စစ်ကောင်စီ ကျင်းပသည့် တောင်ကြီး တန်ဆောင်တိုင် ဒေသခံများ မသွားရဲ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ နှစ်စဥ်နှစ်တိုင်း စဥ်ကားစွာ ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော်ကို ယခုနှစ်တွင် အာဏာသိမ်း စစ်ကောင်စီမှ ဦးစီးပြီး ပြုလုပ်သဖြင့် ဒေသခံများ မသွားရဲကြကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီဦးစီးကျင်းပသည့် တန်ဆောင်တိုင်ပွဲမြင်ကွင်း

တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်သည့် မြန်မာနိုင်ငံ၏ အထင်ကရ ပွဲတော်တခုဖြစ်ပြီး ခရီးသွားဧည့်သည်များ အများအပြားလာရောက်လည်ပတ်သည့် ပွဲတော်တခုဖြစ်သလို တောင်ကြီး ဒေသခံများအတွက် ဂုဏ်ယူစရာပွဲတော် တခုဖြစ်သည်။

သို့သော် ၂၀၁၉ ခုနစ် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် တန်ဆောင်တိုင်ပွဲတော်ကို ပိတ်ခဲ့ရာ ယခုနှစ် အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် ပြန်လည်ကျင်းပခဲ့သည်။

စစ်ကောင်စီ ဦးစီးကျင်းပသည့်အတွက် တောင်ကြီးဒေသခံများသည် မလိုလားသဖြင့် သွားရောက်လည်ပတ်မှု မပြုကြကြောင်း သိရသည်။

ထို့ကြောင့် တန်ဆောင်တိုင်ဖွင့်ပွဲနေ့တွင် လူစည်းကားဖို့အတွက် စစ်ကောင်စီမှ တစ်ယောက်ကို ကျပ်ငွေ (၅,၀၀၀) ကျပ်မှ (၂၀,၀၀၀) ကျပ်ထိ ဈေးတင်ပေးပြီး လူခေါ်ယူခဲ့သည်။

စစ်ကောင်စီ ဦးစီးကျင်းပသည့် တန်ဆောင်တိုင်မြင်ကွင်းပုံ

“ အရင်တုန်းကတော့ တစ်ယောက်ကို ကျပ်ငွေ (ငါးထောင်) နဲ့ခေါ်တယ်။ တဖြည်းဖြည်း ပွဲလည်းနီးလာတော့ ကျပ်ငွေ (တစ်သောင်း) ကနေ (နှစ်သောင်း) ထိဈေးပေးပြီး ခေါ်နေတယ်။ သူတို့လိုက်ခေါ်နေတဲ့သူတွေက လောင်းကစားဝိုင်းက လောင်းကစားသမားတွေ၊ မူးယစ်ဆေးသမား၊ အရက်သမားတွေပဲ။ ပွဲမစည်အောင် စည်အောင်လုပ်နေတယ် “ ဟု တောင်ကြီးမြို့ အသက် ၂၅နှစ် အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုနှစ် နိုဝင်ဘာ ၇ ရက်တွင် တန်ဆောင်တိုင် ဖွင့်ပွဲအနေဖြင့် မီးပဒေသာပင် လှည့်လည်ပွဲပြုလုပ်ရာ စစ်ကောင်စီမှ လုံခြုံရေးယူထားပြီး စိန်းနပန်းမီးပုံးပျံ ၂ လုံးနှင့် ပိတ်ပွဲရက်များ ၃ ရက်ဆက်တိုက် ပြုလုပ်မည်ဖြစ်သော်လည်း မြို့ခံတောင်ကြီးသားများက ယခုနှစ်တွင် ပါဝင်ဆင်နွဲနိုင်ခြင်းမရှိခဲ့ကြောင်း ၎င်းလူငယ်က ပြောသည်။

ယခင်က စစ်အာဏာမသိမ်းခင်မှာ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်သည် ၉ ရက်ကြာ ပြုလုပ် ကျင်းပနိုင်ခဲ့သည်။

“ ကျနော်တို့လူငယ်တွေတော့ အရင်တွေလောက် မီးပုံးပျံတန်ဆောင်တိုင်ပွဲဆိုပြီးတော့ စိတ်ထဲမှာတောင် မရှိတော့ဘူး။ စစ်ကောင်စီက လုပ်တဲ့ပွဲကြီးမို့ စိုးရိမ်စရာတော့အများကြီးတာပေါ့။ ကျနော်ကိုယ်တိုင် ဒီနှစ်တိုင်ဆောင်ပွဲကို သွားမလည်ဘူး။ သွားလည်မယ်ဆိုရင်လည်း ကိုယ့်အတွက်အန္တရာယ်ရှိတယ်။ ဒီချိန်က ပွဲလုပ်မယ့်အချိန်မဟုတ်ဘူး “ ဟု အသက် ၂၀ အရွယ်ရှိ သျှမ်းလူငယ် တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့အပြင် စက်တင်ဘာလ ၂၀ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့များက မီးပုံးပျံလုပ် ယမ်းများကို ဖောက်ခွဲရေး ပစ္စည်းဟု သတ်မှတ်ပြီး ယမ်းအသုံးပြုသူများ၊ ဝယ်ယူသူများကို လိုက်လံဖမ်းခဲ့သလို မီးပုံးပျံ အဖွဲ့အစည်းမှ ပါဝင်သူများကိုလည်း စစ်ကောင်စီမှ ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ဖူးသည်။

အရင်နှစ်တန်ဆောင်တိုင်ပွဲတော်

“ ဒီပွဲကို အရင်လိုတော့မဟုတ်တာသေချာတယ်။ အရင်က ကျနော်တို့လူငယ်တွေ ပွဲမတိုင်ခင် ၂လလောက်ဆိုရင် ရင်ခုန်နေပြီ၊ မီးပုံးလုပ်တဲ့သူကလုပ်ပေါ့။ အာဏာသိမ်းပြီးနောက်မှာ မီးပုံးလုပ်ယမ်းကိုင်တဲ့သူလည်းဖမ်းတော့ ဘယ်သူက လုပ်ရဲမှာလဲ” ဟု ဝါပြားရပ်ကွက်နေ ပအိုဝ်းလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

တန်ဆောင်တိုင်ပွဲတော်ရောက်ပါက တခြားဒေသရောက် တောင်ကြီးသူ၊တောင်ကြီးသားများသည် မိမိဒေသကို အရောက်ပြန်လာကြပြီး ပွဲတော်ကို ဆင်နွှဲကြသလို ပွဲတော်အတွင်း လွှင့်တင်ရန် မီးပုံးပျံကိုလည်း ကိုယ်တိုင်ရင်ခုန်စွာ ပြုလုပ်ကြလေ့ရှိကြောင်း ပအိုဝ်းလူငယ် က ဆိုသည်။

အရင်နှစ် တောင်ကြီးတန်ဆောင်တိုင်မြင်ကွင်းပုံ

စစ်ကောင်စီသည် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် ပြည်သူများကို နည်းမျိုးစုံ အနိုင်ကျင့်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းတို့ကို ဆက်တိုက်ပြုလုပ်ခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီ ဦးစီးကျင်းပသည့် ပွဲတော်ကို မသွားရောက်ရန်လည်း အာဏာရှင်တော်လှန်သည့် အဖွဲ့အစည်းများက တိုက်တွန်းနှိုးဆော်ထားသည်။

တောင်ကြီးမြို့ပေါ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်မှ ယနေ့အချိန်ထိ စစ်ကောင်စီ တပ်သားများ၊ ပြည်သူ့စစ် PNO နှင့် ရဲတပ်ဖွဲ့များက စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးရေး တင်းကြပ်ထားနေပြီး မြို့ပေါ်လမ်းမကြီး နှင့် ရပ်ကွက်အတွင်း တွင်လည်း စစ်ကောင်စီ တပ်သားများ ကင်းလှည့်လည် စောင့်ဆိုင်းနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...