Wednesday, January 28, 2026

အောင်ပန်း သွေးလှူရှင်အသင်းခေါင်းဆောင်နှင့် အဖွဲ့ဝင် (၄)ဦးကို တောင်လေးလုံးထောင်ပို့

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ သွေးလှူရှင်အသင်းခေါင်းဆောင် ကိုတရုတ်ကြီး နှင့် ၎င်း၏ အဖွဲ့ဝင်(၄)ဦးကို တောင်လေးလုံးထောင်သို့ ပို့ဆောင်လိုက်ပြီးဖြစ်ကြောင်း စုံစမ်းသိရသည်။

အောင်ပန်းမြို့

ယခု နိုဝင်ဘာလ ပထမပတ်အတွင်း ကိုတရုတ်ကြီးကို မိသားစုဝင်များက အောင်ပန်းရဲစခန်းသို့ သွားရောက်တွေ့ဆုံခဲ့ပြီးနောက်မှာ စစ်ကောင်စီမှ လုံခြုံရေးအရ ဟုဆိုပြီး ၎င်းကို တောင်လေးလုံးသို့ ပို့ဆောင်လိုက်ကြောင်း အောင်ပန်းမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ သူကို လုံခြုံရေးအရဆိုပြီးတော့ တောင်လေးလုံးထောင်ကိုပို့လိုက်ပြီ။ သူမိသားစုဝင်တွေက သွားလို့ဆိုပြီးတော့ ပို့လိုက်တာပါ။ ဒီလအတွင်းထဲမှာပို့လိုက်တာ။ သူအဖွဲ့ဝင်သားတွေလည်းပါမယ်ထင်တယ်” ဟု အောင်ပန်းမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ကိုတရုတ်ကြီးကို လက်ရှိမည်သည့်အမှုဖြင့်ဖမ်းဆီးထားကြောင်း မသိရှိရသေးသော်လည်း ၎င်း၏ ဖုန်းထဲတွင် PDF ကို ထောက်ပံ့ပေးထားသည့်အချက်လက်ကိုတွေ့ရှိထားသည်ဆိုပြီး ဖမ်းဆီးသွားခြင်းဖြစ်သည်။

“ သူကိုတောင်လေးလုံးထဲမှာပဲ စစ်ဆေးမယ်တဲ့။ အခုထိတော့ ဘာအမှုနဲ့ ဖမ်းထားလဲမသိရဘူး။ ဘာပုဒ်မနဲ့လည်း မသိရသေးဘူး။ သူတို့ (စစ်ကောင်စီ) တွေက စစ်ဆေးတဲ့အခါမှာ သူဖုန်းထဲမှာ PDF တွေကို ထောက်ပံ့ထား တာတွေ့တယ်တဲ့” ဟု ကိုတရုတ်ကြီးနှင့် နီးစပ်သူက ပြောသည်။

ကိုတရုတ်ကြီး နှင့် ၎င်းအဖွဲ့ဝင်များကို စစ်ကောင်စီက အောက်တိုဘာ ၁၀ ရက် ည ၅ နာရီဝန်းကျင်တွင် လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။
လက်ရှိအောင်ပန်းမြို့သည် ဖမ်းဆီးမှုနည်းပါးလာသော်လည်း စစ်ဆေးမှုက တင်းကြပ်နေဆဲ ဖြစ်ကြောင်း သိရသည်။

“ အောင်ပန်းမှာက အခုတလောစစ်ဆေးမှုကတော့ တင်းကြပ်နေဆဲဖြစ်တယ်။ ဖမ်းဆီးတာတွေတော့ သိပ်မရှိတော့ဘူး။ ပြီးတော့အခုက မီးတွေခနခနပျက်တယ်” ဟု အောင်ပန်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

အောင်ပန်းမြို့တွင် အောက်တိုဘာလအတွင်း ဖမ်းဆီးခံရသူ စုစုပေါင်း ၁၀ ဦးထက်မနည်းရှိထားပြီး နိုဝင်ဘာလတွင် ဖမ်းဆီးမှုမရှိကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ (၂၄၃၂) ဦး သတ်ဖြတ်ခံထားရပြီး ( ၁၆၁၃၆ ) ဖမ်းဆီးခံထားရကြောင်း နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP၏ နိုဝင်ဘာ ၁၀ ရက် ထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...