အခုရက်ပိုင်း အပူချိန်မြင့်တက်လာတာနဲ့အမျှ ရောဂါလက္ခဏာဖြစ်တဲ့ စိတ်တိုစိတ်ဆက်တာ၊ အားနည်းတာ၊ နုံးတာ၊ မျက်စိမှုန်တာ၊ မျက်စီနာတာ၊ ခေါင်းမူးတာ၊ မောပန်းနွမ်းနယ်တာ၊ အပူလွန်ကဲတာ စတဲ့နာမကျန်းမှုတွေ ခံစားနေရပါတယ်။
ဒါဟာ ပုံမှန်ထက်ပိုပူတဲ့အခြေအနေကို ထိတွေ့နေရတာကြောင့် အပူချိန်လျင်မြန်စွာ တက်လာပြီး လူ့ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းသိမ်းမှုလုပ်ငန်းစဉ်ကို ယိုယွင်းစေတာကြောင့် အခုလိုနာမကျန်းမှုတွေ ခံစားနေရတာပါ။
အာရှဒေသအတွင်းမှာ ကြာမြင့်စွာပူပြင်းခြောက်သွေ့မှုနဲ့ မိုင်းခေါင်ရေရှားမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ သမုဒ္ဒရာရေမျက်နှာပြင် ပူးနွေးလာတဲ့ အယ်လ်နီညိုဖြစ်စဉ်ဟာလည်း ၂၀၂၄ ခုနှစ် မေလအထိ ဆက်လက်ဖြစ်ပွားနိုင်တယ်လို့ အမေရိကန် မိုးလေဝသအေဂျင်စီအဖွဲ့ NOAA ရဲ့ ရာသီဥတုခန့်မှန်းရေးဌာန (Climate Prediction Center-CPC) က ပြောဆိုထားပါတယ်။
ဒါကြောင့် အခုလိုပူပြင်းတဲ့ နွေရာသီကာလမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် ကျန်းမာရေးအကြောင်း သိကောင်းစရာတချို့ကို မျှဝေးပေးချင်ပါတယ်။
-နေပူထဲသွားရင် ထီး၊ ဦးထုပ် ဆောင်းပါ။
နေပူထဲမှာ အနေကြာလာတဲ့အခါခေါင်းတွေ အုံလာတာဖြစ်တတ်သလို တဆစ်ဆစ်နဲ့ ခေါင်းတွေကိုက် လာတာလည်း ကြုံရတတ်ပါတယ်။ တချို့ဆို ဖျားတဲ့အထိတောင် ဖြစ်တတ်ပါတယ်။ ဒါဟာ ရေဓာတ်ဆုံးရှုံးလို့ ဖြစ်နိုင်ပါတယ်။ ရေဓာတ်ဆုံးရှုံးတဲ့အခါ သွေးကြောတွေ ကျုံ့လာတာကြောင့် ခေါင်းထဲမှာ တဆစ်ဆစ်နဲ့ ကိုက်လာတာပါ။
အဲ့ဒီလို ခေါင်းကိုက်လာပြီဆိုရင်လည်း နေရိပ်ထဲ၊ အေးတဲ့တစ်နေရာရာမှာ အနားယူပါ။ နားနားနေနေ နေပါ၊ လှုပ်လှုပ်ရှားရှား မလုပ်ပါနဲ့။
ဒါ့ကြောင့်လည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ နေပူထဲသွားရင် ထီး၊ ဦးထုပ်ဆောင်းပါ။ အင်္ကျီလက်ရှည် ပေါ့ပေါ့ပါးပါး၊ ချောင်ချောင်ချိချိလေး ဝတ်ဆင်ပေးပါ။
-ရေများများသောက်ပါ။
နေပူထဲမှာ အချိန်ကြာကြာနေတာနဲ့ ပူးပြင်းတဲ့ရာသီဥတုမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်တာတွေကြောင့် အပူလျပ်တတ်ပါတယ်။ အရမ်းပူလွန်းတာကြောင့် ကိုယ်ခန္ဓာကိုယ်ထဲက ရေဓာတ်တွေ ခန်းခြောက်သွားတာပါ။ ရေဓာတ်ပြန်လည်ဖြည့်တင်းဖို့အတွက် ရေများများသောက်ဖို့လိုအပ်ပါတယ်။ တစ်ရက်ကို အနည်းဆုံး ၂ လီတာ သောက်သင့်ပါတယ်။
-နေပူထဲမှာ အကြာကြီး မနေပါနဲ့။
နေပူထဲမှာ အကြာကြီးနေရင် ပူလွန်းလို့ ချွေးထွက်များပြီး ရေနဲ့ဓာတ်ဆား ဆုံးရှုံးတာ၊ နုံးတာ၊ အပူလျှပ်တာ ခေါင်းကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ ခေါင်းကိုက်တာအပြင် ချွေးမထွက်ဘဲ အသားတွေက ကိုင်ကြည့်ရင် ပူခြစ်နေမယ်။ မူးမယ်၊ သတိမကောင်းဘူး၊ အသားတွေ နီစပ်စပ် ဖြစ်ပါမယ်။ ဒါ့ကြောင့် နေပူထဲမှာအကြာကြီး မနေပါနဲ့။
-အနံ့ပြင်းလွန်းတဲ့ အလှပြင်ပစ္စည်းတွေကို ရှောင်ပါ။
အလှပြင်ပစ္စည်းတွေဟာ လူတွေကိုစွဲဆောင်သလို လူတစ်ယောက်ရဲ့ နဂိုအလှအပတွေကို ပြောင်းလဲစေ တာအမှန်ပါ။ ဒါပေမဲ့ အခုလိုပူပြင်းတဲ့နွေရာသီမှာ အနံ့ပြင်းလွန်တဲ့ အလှပြင်းပစ္စည်းတွေကိုသုံးပြီး လူအများကြားတိုးတဲ့အခါ လူတွေကိုမစွဲဆောင်တဲ့အပြင် တခြားသူတွေကို စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။
နေပူတာကတစ်မျိုး၊ အနံ့ပြင်းလွန်တဲ့ ရေမွေး၊ မိတ်ကပ်တွေက တစ်မျိုးနဲ့ အခြားသူတွေက သည်းမခံနိုင်တဲ့အခါ စိတ်ဆိုးဒေါသထွက်ကြပါတယ်။ ဒါကြောင့် အနံ့ပြင်းလွန်းတဲ့ အလှပြင်ပစ္စည်းတွေကို ရှောင်ပါ။
-နေပူထဲကနေပြန်လာပြီး ချက်ချင်းရေချိုးခြင်းကို ရှောင်ပါ။
နေပူထဲကနေပြန်လာပြီးတော့ ချက်ချင်းရေချိုးတာဟာ မီးသွေးခဲကို ရေထဲပစ်ချသလိုပါပဲ။ အပူနဲ့ အအေးဟာ မတည့်ပါဘူး။ တချို့မသိကြသူတွေကတော့ အရမ်းပူတယ်ဆိုပြီး ရေချိုးကြပါတယ်။ အဲ့လိုနေပူပူကြီး ရေချိုးတဲ့အခါမှာ ရှော့ဖြစ်ပြီး လေဖြတ်တာအပြင် ရေချိုးမှားတာကြောင့် သေဆုံးတဲ့အထိလည်း ဖြစ်ပါတယ်။
ဒါ့ကြောင့် နေပူထဲကနေ ပြန်လာပြီး ချက်ချင်းရေချိုးခြင်းနဲ့ မနက် (၁၀) နာရီမှ ညနေ (၅) နာရီအတွင်း အမိုးအကာမရှိတဲ့ နေရာများမှာ ရေချိုးအဝတ်လျှော်ခြင်းကို ရှောင်ကြဉ်ပါ။
-အရက်သောက်ခြင်း ရှောင်ပါ။
အရက်သောက်ခြင်းကြောင့် အပူဒဏ်ကို ပိုမိုပြင်းထန်စွာ ခံစားရနိုင်သဖြင့် ရှောင်ကြည်ပါ။
အခြား ဆောင်ရန်၊ ရှောင်ရန်အချက်တွေကတော့ ပူပြင်းတဲ့နွေရာသီကာလမှာ မကြာခဏ ရေသောက်ပါ ဒါမှမဟုတ် တစ်နေကုန်သောက်ပါ။ မကြာခဏ အရိပ်ထဲမှာ အနားယူပါ၊ အေးမှ ပြန်ထွက်ပါ။ နေကာမျက်မှန်တပ်ပါ။ အစားပုံမှန်စားပါ။ နေထူထဲမှာ ချွေးထွက်များစေတဲ့ လှုပ်ရှားမှုတွေကို ရှောင်ပါ။
ထို့အပြင် ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည် ရောဂါသည်တွေကိုလည်း နေ့လယ်ပိုင်းအချိန်မှာ အရိပ်ရအေးမြပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာများမှာ နားနေခိုင်းပါ။
(၂၁) ရာစုနောက်ပိုင်း တကမ္ဘာလုံးမှာ အပူချိန်မြင့်မားလာတာဟာ လူသားအားလုံးအပေါ် သက်ရောက်မှု ရှိနေတာကြောင့် အခုလိုနွေပူပူမှာ အပူဒဏ်ကိုရှောင်နိုင်ဖို့ အထက်ပါအချက်တွေကို လိုက်နာကျင့်သုံးပြီး အပူဒဏ်ကို ရှောင်ရှားနိုင်ကြပါစေလို့ တွန်းလိုက်လိုက်ရပါတယ်။