်လက်ကိုင်တပ်ဖွဲ့ ဖြစ်ကြောင်း စုံစမ်းနေဆဲပါ။

တာချီလိတ်မြို့ထဲတွင် အထက်ပါ ဖမ်းဆီးခံရမှုများရှိသော်လည်း တာဝန်ရှိ ရဲမှ ဖမ်းဆီးခြင်း၊ လုံခြုံရေးတိုးမြှင့်ခြင်း မရှိပေ။

“ ရဲတွေလည်း အလုပ်မလုပ်ဘူး။ ပြန်ပေးဆွဲခံရတာတွေရှိလည်း သူတို့လိုက်ဖမ်းတာတွေမရှိဘူး။ ပြီးတော့ လိုက်ဖမ်းနေတဲ့ အဖွဲ့အစည်းနောက်ကလည်း လက်နက်ကိုင်အဖွဲ့တွေရှိတယ်လို့ ကြားတယ်။ သူတို့တွေလည်း ရဲတွေကို အခွန်ပေးမယ်ထင်တယ်” ဟု တာချီလိတ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင်လည်း အွန်လိုင်းဂိမ်းအတွင်း အလုပ်လုပ်နေသည့် လူငယ်တစ်ချို့ကို စစ်ကောင်စီလက်အောက်ခံ ရဲများက ဖမ်းဆီးနေလျက်ရှိကြောင်း အွန်လိုင်းဂိမ်းတွင် အလုပ်လုပ်နေသည့် လူငယ်တစ်ဦးက ပြောသည်။

“အွန်လိုင်းမှာ အလုပ်လုပ်တဲ့ သူတွေကိုတော့ ရဲတွေက လိုက်ဖမ်းတာတော့ရှိတယ်။ လိုက်ဖမ်းနေတာတော့ ၄ လ လောက်ပဲရှိသေးတယ်။ အွန်လိုင်း အသေးစားဖွင့်ထားတဲ့ ဆိုင်ကလူတွေဆို ဖမ်းခံရတာပိုများတယ်”ဟု ၎င်းက ပြောသည်။

တာချီလိတ်မြို့တွင် အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသား များပြားလာပြီး အွန်လိုင်းလောင်းကစားဂိမ်းများလည်း ပေါများလာကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်တွင်လည်း မဲခေါင်ရပ်ကွက်အတွင်းရှိ အဆောင်တစ်ခုထဲကို အမည်မသိလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက ဝင်ရောက် ဖမ်းဆီးမှုပြုလုပ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...