နီပါ ဗိုင်းရပ်စ် အတွက် ဆေးမရှိသေး

အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း Nipah Virus (နီပါ ဗိုင်းရပ်စ်) ပြန်လည်ကူးစက်ခံရမှု ၅ ဦးအထိတွေ့ရှိပြီးနောက် လူနာများနှင့် ဆက်စပ်ခဲ့သည့် လူ ၁၀၀ ဦးခန့်အား နေအိမ်များတွင်သာ နေထိုင်ရန် ဒေသအာဏာပိုင်များမှညွှန်ကြားထားကြောင်း အိန္ဒိယ သတင်းဌာန New Delhi Television (NDTV) တွင်ဖော်ပြထားသည်။

အာဏာပိုင်များမှ ရောဂါထပ်မံပြန့်နှံ့မှုများမဖြစ်ပွားစေရန် ရောဂါထိတွေ့မှုများကို ခြေရာခံခြင်း၊ ဒေသတွင်း စစ်ဆေးမှုများ နှင့်် ပြည်သူလူထုများအား အသိပညာပေးလှုပ်ရှားမှုများကို စတင်လျက်ရှိသည်။

နီပါဗိုင်းရပ်စ် သည် ရောဂါတုံ့ပြန်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု အပေါ်မူတည်၍ သေဆုံးမှုနှုန်း ၄၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းကျော်အထိရှိကြောင်း ထုတ်ပြန်ထားသည်။
ရောဂါ လက္ခဏာများမှာ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ အခက်အခဲဖြစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ တက်ခြင်းနှင့် ဦးနှောက်အမြှေးယောင်ခြင်းတို့ ပါဝင်သည်။

လက်ရှိတွင် သီးသန့်အတည်ပြုထားသော လက်ရှိတွင် ကာကွယ်ဆေး သို့မဟုတ် ဗိုင်းရပ်စ်ပိုးအား သီးခြားကုသနိုင်သည့် ဆေးမရှိသေးသည့်အတွက် ရောဂါပိုးအား စောစီးစွာရှာဖွေတွေ့ရှိနိုင်ရန် လိုအပ်လျက်ရှိပြီး လျင်မြန်စွာသီးခြားခွဲထားနိုင်ရန် အရေးကြီးကြောင်းသိရသည်။

ရောဂါရှာဖွေမှုနှောင့်နှေးခြင်းနှင့် သတင်းအချက်အလက်မှားယွင်းခြင်းများကြောင့် အခြေအနေပိုမိုဆိုးရွားသွားနိုင်ကြောင််း သတိပေးထားသည််။

ကီရာလာပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်ကလည်း Nipah Virus ပြန့်နှံ့မှု ဖြစ်ပွားခဲ့ဖူးပြီး အစိုးရ၏လျင်မြန်သော လုပ်ဆောင်မှုများကြောင့် ထိန်းချုပ်နိုင်ခဲ့သော်လည်း ဆက်လက်စောင့်ကြည့်ရန် အရေးကြီးသော အခြေအနေအဖြစ် သတိပေးထားခဲ့သည်။

နိုင်ငံတကာ ကျန်းမာရေးအဖွဲ့အစည်းများနှင့် အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ ကပ်ရောဂါဖြစ်လာနိုင်ခြေကြောင့် အထူးအာရုံစိုက်စောင့်ကြည့်နေလျက်ရှိသည်။

Nipah ဗိုင်းရပ်စ် (NiV) သည် ၁၉၉၈ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ စတင်ဖြစ်ပွားခဲ့ပြီး တိရစ္ဆာန်မှတစ်ဆင့် ကူးစက်တတ်သော ပြင်းထန်သည့်ရောဂါတစ်မျိုးဖြစ်ပြီး ဝက်မွေးမြူရေးသမားများတွင် ပထမဆုံးတွေ့ရှိခဲ့ရသည်။

ဗိုင်းရပ်စ်ကို သစ်သီးစားသည့် လင်းနို့များ (Pteropus မျိုးစိတ်) မှ သဘာဝအတိုင်း သယ်ဆောင်လာပြီး ညစ်ညမ်းသော အစားအစာ၊ ရောဂါပိုးကူးစက်ခံရသော တိရစ္ဆာန်များမှ သို့မဟုတ် လူမှလူသို့ တိုက်ရိုက်ထိတွေ့မှုမှတစ်ဆင့် ကူးစက်နိုင်သည်။ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့တွင် မကြာသေးမီနှစ်များအတွင်းက ရောဂါပြန့်နှံ့မှုများ ပြန်လည်ဖြစ်ပွားခဲ့သေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်သူ ၇ထောင်ကျော်အထိရှိလာ

0
ယခုရက်ပိုင်း ထိုင်းနိုင်ငံတွင်း ကိုဗစ် ၁၉ကူးစက်ခံရသူ (၇၀၀၀)ကျော်ထိရှိလာပြီး တစ်ဉီးသေဆုံးခဲ့ကြောင်း မေ (၉)ရက် ထိုင်းနိုင်ငံ​ရောဂါထိန်းချုပ်ရေး ဌာန DDC က ထုတ်ပြန်လိုက်သည်။ ကိုဗစ်-၁၉ ကူးစက်ခံရသူ (၇၀၁၃)ဦးရှိပြီး ထိုထဲမှ တစ်ဉီးသည် သေဆုံးခဲ့ကြောင်း၊ ထိုစာရင်းများသည် မေလ ၄ရက်မှ မေလ ၈ ရက်အထိ...

ခေတ်အဆက်ဆက် ဉပက္ခာပြုခံနေရတဲ့ တောင်ပေါ်ဒေသ ကျန်းမာရေး

0
“မိမိကျန်းမာရေး၊ မိမိအခွင့်အရေး” ၊ “ကျန်းမာခြင်းသည် အားလုံးအတွက်” ဆိုတဲ့ ကျန်းမာရေး ဆောင်ပုဒ်တွေဟာ တောင်ပေါ်ဒေသအတွက်တော့ ယနေ့ထိတိုင် အသုံးမဝင်သေးပါဘူး။ “လူတိုင်း လုံလောက်သော လူနေမှုအဆင့်အတန်းနှင့် ဆေးကုသခွင့်ရှိသည်”ဆိုတဲ့ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အချက်လည်း တောင်ပေါ်ဒေသတိုင်းရင်းသားတွေ အတွက်က ဘယ်အစိုးရ၊ ဘယ်အာဏာပိုင်တက်တက် ဆုံးရှုံးရတဲ့ အခွင့်အရေး တရပ်ပါပဲ။ မိုးရာသီအချိန်မှာ...

လားရှိုး MNDAA မှ တစ်လနီးပါး ဖမ်းဆီးထားသည့် မိန်းကလေးငယ်ကို ပြန်မလွှတ်သေး၊ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ရ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ အသက်(၁၅) နှစ်အရွယ် မိန်းကလေးကို တစ်လနီးပါး ဥပဒေမဲ့ ဆက်လက်ဖမ်းဆီးထားပြီး ပြန်မလွှတ်ပေးခြင်းကြောင့် ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်အတွင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးကို အပြိုင်လိုက်ကြိုက်ရာမှ...

ပင်လောင်းစစ်ရှောင် တွေ ဝမ်းပျက်ဝမ်းလျော ဖြစ်ပြီး သေဆုံးမှုများရှိနေ

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ဝမ်းပျက်ဝမ်းလျောဖြစ်ပြီး အသက်သေဆုံးမှုရှိနေသော်လည်း ငှက်ပျောအူ ဆန်ပြုတ်ဖြင့် ဖြေရှင်းနေရကြောင်း စုံစမ်းသိရသည်။ ဇူလိုင် လလယ်မှ စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပင်လောင်းမြို့နယ် ဆောင်းပြောင်း စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျောရောဂါကို စတင်ကြုံလာရပြီး စစ်ဘေးရှောင် (၆)ဦး အသက်ဆုံးရှုံးသည့်အထိ ဖြစ်နေကြောင်း စစ်ရှောင်ကူညီနေသူ...