နောင်ချို စစ်ဘေးရှောင် ၃၀၀၀ ကျော် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာအကူအညီ အရေးပေါ်လိုအပ်

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် တကျော့ပြန် တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၃၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရသည်။

သင်္ကြန်ကာလ ဧပြီ ၁၄ ရက်တွင် ပြင်ဦးလွင် စစ်တက္ကသိုလ်ကို မန္တလေး-PDF တပ်ဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ပြင်ဦးလွင်နှင့် နောင်ချိုအကြားရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခဲ့သည်။

ယခုဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် မန္တလေး-PDF တပ်ဖွဲ့တို့၏ တကျော့ပြန်တိုက်ပွဲအတွင်း သျှမ်း-မန္တလေးနယ်စပ် နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာ (၃၀) ကျော်မှ ဒေသခံပြည်သူ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“ရွာလုံးကျွတ် ထွက်ပြေးရတော့ အစားအသောက် ခက်ခဲတယ်၊ တော်တော်ဒုက္ခရောက်တယ်။ တိုက်ပွဲကြားကနေ ထွက်ပြေးလာရတော့ စားစရာလည်း ဘာမှ မယူလိုက်ရဘူး။ တချို့ဆို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်လာရတာ။ လူအများကြီး ဆိုတော့ စားရေးသောက်ရေး အဆင်မပြေဘူး၊ အခုထိ ကူညီတဲ့လူ မရှိသေးဘူး”ဟု နောင်ချိုမြို့နယ် အင်းဝိုင်းကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာရသည့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ဧပြီလ ၂၀/၂၁ ရက်တို့တွင် ပြင်ဦးလွင်မြို့ ကာကွယ်ရေးအတွက် အရေးပါပြီး မန္တလေး-PDF တပ်ဖွဲ့က သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာရှိ တပ်စခန်းကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်။

၎င်းလေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးသမီး ၂ ဦး အပါအဝင် စုစုပေါင်း ၄ ဦး သေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် ပြည်သူနေအိမ် အများအပြား ထိခိုက်ပျက်စီး၍ သရက်ကုန်း၊ ကံ့ကော်၊ ဇာလီဖြူချောင်၊ ပါဟက်၊ ဆီဆုံ၊ ပန်ခံ၊ နားပျန်၊ ညောင်ကုန်း စသည့် ကျေးရွာပေါင်း (၃၀) ကျော်မှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။

“အင်းဝိုင်းဘက်ကို ရောက်လာတာဆိုရင် တချို့က နေစရာမရှိလို့ မိုးကာလေးနဲ့ တဲထိုးပြီး နေရတာ။ ကျမတို့ဆိုရင် အခုတိုက်ပွဲထပ်ဖြစ်တော့ ဒုတိယတစ်ခေါက် ထပ်ပြေးရတာ။ အများစုကတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေ များတယ်။ တချို့စစ်ရှောင်တွေလည်း ကြံတင်တဲ့ ကားပေါ်တို့၊ ကားအောက်ပိုင်းတို့မှာ အိပ်နေရတာ”ဟု နောင်ချိုမြို့နယ်မှ ၎င်းစစ်ဘေးရှောင် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် နောင်ချိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များမှာ ပြည်ထောင်စုလမ်းမကြီး အရှေ့ဘက်ရှိ ဘန့်ဘွေးဘုန်းကြီးကျောင်းနှင့် ကျေးရွာထဲတွင် ၁၀၀၀ ဦးခန့်၊ အင်းဝိုင်းဘုန်းကြီးကျောင်းနှင့် ဆွေမျိုးများအိမ်တွင် ၈၀၀ ကျော်၊ ကုန်းလုံ ဘုန်းကြီးကျောင်းတွင် ၃၀၀ နီးပါး ခိုလှုံနေရပြီး ဝက်ဝံ၊ ခြေမြစ်ပင်၊ သဲသိုက်နှင့် အခြားကျေးရွာများသို့ စုစုပေါင်း ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

“စစ်ဘေးရှောင်က တစ်ရွာကို အနည်းဆုံး ရွာသား ၅၀၀ ကျော် ရှိကြတော့ ပြောရရင် ထောင်ဂဏန်း ထွက်ပြေးနေရတာပေါ့။ နောက်ပြီးတော့ အခုက ကြံခုတ်ရာသီဆိုတော့ အောက်ပြည်လာတဲ့ အလုပ်သမားတွေလည်း ရှိတော့ သူတို့လည်း အိမ်ရှင်နဲ့ လိုက်ပြီး ထွက်ပြေးရတာပေါ့၊ အဲ့လို အခက်အခဲတွေလည်း ရှိတယ်”ဟု နောင်ချိုမြို့နယ်မှ စစ်ဘေးရှောင်ကူညီပေးနေသူ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (ဧပြီလ ၂၃ ရက်) ည ၁၀ နာရီခန့်တွင်လည်း စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်က ပွဲကောက်နှင့် ကျောက်မဲလေးကျေးရွား တကြောတွင် နေရာယူတပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ စစ်ကောင်စီတပ်နှင့် မန္တလေး-PDF တပ်ဖွဲ့တို့သည် သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်နှင့် နောင်ချိုမြို့အကြားတွင် မတ်လ ၂၇ ရက်နေ့နောက်ပိုင်း နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း နောင်ချိုဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...