Wednesday, January 28, 2026

ကွတ်ခိုင်မြို့တွင်း ခိုးယူလုယက်မှုများပြားလာ

၏သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့အတွင်း ခိုးယူလုယက်မှု များပြားနေသည့်အတွက် ဒေသခံပြည်သူ များက စိုးရိမ်မှု မြင့်တက်နေကြောင်း သတင်းသိရသည်။

ကွတ်ခိုင်

ယနေ့ (မေလ ၂၃) ရက် နေ့လည်းပိုင်း ၁၂ နာရီဝန်းကျင် တွင် ရပ်ကွက် ၅ ရှမ်းဘုန်းကြီးကျောင်း အနီးရှိ နေအိမ်တစ်လုံးဖောက်ထွင်းခံရပြီး ဆိုင်ကယ်နှင့် ဖုန်းများ ပါသွားကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီနေ့ နေ့ခင်းအချိန်ကြီးမှာ ခိုးယူခံရတာပါ၊ ဘုန်းကြီးကျောင်းနားက အိမ်တစ်လုံးကို ဒီနေ့ ၁၂ နာရီလောက်မှာ ဝင်ဖောက်ပြီး အိမ်ထဲက ဆိုင်ကယ်နဲ့ ဖုန်းကိုယူသွားတယ်လို့ သိရတယ်၊ ပိုက်ဆံပါမပါတော့ မသိရဘူး” ဟုကွတ်ခိုင်မြို့မှ ဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အလားတူ ယမန်နေ့ ( မေလ ၂၀) ရက်တွင် လည်း အမည်မသိ လက်နက်ကိုင်တစ်စုသည် မူဆယ်မြို့မှ ပြန်လာသည့် တရုတ်အမျိုးသမီးတစ်ဦး၏ နေအိမ်ဓားပြတိုက်ခံရပြီး တရုတ်ငွေ ယွမ် ၈ ထောင် (၂၄ သိန်း) နှင့် ဖုန်းတစ်လုံး ပါသွားခဲ့ကြောင်း သိရသည်။

လက်နက်ကိုင်တပ်ဖွဲ့များ ပေါများသည့် သျှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ်များတွင် ကွတ်ခိုင်မြို့နယ်အပြင် မူဆယ်မြို့၊ နမ့်ခမ်းမြို့၊ လားရှိုးမြို့၊ ကျောက်မဲမြို့ နှင့် တခြားသော မြို့နယ်များမှာလည်း ဓားပြတိုက်မှု ခိုးယူလုယက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရှူးမြို့ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ ရွှေ ၆၀ကျပ်သားနှင့် ကျပ်သိန်း ၂၀၀ ပါသွား

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် ရွှေဆိုင်တစ်ဆိုင်သည် ယနေ့ (သြဂုတ် ၁၂)ရက် ညနေ ၄နာရီခွဲဝန်းကျင်၌ ဓားပြတိုက်ခံရပြီး ရွှေ ၆၀ ကျပ်သား နှင့် မြန်မာကျပ်သိန်း (၂၀၀) ကျော်ပါသွားကြောင်း သတင်းရရှိသည်။ ယနေ့ (သြဂုတ်လ ၁၂ ရက်) ညနေ ၄ ခွဲဝန်းကျင်တွင်...

ကွတ်ခိုင်မြို့နယ် မန့်ဝိန်းပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူး ပစ်သတ်ခဲ့သည့်အမှု လျော်ကြေးငွေဖြင့် ကြေအေး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ်ရှိ ပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူးက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အမှုကို လျော်ကြေးငွေဖြင့် ကြေအေးလိုက်ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၈) ရက်တွင် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ အမှတ်-၁၈၀ တပ်ရင်းမှူး စိုင်းစိန္န...

ကျိုင်းတုံတွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရေးခက်ခဲနေ

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရန်အတွက် စိုးရိမ်ပူပန်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂ ရက်)တွင် ကျိုင်းတုံမြို့နယ် ပန်ဆံကျကျေးရွာ အဝင်တွင် အမျိုးသမီးတစ်ဉီးကို အမည်မသိ အမျိုးသားမှ ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်သွားသည့်အပြင်၊ ကတ်ဖကျေးရွာအုပ်စု ယမ်းလှကျေးရွာအနီးတွင်လည်း အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဉီးက လက်သီးဖြင့်...

သိန္နီမြို့မဈေးထဲ ဈေးသည်အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ရိုက်နှက်ဒဏ်ရာဖြင့် သေဆုံး

0
သျှမ်းပြည် သိန္နီမြို့ရှိ မြို့မဈေးထဲတွင် ငါးခြောက်ရောင်းသည့် အမျိုးသမီးတစ်ဉီးကို အမည်မသိအမျိုးသားတစ်ဉီးက ဓားပြတိုက်ပြီး ရိုက်နှက်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) ညနေပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ရှိ မြို့မဈေး (ဈေးဟောင်း) တွင် ငါးခြောက်ရောင်းနေသော အသက် (၅၀)...

ကျောက်မဲမြို့နယ် TNLA နှင့် MNDAA ပေါင်းပြီး စက်ယန္တရားဖြင့် အကြီးအကျယ် ရွှေတူးဖော်နေ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့နယ်ခွဲတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ပူးပေါင်းပြီး စက်ယန္တရားများဖြင့် အကြီးအကျယ် ရွှေတူးဖော်နေကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ နှစ်ကုန်ပိုင်းမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ - မိုင်းငေါ့ ကားလမ်းပေါ်ရှိ...