သီပေါမြို့ အမျိုးသမီးတစ်ဦး နှစ်ကြိမ်မြောက် ဖမ်းဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ မြန်မာရပ်ကွက် နယ်မြေ ၁ တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦး နှစ်ကြိမ်မြောက် ဖမ်းဆီးခေါ်ဆောင်သွားခံရကြောင်း စုံစမ်း သိရှိရသည်။

ပျောက်ဆုံးသွားသောသူ

ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက် ညနေပိုင်း အချိန်တွင် လုပ်သွားလုပ်ရန်အတွက် မန္တလေးမြို့တွင် ပျောက်ဆုံးခဲ့ဖူးသော အမျိုးသမီးတစ်ဦးသည် နိုဝင်ဘာ ၅ ရက် ညနေ ၃ နာရီဝန်းကျင်တွင် သီပေါမြို့ပေါ်၌ ကားအမဲရောင်တစ်စီးဖြင့် အမည်မသိ အမျိုးသား ၃ ဦးက ထပ်မံခေါ်ဆောင်သွားပြီး ပျောက်ဆုံး သွားခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာ ၅ ရက် ညနေ ၃ နာရီတွင် သီပေါမြို့ မြန်မာရပ်ကွက် တွင်နေထိုင်သော အသက် ၂၂ နှစ်အရွယ် မဆောင်းဟေမာန်ငြိမ်းသည် အိမ်အနီးရှိ မုန့်ဆိုင်သို့ ပဲမှုန့်သွားရောက်ဝယ်နေရင်း ကားအမဲရောင်တစ်စီးဖြင့် အမည်မသိ အမျိုးသား (၃) ဦးက ခေါ်ဆောင်သွားခဲ့ကြောင်း သူမ၏ မိခင်က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“မုန့်ဆိုင်တစ်ခုမှာ သမီးနဲ့ အသက် (၈) နှစ်အရွယ် ကလေးနဲ့အတူ ပဲမှုန့်သွားဝယ်တဲ့အချိန်မှာ သမီးက ပျောက်သွားတယ်။ အသက် (၈) နှစ်အရွယ် ကလေးကတော့ အိမ်ကိုပြန်လာပြီး သမီးကို ကားနဲ့လာဖမ်းသွားတယ်ဆိုတာ ပြောသွားတယ်” ဟု ၎င်းမိခင်က ဆိုသည်။

မဆောင်းဟေမာန်ငြိမ်းသည် ယခုနှစ် အောက်တိုဘာ ၃၁ ရက် ညနေပိုင်းတွင် မန္တလေးမြို့သို့ အလုပ်သွားလုပ်ရန် သွားစဥ် လမ်းတွင် တကြိမ် ပျောက်ဆုံးခဲ့ဖူးခဲ့သည်။

“အရင်တခေါက်တုန်းက အွန်လိုင်းပေါ်ကနေ မိငယ်ဆိုတဲ့ အကောင့်တစ်ခုနဲ့ခင်ပြီး၊ အကောင့်ကနေပြီးတော့ မန္တလေးမှာ အလုပ်လုပ်သွားဖို့ ခေါ်တယ်။ အဲ့တုန်းကလည်း သမီး တစ်ကြိမ်ပျောက်ပြီး အိမ်တခုထဲမှာ ပိတ်လှောင်ခံရလို့ လွတ်မြောက်လာခဲ့တယ်” ဟု သူမ၏ မိခင်က ပြန်ပြောပြသည်။

သူမသည် အောက်တိုဘာ ၃၁ ရက်တွင် မန္တလေးတွင် ဖမ်းဆီးခံရပြီး အိမ်တစ်ခုထဲ၌ ပိတ်လှောင်ခံရကာ နိုဝင်ဘာလ ၁ ရက်၌ ပြန်လည်လွတ်မြောက်လာခဲ့သည်။

အဆိုပါ ပျောက်ဆုံးသွားသော အမျိုးသမီးတစ်ဦးသည် အသက် ၂၂ နှစ် မဆောင်းဟေမာန်ငြိမ်း ဆိုသူဖြစ်ပြီး မန္တလေးမြို့တွင် ပြန်ပေးဆွဲခဲ့သော အဖွဲ့နှင့် ယခုပြန်လည် ဖမ်းဆီးသွားသော အဖွဲ့သည် တစ်ဖွဲ့တည်းဖြစ်မည်ဖြစ်ကြောင်းကို သံသယဝင်နေသည်ဟု ၎င်းမိဘက ပြောသည်။

ပျောက်ဆုံးသွားသော မဆောင်းဟေမာန်ငြိမ်း ကို မည်သူမဆို တွေ့ရှိပါက ၎င်းမိဘများထံ အကြောင်းကြားစေလိုကြောင်း အွန်လိုင်းမှတစ်ဆင့် အလုပ်ခေါ်ဆောင်နေသူများကို မယုံကြည်ရန် နှင့် သက်ဆိုင်ရာ အုပ်ထိန်းသူ မိဘများလည်း ဖုန်းများကို စစ်ဆေးစေပေးလိုကြောင်း ၎င်း မိဘဖြစ်သူများက ထပ်လောင်းပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...