ပြောင်းဖူးစက်ရုံးသုံး ကျောက်မီးသွေး အနံ့ဆိုးကြောင့် ပြည်သူများ အသက်ရှူကြပ်လာ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ရှိ ပြောင်းဖူးစက်ရုံများတွင် ကျောက်မီးသွေးကို အသုံးပြုသောကြောင့် အနံ့သက်ဆိုးများထွက်ပေါ်လာပြီး ပြည်သူများ အသက်ရှူကြပ်မှု စတင်ကြုံတွေ့လာကြောင်း စုံစမ်းသိရသည်။ အဆိုပါ ပြောင်းဖူးစက်ရုံမှ ထွက်ပေါ်လာသည့် အနံ့သည် လွန်စွာဆိုးရွာသဖြင့် ၎င်းဘေးပတ်ဝန်းကျင်တွင် နေထိုင်သည့် ပြည်သူများ အသက်ရှူကြပ်လာကြောင်း စက်ရုံးအနီးပတ်ဝန်းကျင်တွင်နေထိုင်သည့်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ အနံ့ကတော်တော်ဆိုးတယ်။ ညှီနံ့တွေလိုပဲ။...
ရန်ဖြစ်ရာမှ သေဆုံးသွားရသည့် နမ့်စန် ကျောင်းသားအတွက် ကျောင်းမှ ငွေကြေး ၁၁ သိန်းထောက်ပံ့
SHAN -
သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့ အမှတ်(၁) အထက်တန်းကျောင်းသား အချင်းချင်း ခိုက်ရန် ဖြစ်ပွားရာမှ သေဆုံးသွားသည့် ကျောင်းသား မောင်အောင်မော်ဟိန်းအတွက် ကျောင်းနှင့် ကျောင်းအကျိုးတော်ဆောင်များမှ ငွေကြေး ၁၁ သိန်းခွဲကျော် ကူညီထောက်ပံ့ခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်တွင် နမ့်စန် အမှတ်(၁) အထက်တန်းကျောင်းမှ ကျောင်းသား အချင်းချင်း ခိုက်ရန်ဖြစ်ပွား ပြီး...
စစ်ကောင်စီ ကျင်းပသည့် တောင်ကြီး တန်ဆောင်တိုင် ဒေသခံများ မသွားရဲ
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ နှစ်စဥ်နှစ်တိုင်း စဥ်ကားစွာ ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော်ကို ယခုနှစ်တွင် အာဏာသိမ်း စစ်ကောင်စီမှ ဦးစီးပြီး ပြုလုပ်သဖြင့် ဒေသခံများ မသွားရဲကြကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်သည့် မြန်မာနိုင်ငံ၏ အထင်ကရ ပွဲတော်တခုဖြစ်ပြီး ခရီးသွားဧည့်သည်များ အများအပြားလာရောက်လည်ပတ်သည့် ပွဲတော်တခုဖြစ်သလို တောင်ကြီး ဒေသခံများအတွက် ဂုဏ်ယူစရာပွဲတော်...
မိုင်းယော်တိုက်နယ် ဈေးနေ့ လောင်းကစားဝိုင်း ဖွင့်လှစ်လာ
SHAN -
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်၏ ဈေးနေ့တွင် လောင်းကစားဝိုင်းများလာရောက်ဖွင့်လှစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလ လဆန်းပိုင်းမှ စတင်ကာ မိုင်းယော်တိုက်နယ် ဈေးအနီး နမ့်နွမ်းကျေးရွာတွင် ဖွင့်လှစ်သည့် လောင်းကစားဝိုင်းကို ဈေးနေ့ (ငါးရက်တစ်ဈေး၊ သျှမ်းပြည် ဈေးနေ့) ရောက်တိုင်း ဖွင့်လှစ် ဆော့ကစားနေကြောင်း ဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို...
ကျိုင်းတုံမြို့တွင်း ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦးသေဆုံး
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နားခမ်းကျေးရွာ အနီးတွင် ပစ်ခတ်မှု တစ်ခု ဖြစ်ပွားပြီး ၁ ဦးသေဆုံးရကြောင်း သတင်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၉ )ရက် နံနက် ၉နာရီဝန်းကျင်တွင် တူမီးသေနတ်ကိုင်ဆောင်သည့် အမျိုးသားတစ်ဦးက ကျိုင်းတုံတက္ကသိုလ်အနီးသို့ ရောက်လာပြီးပစ်ခတ်ခဲ့ကာ အမျိုးသား တစ်ဦး ထိခိုက်သေဆုံးသွားကြောင်း သတင်းသိရသည်။ လက်ရှိတွင်...
သီပေါမြို့ မြစ်ကမ်းနံဘေးတွင် သေဆုံးနေသည့် အမျိုးသား အလောင်းတွေ့ရှိ
SHAN -
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့ရှိ သုဓ္ဒဝတီ မြစ်ကမ်းနံဘေးရှိ စန်းမာလာ ဥယာဥ် အနောက်ဘက်တွင် အအေးပတ်ပြီး သေဆုံးနေသည့် အမျိုးသား အလောင်းတွေ့ရှိခဲ့ကြောင်း သတင်းသိရသည်၊၊ ယမန်နေ့ ( နိုဝင်ဘာ ၇) ရက် ည ၈ နာရီဝန်းကျင်တွင် သီပေါမြို့ စန်းမာလာဥယျာဥ် အနောက်ဘက်၌ အမျိုးသား...
ကျောက်မဲမြို့ ခရိုင်ရဲရုံး လက်လုပ်ဗုံးပစ်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ခရိုင်ရဲရုံးတွင် ယနေ့ (နိုဝင်လဘာ ၈)ရက် မွန်းလွဲ ၃နာရီကျော်၌ အမည်မသိ လူ၂နှစ်ဦးမှ လက်လုပ်ဗုံးဖြင့် လာရောက်ပစ်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဥ်မှာ ယနေ့ (နိုဝင်ဘာ ၈)ရက် မွန်းလွဲ ၃နာရီကျော်တွင် ဆိုင်ကယ်တစ်စီးဖြင့် လူ၂ဦးက ရောက်လာပြီး ကျောက်မဲမြို့ ခရိုင်ရဲရုံးကို လက်လုပ်ဗုံးဖြင့်လာပစ်သွားကြောင်း...
မိုးမောက်မြို့နယ် ကျေးရွာအတွင်း စစ်ကောင်စီတပ်စွဲထားပြီး စစ်ရေး တင်းမာနေဆဲ
SHAN -
ကချင်ပြည် မိုးမောက်မြို့နယ် လုံဂျာကျေးရွာ နှင့် နောင်ပေါင်း ကျေးရွာထဲ စစ်ကောင်စီက တပ်စွဲထားပြီး စစ်ရေးတင်းမာနေလျက်ရှိကြောင်း စုံစမ်း သိရှိရသည်။ မိုးမောက်မြို့နယ်ထဲတွင် နိုဝင်ဘာ ၅ ရက်မှစပြီး တိုက်ပွဲငြိမ်သက်နေသော်လည်း စစ်ရေးက တင်းမာနေသဖြင့် စစ်ရှောင် (၆၀၀) ကျော်သည် နေရပ်သို့ မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့်...
သီပေါမြို့ အမျိုးသမီးတစ်ဦး နှစ်ကြိမ်မြောက် ဖမ်းဆီးခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ မြန်မာရပ်ကွက် နယ်မြေ ၁ တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦး နှစ်ကြိမ်မြောက် ဖမ်းဆီးခေါ်ဆောင်သွားခံရကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက် ညနေပိုင်း အချိန်တွင် လုပ်သွားလုပ်ရန်အတွက် မန္တလေးမြို့တွင် ပျောက်ဆုံးခဲ့ဖူးသော အမျိုးသမီးတစ်ဦးသည် နိုဝင်ဘာ ၅ ရက်...
သိန္နီ PDF နှင့် စစ်ကောင်စီ တိုက်ပွဲကြား PDF တပ်ဖွဲ့ ၇ ဦး ကျဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် သိန္နီ - ဟိုပန် လမ်းကြားတွင် သိန္နီပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် အာဏာသိမ်း စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ဘက်မှ ၇ ဦး ကျဆုံးခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက် ညနေပိုင်းမှ စတင်ခဲ့သည့်...





