မိုးမောက်မြို့နယ် ကျေးရွာအတွင်း စစ်ကောင်စီတပ်စွဲထားပြီး စစ်ရေး တင်းမာနေဆဲ

ကချင်ပြည် မိုးမောက်မြို့နယ် လုံဂျာကျေးရွာ နှင့် နောင်ပေါင်း ကျေးရွာထဲ စစ်ကောင်စီက တပ်စွဲထားပြီး စစ်ရေးတင်းမာနေလျက်ရှိကြောင်း စုံစမ်း သိရှိရသည်။

စစ်ဘေးရှောင်များ

မိုးမောက်မြို့နယ်ထဲတွင် နိုဝင်ဘာ ၅ ရက်မှစပြီး တိုက်ပွဲငြိမ်သက်နေသော်လည်း စစ်ရေးက တင်းမာနေသဖြင့် စစ်ရှောင် (၆၀၀) ကျော်သည် နေရပ်သို့ မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“တိုက်ပွဲက ငြိမ်နေတာတော့ ၃ ရက်လောက်ရှိနေပြီ။ စစ်ရေးတော့ တင်းမာနေသေးတာရှိတယ်။ စစ်ကောင်စီကလည်း ကျေးရွာထဲမှာ တပ်စွဲထားတာရှိတယ်။ တိုက်ပွဲတော့ အချိန်မရွေး ဖြစ်လာနိုင်မယ် ထင်တယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသားက ဆိုသည်။

အဆိုပါ စစ်ကောင်စီက ကျေးရွာထဲတွင် တပ်စွဲနေထိုင်ထားသောကြောင့် ချမ်းမြေ့ဘုန်းကြီးကျောင်း နှင့် လောကမာရဇိန် ဘုန်းတော်ကြီးကျောင်း သို့ စစ်ဘေးရှောင်လာသည့် ပြည်သူများက နေရပ်ကို မပြန်နိုင်သေးကြောင်း သိရသည်။

“ စစ်ဘေးရှောင်တွေကတော့ မပြန်ရဲကြသေးဘူး။ တိုက်ပွဲ ဘယ်ချိန် ထဖြစ်မလဲ မသိတော့ ဒီမှာပဲ ဆက်နေကြသေးတယ်။ တိုက်ပွဲက အချိန်မရွေး ဖြစ်လာနိုင်တော့ စစ်ဘေးရှောင်တွေကလည်း စိုးရိမ်ကြတယ်လေ” ဟု မိုးမောက်မြို့ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် သူက ပြောသည်။

သို့သော် စစ်ဘေးရှောင်များတစ်ချို့က စပါးရိတ်သိမ်းရန်အတွက် နေရပ်ကို နေ့အချိန် ပြန်သွားပြီး ညအချိန်တွင် စစ်ရှောင်စခန်း သို့ ပြန်လာအိပ်ကြောင်း သိရသည်။

“နေ့ အချိန်ဆိုရင်တော့ စပါးပြန်သွားရိတ်ရတယ်။ ညဆိုရင်တော့ ဒီကိုပြန်လာအိပ်တာပေါ့။ စပါးက မရိတ်ရင်လည်း မရဘူး။ နောက်နှစ်အတွက် စားစရာ မရှိဖြစ်မယ်။ အခု မရိတ်ရင်လည်း ကျွဲ၊ နွားတွေက လယ်ကွက်ထဲဝင်လို့ရှိရင် ကျနော်တို့ စပါးတွေကို စားပစ်တယ်။ ဒီထက်နောက်ကျသွားရိတ် ရင်တော့ စပါးတွေက မကျန်တော့ဘူး။ ကျွဲ၊ နွားထိန်းဖို့ လူလည်းမရှိဘူး” ဟု စစ်ဘေးရှောင်တစ်ဦးကပြောသည်။

လက်ရှိ ဆောင်းရာသီ ဝင်ရောက်လာသောကြောင့် စစ်ဘေးရှောင်များအတွက်က ဆေးဝါး သောက်သုံးရေ များ၊ အနွေးထည်များ လိုအပ်ကြောင်း သိရသည်။

ထိုအပြင် နေ့ခင်းတွင် စပါးပြန်ရိတ်သည့် သူအများစုသည် လူငယ်များ ဖြစ်သဖြင့် စစ်ရှောင်စခန်းထဲ ကျန်ရှိသည့် သက်ကြီးရွယ်အိုများ နှင့် ကလေးငယ်များအတွက် ချက်ပြုတ်စားသောက်ရန်လည်း ခက်ခဲနေသည်။

လက်ရှိမှာ ဆောင်းရာသီဝင်သည့် ကာလဖြစ်သဖြင့် စစ်ဘေးရှောင်များ အနွေးထည်များလည်း လိုအပ်နေသည်။

“ အခုက ဆောင်းရာသီဝင်ပြီဆိုတော့ အနွေးထည်တွေ လိုအပ်တယ်။ ဒီမှာက သက်ကြီးရွယ်အို နဲ့ ကလေးတွေ များတယ်။ ပြီးတော့ သောက်သုံးရေတွေ လိုအပ်တယ်။ ရေချိုးခန်းတွေကလည်း ပေါင်းသုံးနေရတယ်။ လူများတော့ ရေက အလုံလောက်မရှိဘူး။ နေ့ခင်းဆို လူငယ်တွေမရှိလို့ သက်ကြီးရွယ်အိုတွေအတွက် ဟင်းချက်ပြုတ်ဖို့ ရေသည်ဖို့အတွက် အခက်ခဲတွေ ဖြစ်ကြတယ်” ဟု ၎င်းက ပြောသည်။

ထိုကြောင့် စစ်ဘေးရှောင်ပြည်သူများက တိုက်ပွဲကို ရပ်တန့်ပေးရန်လည်း တောင်းဆိုကြသည်။

ကချင်ပြည် မိုးမောက်မြို့နယ် လုံဂျာ နှင့် နောင်ပေါင်းကျေးရွာဒေသခံ ၆၀၀ ကျော်ဝန်းကျင်က အောက်တိုဘာ ၂၀ ရက်နေ့ကစ KIA, PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲကြောင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရပြီး အမျိုးသမီး ၄ ဦး လက်နက်ကြီး ထိမှန်ခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...