တရုတ် အာလူးကြောင့် ပြည်တွင်းစိုက်အာလူး စျေးကွက်ပျောက်လာနိုင်

တရုတ်နိုင်ငံထွက် အာလူးကို မြန်မာနိုင်ငံသို့ တင်သွင်းမှုဆိုသည့် သတင်းကြောင့် သျှမ်းပြည် အာလူးစျေးကွက် ပျောက်လာနိုင်ကြောင်း တောင်သူများက ပြောဆိုလိုက်သည်။

အာလူး

တရုတ်နိုင်ငံ ၊ ကမ်းစုဒေသထွက် အာလူးတန်ချိန် ၃၅၀ ကို မြန်မာနိုင်ငံသို့ တင်ပို့ရန်အတွက် တရုတ်အကောက်ခွန်ဌာနက စိစစ်ခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း နိုဝင်ဘာ ၇ ရက်တွင် ပေါက်ဖော် လူမှုကွန်ရက်စာမျက်နှာ၌ ထုတ်ပြန်ရေးသားထားသည်။

စစ်အာဏာရှင်မှ တရုတ်နိုင်ငံထွက် အာလူးကို မြန်မာပြည်သို့ တင်ပို့ ရောင်းချပါက ပြည်သူတောင်သူ အာလူးစျေးကွက်များ ပျောက်ကွယ်လာနိုင်သည်။

သျှမ်းပြည်တောင်ပိုင်းသည် အာလူးအထွက်နှုန်းများပြားသည့် ဒေသဖြစ်သည့်အလျောက် တရုတ်ပြည်မှ စစ်အာဏာရှင်များ တန်ချိန်များစွာ အားလူးတင်သွင်းလာပါက ပြည်တွင်းအာလူးစိုက်ပျိုးထားသူများ၏ ဈေးကွက်သည် ပိုပြီး ခက်ခဲလာမည် ဟု အောင်ပန်းမြို့ အာလူးစိုက်ပျိုးသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာလူးစိုက်တောင်သူ

“ အခက်ခဲတွေအများကြီးရှိလာနိုင်တယ်။ တရုတ်ကဝင်လာတဲ့ အာလူးကို ဈေးက နိမ့်ပြီးရောင်းလို့ရတယ်။ ကျနော်တို့က အရင်းအနှီးကြီးနဲ့ စိုက်ထားရတယ်လေ။ ဈေးကွက်တွေပျောက်ဆုံးလာနိုင်တယ်။ ဈေးနှုန်းတွေ လုယူလာရနိုင်တယ်လေ” ဟု သျှမ်းတောင် အောင်ပန်းမြို့ အာလူးစိုက်ပျိုးတဲ့သူတစ်ဦးက ပြောသည်။

သျှမ်းတောင် အာလူးကိုစိုက်ပျိုးရန်အတွက် ၁ ဧဏလျှင် ကျပ် သိန်း ၃၀ မှ ၃၅ အထိ အရင်းအနှီးရှိသဖြင့် တရုတ်နိုင်ငံမှ တင်သွင်းသည့် အာလူးသည် စျေးနှုန်းအနည်းငယ်ဖြင့်ရောင်းပါက တောင်သူများအတွက် အရှုံးပေါ်လာနိုင်သည်။

“ အာလူးစိုက်ရင်တစ်ဧကကို ၃၅ သိန်းလောက်ကုန်တယ်။ တရုတ်ဘက်ကနေတင်လာတော့ ကျနော်တို့အတွက်က အရှုံးပေါ်တယ်။ အခုလည်းရောင်းတဲ့အချိန်ဖြစ်နေပြီ။ အရင်က တရုတ်ဘက်က မတင်သွင်းဘူးဆိုရင် ကျနော်တို့ တောင်သူတွေအတွက် အမြတ်အနည်းငယ်ကျန်ရှိသေးတယ်” ဟု အထက်ပါ သူက ပြောသည်။

အဆိုပါ တရုတ်နိုင်ငံဘက်မှ အာလူးများကို တင်သွင်းလာသောကြောင့် တောင်သူများက စစ်ကောင်စီသည် မလုပ်ဆောင်သင့်သော ဈေးကွက်ကို ဖော်ဆောင်ကြောင်း ပြောကြသည်။

တရုတ်နိုင်ငံသည် ကိုဗစ်- ၁၉ အကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံဘက်သို့ ကုန်တင်သွင်းမှုကို မကြာခဏ ပိတ်ဆိုင်းမှုပြုလုပ်ကာ မြန်မာပြည် ကုန်သည်များ၊ စိုက်ပျိုးရေးသမားများအခက်အခဲများစွာ ရင်ဆိုင်ခဲ့ရသည်။သက်ဆိုင်ရာ အစိုးရအနေဖြင့် မြန်မာပြည်သူများ၏ အခြေအေနကို ကြည့်ပြီး ကုန်သွယ်ရေးပိုင်းအဆင်ပြေအောင် တရုတ်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ပေးသင့်ကြောင်း နမ့်ခမ်းမြို့ စိုက်ပျိုးရေး လုပ်ဆောင်သည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အာလူး

“ အရင်နှစ်ဆိုလည်း ကျနော်တို့ကြံတွေအများကြီး လွှင့်ပစ်ခဲ့ရတယ်။ တစ်ချို့ဖရဲသီးကုန်သည်တွေဆိုလည်း လမ်းမှာပစ်ရတယ်။ သူတို့ဘက်ကတင်သွင်းလာပြီးတော့ ကျနော်တို့ဘက် တင်သွင်းခွင့်ပိတ်ထားတယ်ဆိုတော့ တရားမျှတမှုမရှိဘူး” ဟု ၎င်းစိုက်ပျိုးရေးသမားက ဆိုသည်။

လက်ရှိအချိန်ထိလည်း တရုတ်နိုင်ငံဘက်မှ ကိုဗစ် ၁၉ ကြောင့် ကုန်တင်ပို့မှုကို ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

“ တရုတ်တွေက လုပ်ချင်တိုင်းလုပ်တယ်။ ပိတ်ချင်ပိတ်တယ်။ ဖွင့်ချင်ဖွင့်တယ်။ ဒါကို ဒီဘက်က လူတွေက တောင်သူစျေးကွက်ကို မဖော်ဆောင်ဘဲ တရုတ်တွေကို အားပေးနေတယ်။ ကျနော်တို့ကို ဘာမှမငဲ့ညာဘူး” ဟု အထက်ပါ စိုက်ပျိုးရေးသမားက ဆိုသည်။

၂၀၂၀ ခုနစ်မှ စတင်ကာ တရုတ်နိုင်ငံဘက်မှ နယ်စပ်ကုန်သွယ်ရေးကို အတင်းအကြပ်ပြုလုပ်လာပြီး၊ မကြာခဏ ပိတ်ဆိုင်းမှုကြောင့် မြန်မာနိုင်ငံထွက်ကုန် ကြံ၊ဖရဲသီးနှင့် ပြောင်းဖူးတွေ အများအပြားစွန့်ပစ်လိုက်ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပေါင်းသတ်ဆေး မှားယွင်းသုံးစွဲမှုကြောင့် ပြောင်း ဧကထောင်ချီပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း မှ ပြောင်းစိုက်တောင်သူများ ပေါင်းသတ်ဆေး မှားယွင်းသုံးစွဲမှုကြောင့် ပြောင်းဧက ထောင်ချီ ပျက်စီးသွားကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ်နှင့် ပင်လောင်းမြို့နယ်မှ ပြောင်းစိုက်တောင်သူများသည် “ဟုန်းဟုန်းတောက်” တံဆိပ် ပြောင်းပေါင်းသတ်ဆေးကို သုံးပြီးနောက် ပြောင်းပင်များ ခြောက်လာပြီး သေဆုံးကုန်ကြောင်း ပြောင်းစိုက်ပျိုးသည့် တောင်သူများက ပြောသည်။ ထိုသို့ ပြောင်းပေါင်းသတ်ဆေး သုံးစွဲမှုကြောင့် တရွာလုံးအနေထားဖြင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...