လားရှိုး MNDAA မှ တစ်လနီးပါး ဖမ်းဆီးထားသည့် မိန်းကလေးငယ်ကို ပြန်မလွှတ်သေး၊ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ရ

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ အသက်(၁၅) နှစ်အရွယ် မိန်းကလေးကို တစ်လနီးပါး ဥပဒေမဲ့ ဆက်လက်ဖမ်းဆီးထားပြီး ပြန်မလွှတ်ပေးခြင်းကြောင့် ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်အတွင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးကို အပြိုင်လိုက်ကြိုက်ရာမှ အချင်းချင်း ပြန်ပစ်သတ်ခဲ့သည့် ကိုးကန့်တပ်သားနှစ်ဦးနှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ MNDAA တပ်သားများမှ ၎င်းတို့ စခန်းချတပ်စွဲထားသည့် လုံမွန်းရွာ ဘုန်းကြီးကျောင်းသို့ အသက် (၁၅) နှစ်အရွယ် နန်းယိင်းဟွမ်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

MNDAA တပ်စခန်းတွင် တစ်လနီးပါး ကြာသည်အထိ ဖမ်းဆီးခံထားရသည့် ၎င်းမိန်းကလေးကို ယမန်နေ့ (မတ်လ ၄ ရက်) နေ့တွင် မိဘများမှ တွေ့ဆုံခွင့် ရခဲ့သော်လည်း လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးခြင်းကြောင့် ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

“အထက်က ဘာမှ မပြောလာသေးဘူးလို့ပဲ ပြန်ပြောနေတာ။ မိဘတွေ တောင်းဆိုတာကတော့ နံပါတ်တစ် သူတို့သမီးကို ပြန်လွှတ်ပေးဖို့၊ နံပါတ်နှစ်က မိန်းကလေးကို ပြန်မလွှတ်ပေးခင် အခြား ဘယ်နေရာကိုမှ မပြောင်းရွှေ့ဖို့၊ နံပါတ်သုံးကတော့ ဖမ်းခံထားရတဲ့ ကောင်မလေးက ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပြီး ကျန်းမာရေး စိုးရိမ်ရလို့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတယ်”ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့တွင် မိုင်းယော်တိုက်နယ် MNDAA တပ်စခန်းသို့ မိဘများမှ သွားရောက်တွေ့ဆုံခဲ့ရာ ဖုန်းယူဆောင်ခွင့် မပြုဘဲ ဖမ်းဆီးခံထားရသည့် နန်းယိင်းဟွမ်နှင့် စကားပြောဆိုခွင့်ပြုခဲ့ကြောင်း သိရသည်။

ကိုးကန့်စစ်သားနှစ်ဦး အချင်းချင်း သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်တွင် ကျူးလွန်ခဲ့သည့် ကိုးကန့်စစ်သားကို MNDAA မှ မိုင်းယော်ကျေးရွာအုပ်စုအတွင်း ကနဦး ဖမ်းဆီးထိန်းသိမ်း ထားခဲ့သော်လည်း ပြစ်ဒဏ်ချမှတ်ခြင်း မခံရမီ အခြားနေရာသို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

သေနတ်ပစ်ခတ်မှု ကျူးလွန်ခဲ့သည့် ကိုးကန့်စစ်သားကို MNDAA မှ ဖမ်းဆီးစစ်ဆေးနေစဉ် (ဓာတ်ပုံ – ပေးပို့)

ထို့အပြင် သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားသည့် ကိုးကန့်စစ်သား၏ မိခင်မှာ နန်းယိင်းဟွမ်ကို ဖမ်းဆီးထိန်းသိမ်းထားသည့် မိုင်းယော်တိုက်နယ် MNDAA တပ်စခန်းသို့ ရောက်ရှိလာပြီး လက်စားချေရန် ပြုမူလုပ်ဆောင်ခဲ့သည့်အပြင် သေနတ်ပစ်ခတ်မှု ကျူးလွန်ခဲ့သည့် အခြားကိုးကန့်စစ်သားနှင့် ဖမ်းဆီးခံထားရသည့် နန်းယိင်းဟွမ်တို့ကို ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကျေးရွာဒေသခံများက ပြောသည်။

“သေနတ်ပစ်ခံရပြီး သေသွားတဲ့ စစ်သားရဲ့ အမေက ရောက်လာပြီးတော့ ကောင်မလေးကို လက်စားချေဖို့ လုပ်တာ ဝိုင်းတားထားရတယ်။ သေနတ်ပစ်တဲ့ စစ်သားနဲ့ ဖမ်းခံထားရတဲ့ ကောင်မလေးကိုပါ သူ့သားနဲ့အတူ လိုက်သေရမယ်လို့ ခြိမ်းခြောက်တယ်။ ဒါကြောင့် MNDAA ဘက်က ချက်ချင်း ပြန်မလွှတ်သေးတာလည်း ဖြစ်နိုင်တယ်”ဟု ဖြစ်စဉ်သိရှိသူ လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အသက်မပြည့်သေးသည့် နန်းယိင်းဟွမ်ကို ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းထားခြင်းကြောင့် ပြန်လွှတ်ပေးရန် မိဘများနှင့် ရပ်မိရပ်ဖများမှ မိုင်းယော်တိုက်နယ်ရှိ MNDAA တပ်စခန်းသို့ အကြိမ်ကြိမ် သွားရောက်တောင်းဆိုသော်လည်း အထက်အမိန့် မရရှိခြင်းကြောင့် မလွှတ်ပေးနိုင်သေးကြောင်း ပြောဆိုခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ထို့ကြောင့် ဖမ်းဆီးခံထားရသည့် မိန်းကလေး၏ မိဘများမှ လားရှိုးမြို့သို့ လာရောက်၍ မြို့ပေါ်ရှိ သျှမ်းအရပ်ဘက် အဖွဲ့အစည်းများနှင့်အတူ UWSA ‘ဝ’ဆက်ဆံရေးရုံးသို့ ဖေဖော်ဝါရီ ၂၂ ရက်တွင် သွားရောက် အကူအညီ တောင်းခံကာ လောက်ကိုင်မြို့ရှိ MNDAA ဌာနချုပ်သို့ စာပေးပို့ထားကြောင်း သိရသည်။

“မိဘတွေနဲ့ လားရှိုးမြို့ပေါ်က အရပ်ဘက်အဖွဲ့တွေ စုပေါင်းပြီး စစ်ရေးအရ ဆက်ဆံမှုရှိတဲ့ ‘ဝ’ဆက်ဆံရေးရုံးကို အကူအညီတောင်းတာ ကိုးကန့်တပ် လောက်ကိုင် ဌာနချုပ် ကို စာပို့ပေးတယ်လို့ သိရတယ်။ မနေ့က နောက်ဆုံးသွားတွေ့ရတာတော့ ကိုးကန့်စစ်သားတွေက အရင်က သတင်းတင်ထားတာလည်း ပြန်ဖျက်ပေးဖို့ ပြောတယ်။ ဒါပေမယ့် ကောင်မလေးကိုတော့ ပြန်မလွှတ်ပေးသေးဘူး”ဟု လားရှိုးဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

ယခုကိစ္စနှင့် စပ်လျဉ်း၍ ကိုးကန့်တပ်ဖွဲ့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းထံသို့ သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် စာပို့မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ လုံမွန်းရွာတွင် စခန်းချတပ်စွဲထားသော ကိုးကန့်တပ်ဖွဲ့မှ အသက်မပြည့်သေးသည့် အပြစ်မဲ့ မိန်းကလေးအား ဖမ်းဆီးထားခြင်းကို အမြန်ဆုံး ပြန်လွှတ်ပေးရန် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့များနှင့် ကုလသမဂ္ဂ၊ အာဆီယံ၊ တရုတ်နှင့် ထိုင်း စသည့် သံရုံးများသို့ လိပ်မူ၍ သျှမ်းအရပ်ဘက် အဖွဲ့အစည်းများမှ မတ်လ (၁) ရက်တွင် စာရေးသားပေးပို့ခဲ့သည်။

အလားတူ MNDAA ၏ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နန်းယိင်းဟွမ် ပြန်လည်လွှတ်မြောက်ရေးအတွက် သျှမ်းအရပ်ဘက်အဖွဲ့အစည်းများမှ ဦးဆောင်၍ “Free Nang Ying Hom” အွန်လိုင်းကမ်ပိန်းကိုလည်း ပြုလုပ်ထားပြီး “MNDAA မှ ဖမ်းဆီးသွားသော နန်းယိင်းဟွမ်ကို အမြန်လွှတ်ပေးပါ”၊ “Civilian is not Hostage” စသည့် စာသားများဖြင့် တောင်းဆိုထားသည်။

ပုံ(၁) – မိုင်းယော်တိုက်နယ် MNDAA တပ်စခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အသက်(၁၅) နှစ်အရွယ် နန်းယိင်းဟွမ်
ပုံ(၂) – သေနတ်ပစ်ခတ်မှု ကျူးလွန်ခဲ့သည့် ကိုးကန့်စစ်သားကို MNDAA မှ ဖမ်းဆီးစစ်ဆေးနေစဉ် (ဓာတ်ပုံ – ပေးပို့)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...