သီပေါမြို့ မြစ်ကမ်းနံဘေးတွင် သေဆုံးနေသည့် အမျိုးသား အလောင်းတွေ့ရှိ

သီပေါ အအေးပတ်သေဆုံး

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့ရှိ သုဓ္ဒဝတီ မြစ်ကမ်းနံဘေးရှိ စန်းမာလာ ဥယာဥ် အနောက်ဘက်တွင် အအေးပတ်ပြီး သေဆုံးနေသည့် အမျိုးသား အလောင်းတွေ့ရှိခဲ့ကြောင်း သတင်းသိရသည်၊၊

ယမန်နေ့ ( နိုဝင်ဘာ ၇) ရက် ည ၈ နာရီဝန်းကျင်တွင် သီပေါမြို့ စန်းမာလာဥယျာဥ် အနောက်ဘက်၌ အမျိုးသား ရုပ်အလောင်း တွေ့ရကြောင်း ဒေသခံများ၏ အကြောင်းကြားချက်အရ သီပေါမြို့ နယ်စည်းမခြား ပရဟိတ အဖွဲ့မှ သွားရောက်သယ်ဆောင်ပေးခဲ့ရကြောင်း တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ကို ဖုန်းဆက်လာတဲ့ အချိန်က မနေ့ ည ၈ နာရီခွဲလောက်ပေါ့၊ ရောက်သွားတော့ အအေးပတ်ပြီး သေဆုံးတဲ့ အနေအထားပါပဲ၊ အသက် ၃၀ ကျော်ဝန်းကျင် အမျိုးသား တစ်ဦးပါ” ဟု နယ်စည်းမခြား ပရဟိတ အသင်းမှ ကိုမျိုး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါ အအေးပတ်သေဆုံး

အဆိုပါ သေဆုံးသူ အမျိုးသားသည် သီပေါမြို့ ဈေးရပ်ကွက်တွင် မိသားစုများနှင့် နေထိုင်သူဖြစ်ပြီး မိသားစုဝင်များက ယနေ့ နိုဝင်ဘာလ ၈ ရက်တွင် မီးသဂြိုဟ် လိုက်ပြီးဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် သီပေါမြို့နယ်အတွင်း၌ အအေးပတ်ပြီး သေဆုံးသွားတဲ့ဖြစ်စဥ်လည်း ရှိခဲ့ဖူးကြောင်း ကိုမျိုးက ဆက်ပြောသည်။

“အခုဆိုရာသီဥတုက တော်တော်ကိုအေးလာပြီ၊ ကျနော်တို့မြို့က မြစ်ရှိတော့ ပိုအေးနိုင်တယ်၊ အရင်ကလည်း အအေးပတ်ပြီး သေသွားတဲ့ သူတွေရှိတယ်၊ ဒါကြောင့် နွေးနွေးထွေးထွေး နေကြပါ၊ ကျန်းမာရေးတွေကို အထူးဂရုစိုက်ကြပါလို့ပြောချင်တယ်” ဟု ကိုမျိုးက ဆက်ပြောသည်။

ထို့အပြင် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ နှင့် မူဆယ်မြို့တွင် အောက်တိုဘာလအတွင်း ပိုင်ရှင်မဲ့အလောင်း စုစုပေါင်း ၁၀ လောင်းထက်မနည်း တွေ့ရှိရကြောင်းလည်း ဒေသတွင်း ပရဟိတသမားများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

ထိုင်းနိုင်ငံ နွန်ထဘူရီကျောင်းပစ်ခတ်ခံရ ကျောင်းသားအပါအဝင် (၅)ဉီးသေဆုံး

0
ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ယနေ့ (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်တွင် ကျောင်းသားအပါအဝင် ၅ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများ အရ သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရဌာနပေါင်းစုံမှ ဝန်ကြီးများနှင့်...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

ဟိုပုံး – ကျောက်တန်း – ပင်လုံလမ်း ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲကျ ၆ ဦး သေဆုံး

0
သျှမ်းပြည် တောင်ပိုင်း ဟိုပုံး - ကျောက်တန်း - ပင်လုံလမ်းတွင် ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲကျပြီး အမျိုးသမီး ၅ ဦး နှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) ညနေ ၄ နာရီ...

သီပေါဒေသခံတစ်ဦးကို အသက်သေဆုံးသည်အထိ MNDAA စစ်ဆေးရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စုတွင် ဒေသခံအမျိုးသားတစ်ဦးအား ကိုးကန့်တပ်ဖွဲ့ MNDAA တပ်သားများမှ သေဆုံးသည်အထိ စစ်ဆေးရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ (၂၉) ရက် ည(၈)နာရီခန့်တွင် သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စု ပန်မြိုင်းကျေးရွာတွင် နေထိုင်သည့် အသက် (၆၃) နှစ်အရွယ် လုံးပန်သည် တောင်ယာတဲ အိပ်စောင့်ရန်...