သိန္နီ PDF နှင့် စစ်ကောင်စီ တိုက်ပွဲကြား PDF တပ်ဖွဲ့ ၇ ဦး ကျဆုံး

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် သိန္နီ – ဟိုပန် လမ်းကြားတွင် သိန္နီပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် အာဏာသိမ်း စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ဘက်မှ ၇ ဦး ကျဆုံးခဲ့ကြောင်း သတင်းသိရသည်။

TNPDF (ပုံအဟောင်း)

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက် ညနေပိုင်းမှ စတင်ခဲ့သည့် နှစ်ဖက်တပ်ဖွဲ့ ထိတွေ့တိုက်ပွဲတွင် PDF ဘက်မှ ၇ ဦးကျသည့်အပြင် ယနေ့အချိန်ထိ နှစ်ဖွဲ့တပ်ဖွဲ့ စစ်ရေးတင်းမာနေလျက်ရှိကြောင်း သျှမ်းမြောက်မှ PDF တပ်ဖွဲ့ ဝင် တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“TNPDF အခြေစိုက် ပင်မ ဗဟိုစခန်းကုန်းပေါ်ကို စစ်ကောင်စီက လက်နက်ကြီး နဲ့ လှမ်းပစ်တာ၊ TNPDF ဘက်က ၇ ဦး ကျတယ်၊ စစ်ကောင်စီဘက်က တော်တော်များများ ကျသွားတယ်လို့ သတင်းသိရတယ်၊ ဒီနေ့ အချိန်ထိ စစ်ရေးတင်းမာနေတုန်းပဲ” ဟု အထက်ပါ နီးစပ်သူ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွမ်းလုံလမ်းပိုင်းဖြစ်သည့် သိန္နီ – ဟိုပန် ကြားတောင်ကြောဘက်ရှိသည့် TNPDF ၏ တပ်စခန်း အနီးကို စစ်ကောင်စီတပ်ဖွဲ့ တောနင်းရာမှ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း TNPDF မှ ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ထို့အပြင် TNPDF တပ်ဖွဲ့ဘက်မှ ရဲဘော် အယောက် ၃၀ ကျော်လည်း ထိခိုက် ဒဏ်ရာရရှိနေသည့်အတွက် ရှေ့ဆက် တိုက်ပွဲဖြစ်ပါက အသေခံ တိုက်ပွဲဝင်ရန်သာရှိကြောင်း TNPDF ၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

“တပ်ဆုတ်ခွာဖို့ အတွက်လည်း အနီးပတ်ဝန်းကျင်မှာ ပြည်သူနေ ကျေးရွာရှိနေလို့ မဲမဲမြင်ရာ လိုက်ပစ်တဲ့ စကစရန်ကို ကျည်မကုန်မချင်း ဒီစခန်းမှာ အသေခံ တိုက်မယ့် ကျူပ်တို့ TNPDF တပ်ဖွဲ့ဝင် အားလုံးထဲက ဒဏ်ရာရလို့ ဆေးကုနေရတဲ့ ရဲဘော် ၃၂ ယောက် အပါအဝင် တပ်ဖွဲ့ဝင် ညီအကို မောင်နှမ အားလုံး သူတို့ ရန်သူကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေကြပါတယ်” ဟု ထုတ်ပြန်ရေးသားထားသည်။

ယင်းကဲ့သို့ ထိတွေ့တိုက်ပွဲများ နှင့် စစ်ရေးတင်းမာမှု ရှိနေသေးသည့်အတွက် လားရှိုး – သိန္နီ – ဟိုပန် ကားမောင်းသည့် ကားသမားတချို့လည်း ရပ်နားထားရကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့်အတွက် လက်နက်၊ ခဲယမ်း ထပ်မံဝယ်ယူနိုင်ရန်အတွက် NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကို TNPDF မှ အကူညီတောင်းခံထားကြောင်းလည်း သတင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှောင်းပိုင်း ဒီဇင်ဘာလ အတွင်းတွင် သိန္နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( သိန္နီ PDF ) အဖွဲ့သားတချို့ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရပြီး မည်သည့်နေရာသို့ ခေါ်ဆောင်ထားခြင်းကို မသိရသည့် ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

သိန္နီနှင့် ကွတ်ခိုင်တွင် မီးပြန်ရသော်လည်း မီတာတစ်ယူနစ် ၄၀၀ ကျပ် ပေးရမည်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များတွင် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း အိမ်သုံးမီတာခ တစ်ယူနစ်လျှင် ၄၀၀ ကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းမှစတင်ကာ သုံးနှစ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် အဆိုပါဒေသများတွင် ယခုအခါ...

သိန္နီတွင် ယွမ်ငွေသုံးစွဲမှုကြောင့် ကျပ်ငွေကိုင်သူများ ဒုက္ခကြုံ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ တရုတ်ယွမ်ငွေ လွှမ်းမိုးမှု မြင့်တက်လာခြင်းကြောင့် ဒေသခံပြည်သူများမျာ ကုန်ဈေးနှုန်းဒဏ်ကို ခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ယခုအခါ ကုန်စုံဆိုင်းများမှအစ KTV လုပ်ငန်းများအထိ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာပြီးနောက် ယွမ်ငွေကိုသာ အဓိက...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...