မိုးနဲမြို့ ဒေသအာဏာပိုင်များ လောင်းကစားဝိုင်း နောက်တစ်ခု ထပ်ဖွင့်ရန် စီစဥ်နေ
SHAN -
သျှမ်းပြည် တောင်ပိုင်း လင်းခေးမြို့နယ် မိုးနဲမြို့တွင် ဒေသအာဏာပိုင်များဦးဆောင်ပြီး လောင်းကစားဝိုင်းနောက်ထပ် ဖွင့်ရန် စီစဥ်နေကြောင်း စုံစမ်းသိရသည်။ လာမည့် နိုဝင်ဘာလ ၁၅ ရက်တွင် ဖွင့်လှစ်မည့် နယ်လှည့် ဈေးရောင်းပွဲတော်ကို အကြောင်းပြပြီး ဒေသ အာဏာပိုင်များ နှင့် စစ်မှုထမ်းဟောင်းများက ဒေသအတွင်းရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို လုံခြုံရေးယူခိုင်းပြီး လောင်းကစားဝိုင်း နောက်တခုထပ်မံ ဖွင့်လှစ်မည်ဖြစ်ကြောင်း မိုးနဲဒေသခံများ ပြောပြချက်အရသိရသည်။ “လာမဲ့ ၁၄ ရက်နေ့ကနေ ဖွင့်လှစ်မဲ့ အဲ့ဒီလောင်းကစားဝိုင်းက ဈေးရောင်ပွဲတောကို အကြောင်းပြပြီး ဖွင့်မှာ၊ လွယ်မြေ မှာ ဖွင့်မှာလို့ သိရတယ်၊ အရင်က လောင်းကစားဝိုင်းရုံက မပိတ်သေးဘူး၊ ဒါပေမဲ့ လောင်းကစားဝိုင်း အကြီးကြီးထပ်ဖွင့်မယ်တဲ့၊နောက်ကွယ်ကလူတွေကတော့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ၊ စစ်ကောင်စီက လူတွေနဲ့ စစ်မှုထမ်းဟောင်းတွေ ဖြစ်တယ်” ဟုအထက်ပါ အမျိုးသားက ပြောသည်။ လွယ်မြေ ဈေးရောင်းပွဲတော်နှင့် အတူ ဖွင့်လှစ်မည့် လောင်းကစားဝိုင်းများသည် အဓိအားဖြင့် ဖဲဝိုင်း၊ ဂုန်းကင်းဝိုင်း နှင့်လေးကောင်ဂျင်တို့ကို ဖွင့်လှစ်ဆော့ကစားမည်ဟု သိရပြီး လောင်းကစားဝိုင်း တစ်ဝိုင်းလျှင် အခွန် ၅၀၀၀၀ ကျပ် ဖြင့်အာဏာပိုင်တွေဆီ ပေးဆောင်ရကြောင်းလည်း သိရသည်။ “လောင်းကစားဝိုင်းတစ်ဝိုင်းစာကို ဒိုင်က တစ်ညကို အာဏာပိုင်တွေဆီ ၅၀၀၀၀ ကျပ်ပေးဆောင်ရမယ်တဲ့၊ တစ်ဝိုင်းကို တစ်ညစာအတွက် ၅၀၀၀၀ တောင်ရတယ်ဆိုတော့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေက ငြိမ်နေတာပေါ့” ဟု အထက်ပါ အမျိုးသားကဆက်ပြောသည်။ ထို့အပြင် မိုးနဲမြို့၌ ဖွင့်လှစ်နေလျက်ရှိသည့် ဟိုနောင်ကျေးရွာမှ လောင်းကစားဝိုင်းသည်လည်း တစ်လကျော်ကြာ လာသည့်အထိ မပိတ်သိမ်းသေးကြောင်း သတင်းသိရသည်။ အဆိုပါ ဟိုနောင်ရှိ ဖွင့်လှစ်လျက်ရှိသည့် လောင်းကစားဝိုင်းသည် SSS ပြည်သူ့စစ်တပ်ဖွဲ့မှ လုံခြုံရေးယူထား ပေးလျက်ရှိကြောင်း အသက် ၃၀ ကျော် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အခုလို လောင်းကစားကို တစ်လကျော်ကြာအောင် ဖွင့်နေတာက ကျမတို့ ဒေသခံအနေနဲ့တော့ လုံးဝ လက်မခံ ဘူး ပေါ့၊ဒါပေမဲ့ ပြည်သူ့စစ်ကိုယ်တိုင်က အလိုတူပြီး ပွဲခင်းထဲ နေရာယူပေးထားတာ ဆိုတော့ ကျမတို့က ဘာတတ်နိုင်မလဲ၊လောင်းကစားဝိုင်းကိုသာ လုံခြုံရေး ယူထားပေးတာ၊ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးတွေ ကတော့ တစ်နေ့တစ်ခြား ပိုဆိုးလာတယ်၊ ခိုးဆိုးလုယက်မှုတွေ ဓားပြတိုက်မှုတွေက နေ့တိုင်းနီးပါး ဖြစ်နေတာ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ ယခင် NLD အစိုးရလက်ထက်က ပွဲလမ်းသဘင်များတွင် လောင်းကစားဝိုင်းများ ဖွင့်ခွင့်မရှိဘဲယခု စစ်ကောင်စီ လက်ထက်တွင် ပွဲတိုင်းနီးပါး လောင်းကစားဝိုင်းများပါရှိပြီး ရဲတပ်ဖွဲ့များက အရေးယူပေးခြင်း မရှိသည့်အပြင် လောင်းကစားဝိုင်းတွင်သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူး၊ ရဲတပ်ဖွဲ့များကို လိုင်းကြေးပေးပြီး ဖွင့်လှစ်နေကြောင်း သိရသည်။
အောင်ပန်း သွေးလှူရှင်အသင်းခေါင်းဆောင်နှင့် အဖွဲ့ဝင် (၄)ဦးကို တောင်လေးလုံးထောင်ပို့
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ သွေးလှူရှင်အသင်းခေါင်းဆောင် ကိုတရုတ်ကြီး နှင့် ၎င်း၏ အဖွဲ့ဝင်(၄)ဦးကို တောင်လေးလုံးထောင်သို့ ပို့ဆောင်လိုက်ပြီးဖြစ်ကြောင်း စုံစမ်းသိရသည်။ ယခု နိုဝင်ဘာလ ပထမပတ်အတွင်း ကိုတရုတ်ကြီးကို မိသားစုဝင်များက အောင်ပန်းရဲစခန်းသို့ သွားရောက်တွေ့ဆုံခဲ့ပြီးနောက်မှာ စစ်ကောင်စီမှ လုံခြုံရေးအရ ဟုဆိုပြီး ၎င်းကို တောင်လေးလုံးသို့ ပို့ဆောင်လိုက်ကြောင်း အောင်ပန်းမြို့မှ ဒေသခံအမျိုးသားတစ်ဦးက...
မူဆယ် တရုတ်ကျောင်းမှ ကလေးမျက်လုံးထဲ အကင်းတုတ်ချောင်းထိုးစိုက်
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တရုတ်စာသင်ကျောင်းတစ်ကျောင်းတွင် ကလေးငယ်တစ်ဦး အသားကင် စားနေရင်း ဆော့ကစားရာမှ ချော်လှဲသွားကာ မျက်လုံးထဲသို့ တုတ်ချောင်းစိုက်ဝင်သွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ယမန့်နေ( နိုဝင်ဘာလ ၁၁) ရက် မနက်ပိုင်းတွင် ဖြစ်ပွားပြီး ကလေးငယ်ကို လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်သော်လည်း လက်မခံသဖြင့် မန္တလေးဆေးရုံသို့ ထပ်မံပို့ဆောင်ရကြောင်း...
အကြွေးများသည့် မူဆယ်မြို့ ပြည်သူ့စစ် တစ်ဦး အဆုံးစီရင်
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြိုန့ယ်တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦးသည် အကြွေးများပြီး မဆပ်နိုင်သည့်အတွက် စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက် မနက်ပိုင်း ၉ နာရီကျော်ဝန်းကျင် မူဆယ်မြို့ရှိ ကွတ်ခိုင်ပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦးသည် ၎င်းနေထိုင်သည့် စခန်းရှိ အိပ်ခန်းတွင် ကိုယ့်ကိုယ်ကို...
နမ္မတူ-လားရှိုး ကားလမ်းကြား အမျိုးသားတစ်ဦး ပျောက်ဆုံးနေ
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ ရပ်ကွက် ၈ တွင်နေထိုင်သူ အမျိုးသားတစ်ဦးသည် ၆ ရက်မြောက်ကြာ အဆက်သွယ်ပြတ်ပြီး ပျောက်ဆုံးနေကြောင်း စုံစမ်းသိရသည်။ အဆိုပါပျောက်ဆုံးသွားသူသည် အသက် (၃၅)နှစ်အရွယ်ရှိ စိုင်းလှသိန်းဖြစ်သည် နိုဝင်ဘာ ၅ရက် မနက် (၉)နာရီခွဲတွင် ဆိုင်ကယ် အနီရောင်ဖြင့် နမ္မတူမြို့ နေအိမ်မှ လားရှိုးနေအိမ်သို့ ပြန်သွားသည့် လမ်းတွင်...
ကျောက်မဲခရိုင်ရဲ ဗုံးပေါက်ကွဲမှု ရဲဝန်ထမ်းများပါဝင်နေ ဟုဆို
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ နိုဝင်ဘာ ၈ ရက် ခရိုင်ရဲတပ်ဖွဲ့ ဗုံးပေါက်ကွဲမှုဖြစ်စဥ်သည် စစ်ကောင်စီလက်အောက် ရဲတပ်သားများ ပါဝင်ပတ်သက်နေသည် ဟု စုံစမ်းသိရသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုတွင် ရဲတပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ကျောက်မဲမြို့နယ် အတွင်း နယ်မြေလုံခြုံမှုမရှိသည်ကိုပြသချင်သည့် သဘောဖြင့် ပြုလုပ်ခြင်းဖြစ်သည် ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုင်းအဝန်းက...
တရုတ် အာလူးကြောင့် ပြည်တွင်းစိုက်အာလူး စျေးကွက်ပျောက်လာနိုင်
တရုတ်နိုင်ငံထွက် အာလူးကို မြန်မာနိုင်ငံသို့ တင်သွင်းမှုဆိုသည့် သတင်းကြောင့် သျှမ်းပြည် အာလူးစျေးကွက် ပျောက်လာနိုင်ကြောင်း တောင်သူများက ပြောဆိုလိုက်သည်။ တရုတ်နိုင်ငံ ၊ ကမ်းစုဒေသထွက် အာလူးတန်ချိန် ၃၅၀ ကို မြန်မာနိုင်ငံသို့ တင်ပို့ရန်အတွက် တရုတ်အကောက်ခွန်ဌာနက စိစစ်ခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း နိုဝင်ဘာ ၇ ရက်တွင် ပေါက်ဖော် လူမှုကွန်ရက်စာမျက်နှာ၌...
တောင်လေးလုံးမှ နိုင်/ကျဥ်း နှစ်ဦး ပြန်လွှတ်လာ
SHAN -
သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် တောင်လေးလုံး အကျဥ်းထောင်တွင် ပြစ်ဒဏ်ချမှတ်ခံရသည့် နွေဦးတော်လှန်ရေးမှ နိုင်ငံရေး အကျဉ်းသား နှစ်ဦး ပြန်လည်လွှတ်မြောက်လာကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်တွင် တောင်ကြီးမြို့မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ဖြစ်ကြသည့် ၈၈ ကျောင်းသားဟောင်း ၊ နိုင်ကျဉ်းဟောင်း ဖြစ်သူ...
ကွတ်ခိုင်မြို့နယ် တောထဲ ဟင်းရှာရာမှ မြွေကိုက်ခံရသူများလာ
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် တောထဲသို့ ဟင်းရှာထွက်သည့်သူနှင့် စပါးရိတ်သည့် ပြည်သူများ မြွေကိုက်ခံရမှု များပြားလာကြောင်း သတင်းသိရသည်။ ယခုနှစ် နိုဝင်ဘာလ ၈ ရက် မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် နမ့်ဖတ်ကာနေ အသက် ၄၁ နှစ်ရှိ ဦးလောရွှေက လယ်ထဲ စပါးရိတ်နေစဥ် မြွေကိုက်ခံရပြီး...
ဖယ်ခုံမြို့နယ် လက်နက်ကြီးကြောင့် ကလေး တစ်ဦးအပါအဝင် အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီဘက်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လအိကျေးရွာနေထိုင်သည့် ကလေးတစ်ဦးအပါအဝင် အရပ်သား (၃)ဦးထိခိုက် လဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၉) ရက် ည ၉ နာရီခွဲတွင် စစ်ကောင်စီဘက်မှလက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်အချို့ ပျက်စီးခဲ့ပြီး ကလေးတစ်ဦး အပါအဝင်...





