အောင်ပန်း သွေးလှူရှင်အသင်းခေါင်းဆောင်နှင့် အဖွဲ့ဝင် (၄)ဦးကို တောင်လေးလုံးထောင်ပို့

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ သွေးလှူရှင်အသင်းခေါင်းဆောင် ကိုတရုတ်ကြီး နှင့် ၎င်း၏ အဖွဲ့ဝင်(၄)ဦးကို တောင်လေးလုံးထောင်သို့ ပို့ဆောင်လိုက်ပြီးဖြစ်ကြောင်း စုံစမ်းသိရသည်။

အောင်ပန်းမြို့

ယခု နိုဝင်ဘာလ ပထမပတ်အတွင်း ကိုတရုတ်ကြီးကို မိသားစုဝင်များက အောင်ပန်းရဲစခန်းသို့ သွားရောက်တွေ့ဆုံခဲ့ပြီးနောက်မှာ စစ်ကောင်စီမှ လုံခြုံရေးအရ ဟုဆိုပြီး ၎င်းကို တောင်လေးလုံးသို့ ပို့ဆောင်လိုက်ကြောင်း အောင်ပန်းမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ သူကို လုံခြုံရေးအရဆိုပြီးတော့ တောင်လေးလုံးထောင်ကိုပို့လိုက်ပြီ။ သူမိသားစုဝင်တွေက သွားလို့ဆိုပြီးတော့ ပို့လိုက်တာပါ။ ဒီလအတွင်းထဲမှာပို့လိုက်တာ။ သူအဖွဲ့ဝင်သားတွေလည်းပါမယ်ထင်တယ်” ဟု အောင်ပန်းမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ကိုတရုတ်ကြီးကို လက်ရှိမည်သည့်အမှုဖြင့်ဖမ်းဆီးထားကြောင်း မသိရှိရသေးသော်လည်း ၎င်း၏ ဖုန်းထဲတွင် PDF ကို ထောက်ပံ့ပေးထားသည့်အချက်လက်ကိုတွေ့ရှိထားသည်ဆိုပြီး ဖမ်းဆီးသွားခြင်းဖြစ်သည်။

“ သူကိုတောင်လေးလုံးထဲမှာပဲ စစ်ဆေးမယ်တဲ့။ အခုထိတော့ ဘာအမှုနဲ့ ဖမ်းထားလဲမသိရဘူး။ ဘာပုဒ်မနဲ့လည်း မသိရသေးဘူး။ သူတို့ (စစ်ကောင်စီ) တွေက စစ်ဆေးတဲ့အခါမှာ သူဖုန်းထဲမှာ PDF တွေကို ထောက်ပံ့ထား တာတွေ့တယ်တဲ့” ဟု ကိုတရုတ်ကြီးနှင့် နီးစပ်သူက ပြောသည်။

ကိုတရုတ်ကြီး နှင့် ၎င်းအဖွဲ့ဝင်များကို စစ်ကောင်စီက အောက်တိုဘာ ၁၀ ရက် ည ၅ နာရီဝန်းကျင်တွင် လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။
လက်ရှိအောင်ပန်းမြို့သည် ဖမ်းဆီးမှုနည်းပါးလာသော်လည်း စစ်ဆေးမှုက တင်းကြပ်နေဆဲ ဖြစ်ကြောင်း သိရသည်။

“ အောင်ပန်းမှာက အခုတလောစစ်ဆေးမှုကတော့ တင်းကြပ်နေဆဲဖြစ်တယ်။ ဖမ်းဆီးတာတွေတော့ သိပ်မရှိတော့ဘူး။ ပြီးတော့အခုက မီးတွေခနခနပျက်တယ်” ဟု အောင်ပန်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

အောင်ပန်းမြို့တွင် အောက်တိုဘာလအတွင်း ဖမ်းဆီးခံရသူ စုစုပေါင်း ၁၀ ဦးထက်မနည်းရှိထားပြီး နိုဝင်ဘာလတွင် ဖမ်းဆီးမှုမရှိကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ (၂၄၃၂) ဦး သတ်ဖြတ်ခံထားရပြီး ( ၁၆၁၃၆ ) ဖမ်းဆီးခံထားရကြောင်း နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP၏ နိုဝင်ဘာ ၁၀ ရက် ထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မာရီဂိုးလ်ပန်းစက်ရုံထွက်အနံ့ကြောင့် ဒေသခံများ ခေါင်းမူး၊ အော့အန်မှုဖြစ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ‌ ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။ သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...