ရွာငံ-သာစည်ကြားရှိ PDF နေရာကို စစ်ကောင်စီကဝင်စီး၊ PDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ဖုန်းမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ထားဗီဒီယိုတွေ့ဟု သတင်းမှားဖြန့်

သျှမ်းပြည် ရွာငံ-သာစည်ကြားရှိ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး ကျကျန်ခဲ့သည့် PDF တပ်ဖွဲ့ဝင်တစ်ဦး၏ ဖုန်းအားစစ်ဆေးရာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်နေသည့် ဗီဒီယိုတွေ့ရှိသည်ဟု သတင်မှားဖြန့််ချိနေလျက်ရှိသည်။

စစ်ကောင်စီ ဝါဒဖြန့်တယ်ရီဂရမ်ချယ်နယ်ဖြစ်သည့် Mawshan Myay Media ဆိုသည့်အကောင့်မှ မတ်လ ၁၈ ရက်တွင် ဖြန့်ချိထားပြီး ကြည့်ရှု့သူများ ၁၂,၀၀ ကျော်အထိ ရှိသည်။

မူရင်းလင့်- https://archive.ph/bUbGf

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးခဲ့မှု ပြုလုပ်ခဲ့သည်။

၎င်းမှဖော်ပြထားသည့် အကြောင်းအရာဖြစ်စဉ်ဟာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည့် သတင်းဓာတ်ပုံကိုအသုံးပြုပြီး ယခု ၂၀၂၄ ခုနှစ် မတ်လ ၁၇ ရက်နေ့မှာ ဖြစ်သွားသလိုမျိုး လိုအပ်သလိုဖြည့်စွတ်ရေးသားဖော်ပြနေခြင်း ဖြစ်သည်။

မဲခေါင်းသတင်းဌာနကဖော်ပြထားသည့် သတင်းကို ဒီမှာ ကြည့်ပါ။

အလားတူ သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသည့်အဖွဲ့မှ အဆိုပါဓာတ်ပုံကို (Reverse Image) ဓာတ်ပုံစစ်ဆေးနည်းဖြင့် ထပ်မံစစ်ဆေးခဲ့ရာ စစ်ကောင်စီ ဝါဒဖြန့်ချယ်နယ်တစ်ခုဖြစ်သည့် ပြည်ချစ်သား အကောင့်မှ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်မှာ တစ်ကြိမ်ဖြန့်ချိထားသည်ကို တွေ့ရပြီး၊ တစ်နှစ်ပြည့် အချိန်မှာတော့ အဆိုပါဓာတ်ပုံဟောင်းကို ပြန်လည်အသုံးပြုကာ သတင်းတု၊ သတင်းမှား အနေဖြင့် ထပ်ဆင့်ဖြန့်ချိထားသည်ကိုလည်း တွေ့ရသည်။

ထို့ပြင် ရွာငံနှင့်သာစည်အကြားရှိ PDF ရှိရာနေရာကို ဝင်စီးလိုက်ကြောင်း ရေးသားဖော်ပြရာ၌လည်း မည်သည့်နေရာ၊ အချိန်ကို တိတိကျကျနှင့် အထောက်အထားခိုင်ခိုင်လုံလုံ ဖော်ပြထားနိုင်ခြင်းမရှိသည့်အပြင် သိရသည်ဟုစကားလုံးသာ အဆုံးသတ်ထားသည်။

ထို့အတူ စစ်ကောင်စီတပ်ဖွဲ့က ရုတ်တရက်ဝင်ရောက်စီးနင်းလိုက်သဖြင့် PDF တပ်ဖွဲ့ဝင်တချို့ သေဆုံးသွား သည်ဟု ရေးသားခဲ့ရာတွင်လည်း စိတ်ချယုံကြည့်ရသည့် ဒေသအတွင်းသတင်းမီဒီယာများမှာ ရေးသားဖော်ပြထားခြင်း မရှိပေ။

ယင်းဖြစ်စဉ်နှင့်နည်းတူ ဆီဆိုင်မြို့နယ် အမျိုးသမီး ၁ ဦးကို PNLA KNDF PDF တို့က အဓမ္မပြုကျင့်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်ရီဂရမ်ချယ်နယ်မှ ဝါဒဖြန့်ထားသည့်အကြောင်းအရာကို သျှမ်းသံတော်ဆင့်မှ သတင်းမှားကြောင်း စီစစ်တွေ့ရှိထားသည်။

မူရင်းလင့် – https://burmese.shannews.org/ဆီဆိုင်မြို့နယ်တွင်-အမျ/

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။
သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...