မိုးနဲမြို့ ဒေသအာဏာပိုင်များ လောင်းကစားဝိုင်း နောက်တစ်ခု ထပ်ဖွင့်ရန် စီစဥ်နေ

သျှမ်းပြည် တောင်ပိုင်း လင်းခေးမြို့နယ် မိုးနဲမြို့တွင် ဒေသအာဏာပိုင်များဦးဆောင်ပြီး လောင်းကစားဝိုင်းနောက်ထပ် ဖွင့်ရန် စီစဥ်နေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်တွင်း လောင်းကစားဝိုင်း

လာမည့် နိုဝင်ဘာလ ၁၅ ရက်တွင် ဖွင့်လှစ်မည့် နယ်လှည့် ဈေးရောင်းပွဲတော်ကို အကြောင်းပြပြီး ဒေသ အာဏာပိုင်များ နှင့် စစ်မှုထမ်းဟောင်းများက ဒေသအတွင်းရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို လုံခြုံရေးယူခိုင်းပြီး လောင်းကစားဝိုင်း နောက်တခုထပ်မံ ဖွင့်လှစ်မည်ဖြစ်ကြောင်း မိုးနဲဒေသခံများ ပြောပြချက်အရသိရသည်။ 

“လာမဲ့ ၁၄ ရက်နေ့ကနေ ဖွင့်လှစ်မဲ့ အဲ့ဒီလောင်းကစားဝိုင်းက ဈေးရောင်ပွဲတောကို အကြောင်းပြပြီး ဖွင့်မှာ၊ လွယ်မြေ မှာ ဖွင့်မှာလို့ သိရတယ်၊ အရင်က လောင်းကစားဝိုင်းရုံက မပိတ်သေးဘူး၊ ဒါပေမဲ့ လောင်းကစားဝိုင်း အကြီးကြီးထပ်ဖွင့်မယ်တဲ့၊နောက်ကွယ်ကလူတွေကတော့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ၊ စစ်ကောင်စီက လူတွေနဲ့ စစ်မှုထမ်းဟောင်းတွေ ဖြစ်တယ်” ဟုအထက်ပါ အမျိုးသားက ပြောသည်။

လွယ်မြေ ဈေးရောင်းပွဲတော်နှင့် အတူ ဖွင့်လှစ်မည့် လောင်းကစားဝိုင်းများသည် အဓိအားဖြင့် ဖဲဝိုင်း၊ ဂုန်းကင်းဝိုင်း နှင့်လေးကောင်ဂျင်တို့ကို ဖွင့်လှစ်ဆော့ကစားမည်ဟု သိရပြီး လောင်းကစားဝိုင်း တစ်ဝိုင်းလျှင်  အခွန် ၅၀၀၀၀ ကျပ် ဖြင့်အာဏာပိုင်တွေဆီ ပေးဆောင်ရကြောင်းလည်း သိရသည်။

“လောင်းကစားဝိုင်းတစ်ဝိုင်းစာကို ဒိုင်က တစ်ညကို အာဏာပိုင်တွေဆီ ၅၀၀၀၀ ကျပ်ပေးဆောင်ရမယ်တဲ့၊ တစ်ဝိုင်းကို တစ်ညစာအတွက် ၅၀၀၀၀ တောင်ရတယ်ဆိုတော့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေက ငြိမ်နေတာပေါ့” ဟု အထက်ပါ အမျိုးသားကဆက်ပြောသည်။

ထို့အပြင် မိုးနဲမြို့၌ ဖွင့်လှစ်နေလျက်ရှိသည့် ဟိုနောင်ကျေးရွာမှ လောင်းကစားဝိုင်းသည်လည်း တစ်လကျော်ကြာ လာသည့်အထိ မပိတ်သိမ်းသေးကြောင်း သတင်းသိရသည်။

အဆိုပါ ဟိုနောင်ရှိ ဖွင့်လှစ်လျက်ရှိသည့် လောင်းကစားဝိုင်းသည် SSS ပြည်သူ့စစ်တပ်ဖွဲ့မှ လုံခြုံရေးယူထား ပေးလျက်ရှိကြောင်း အသက် ၃၀ ကျော် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုလို လောင်းကစားကို တစ်လကျော်ကြာအောင် ဖွင့်နေတာက ကျမတို့ ဒေသခံအနေနဲ့တော့ လုံးဝ လက်မခံ ဘူး ပေါ့၊ဒါပေမဲ့ ပြည်သူ့စစ်ကိုယ်တိုင်က အလိုတူပြီး ပွဲခင်းထဲ နေရာယူပေးထားတာ ဆိုတော့ ကျမတို့က ဘာတတ်နိုင်မလဲ၊လောင်းကစားဝိုင်းကိုသာ လုံခြုံရေး ယူထားပေးတာ၊ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးတွေ ကတော့ တစ်နေ့တစ်ခြား ပိုဆိုးလာတယ်၊ ခိုးဆိုးလုယက်မှုတွေ ဓားပြတိုက်မှုတွေက နေ့တိုင်းနီးပါး ဖြစ်နေတာ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ယခင် NLD အစိုးရလက်ထက်က ပွဲလမ်းသဘင်များတွင် လောင်းကစားဝိုင်းများ ဖွင့်ခွင့်မရှိဘဲယခု စစ်ကောင်စီ လက်ထက်တွင် ပွဲတိုင်းနီးပါး လောင်းကစားဝိုင်းများပါရှိပြီး ရဲတပ်ဖွဲ့များက အရေးယူပေးခြင်း မရှိသည့်အပြင် လောင်းကစားဝိုင်းတွင်သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူး၊ ရဲတပ်ဖွဲ့များကို လိုင်းကြေးပေးပြီး ဖွင့်လှစ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးနဲတွင် ကျားဖြန့်လုပ်ကိုင်သူဟုယူဆရသည့် တရုတ်နိုင်ငံသားများရောက်ရှိလာ

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်အတွင်း ကျားဖြန့် (အွန်လိုင်းလောင်းကစား)လုပ်ကိုင်နေသူများဟု ယူဆရသည့် တရုတ်နိုင်ငံသားများ ရောက်ရှိလာကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။  ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှ စတင်ပြီး မိုးနဲမြို့မစျေးကြီးထဲသို့ တရုတ်ဘာသာစကားကိုသာအသုံးပြု ပြောဆိုနေကြသည့် တရုတ်နိုင်ငံသားများသည် စားနိပ်ရိက္ခာများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများကို လာရောက်ဝယ်ယူနေကြောင်း ကုန်စုံဆိုင်ရောင်းချနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့် ကို ပြောသည်။  “ အရင်လက စားသောက်ကုန်တွေလောက်ပဲလာဝယ်တာ။...

မိုးနဲမြို့နယ် စေတီထီးတင်ပွဲ၌ လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပ

0
သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် စေတီ ထီးတင်ပွဲကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ကျင်းပနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၁၄ ရက်)တွင် မိုးနဲမြို့နယ် ကန်တုံ (ကင်တုံ) ကျေးရွာ ကန်တုံကျေးရွာတွင် မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် မိုင်းနဲမြို့ခံများ ပူးပေါင်းကာ စေတီထီးတင်ပွဲကို ၄ ရက် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ...