Sunday, February 5, 2023

တောင်လေးလုံးမှ နိုင်/ကျဥ်း နှစ်ဦး ပြန်လွှတ်လာ

Must read

သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် တောင်လေးလုံး အကျဥ်းထောင်တွင် ပြစ်ဒဏ်ချမှတ်ခံရသည့် နွေဦးတော်လှန်ရေးမှ နိုင်ငံရေး အကျဉ်းသား နှစ်ဦး ပြန်လည်လွှတ်မြောက်လာကြောင်း သတင်းသိရသည်။

တောင်လေးလုံးမှ ပြန်လွှတ်လာသည့် နိုင်/ကျဥ်း ၂ဦး

ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်တွင် တောင်ကြီးမြို့မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ဖြစ်ကြသည့် ၈၈ ကျောင်းသားဟောင်း ၊ နိုင်ကျဉ်းဟောင်း ဖြစ်သူ ကိုမြင့်ဌေး (ခ) ကိုလယ်ကျော် နှင့် ပြည်သူ့ပါတီမှ ကိုဝင်းကို တို့က ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

“ဖမ်းဆီးခံရပြီး တစ်နှစ်နီးပါး အကြာမှာ ထောင်ဒဏ် ၂ နှစ် အမိန့်ချခံရတယ်၊ နှစ်ယောက်စလုံးပေါ့၊ အခုတော့ ပြစ်ဒဏ်မစေ့သေးပေမဲ့ ပြစ်ဒဏ်လျော့ပေါ့မှုနဲ့ပြန်လွှတ်လာတယ်၊ တခြား နိုင်ငံရေး အကျဥ်းသား တချို့လည်း ဒီရက်ပိုင်းမှာ ပြန်လွှတ်လာဖို့ရှိတယ်လို့ သတင်းသိရတယ်” ဟု တောင်ကြီးမြို့နယ်မှ ရှေ့နေတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းယူ ပြီးနောက် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမြင့်ဌေး (ခ) ကိုဘယ်ကျော် ကို ဖေဖော်ဝါရီလ ၉ ရက်တွင် လည်းကောင်း၊ ပြည်သူ့ပါတီမှ ဦးဝင်းကို ကို ဖေဖော်ဝါရီလ ၁၀ ရက်တွင် လည်းကောင်း ဖမ်းဆီးခြင်းခံခဲ့ရသည်။

ဖမ်းဆီးခံရပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ၎င်းတို့နှစ်ဦးကို ထောင်တွင်းတရားရုံး၌ပင် ထောင် ဒဏ် ၂ နှစ်စီ ချမှတ်ခြင်းခံရပြီး ယခု ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်တွင် ပြန်လွတ်လာခြင်းဖြစ်ကြောင်း ရှေ့နေ က ဆက်ပြောသည်။

ကိုဘယ်ကျော်၊ ကိုဝင်းကိုတိုနှင့်အတူဖမ်းဆီးထိန်းသိမ်းခံထားရသည့် ၈၈ မျိုးဆက် ကျောင်းသားဟောင်း ၊ နိုင်ကျဉ်းဟောင်းဖြစ်သည့် တောင်ကြီးခရိုင် NLD အတွင်းရေးမှူးဟောင်းဖြစ်သူ ဦးညီညီရွှေ နှင့် ဦးမောင်ဖြူ (NLD ရပ်ကျေး ဥက္ကဌ )တို့က ထောင်ဒဏ် (၂) နှစ်စီ ချမှတ်ခံခဲ့ရပြီး တောင်လေးလုံး၊ အကျဉ်းထောင်တွင်း ရှိနေဆဲဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်အတွင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများ ဖမ်းဆီးခံထားရမှုသည် AAPP ၏ နိုဝင်လာလ ၉ ရက်ဖော်ပြချက်အရ စုစုပေါင်း ၉၀၀ ကျော် ဖမ်းဆီးခံထားရနေကြောင်း သိရသည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

တောင်လေးလုံး #နိုင်ငံရေးအကျဥ်းသား

Leave a Comments

- Advertisement -spot_img

Latest article