Tuesday, January 27, 2026

ရွာငံ-သာစည်ကြားရှိ PDF နေရာကို စစ်ကောင်စီကဝင်စီး၊ PDF တပ်ဖွဲ့ဝင်တစ်ဦးရဲ့ဖုန်းမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ထားဗီဒီယိုတွေ့ဟု သတင်းမှားဖြန့်

သျှမ်းပြည် ရွာငံ-သာစည်ကြားရှိ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး ကျကျန်ခဲ့သည့် PDF တပ်ဖွဲ့ဝင်တစ်ဦး၏ ဖုန်းအားစစ်ဆေးရာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်နေသည့် ဗီဒီယိုတွေ့ရှိသည်ဟု သတင်မှားဖြန့််ချိနေလျက်ရှိသည်။

စစ်ကောင်စီ ဝါဒဖြန့်တယ်ရီဂရမ်ချယ်နယ်ဖြစ်သည့် Mawshan Myay Media ဆိုသည့်အကောင့်မှ မတ်လ ၁၈ ရက်တွင် ဖြန့်ချိထားပြီး ကြည့်ရှု့သူများ ၁၂,၀၀ ကျော်အထိ ရှိသည်။

မူရင်းလင့်- https://archive.ph/bUbGf

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးခဲ့မှု ပြုလုပ်ခဲ့သည်။

၎င်းမှဖော်ပြထားသည့် အကြောင်းအရာဖြစ်စဉ်ဟာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည့် သတင်းဓာတ်ပုံကိုအသုံးပြုပြီး ယခု ၂၀၂၄ ခုနှစ် မတ်လ ၁၇ ရက်နေ့မှာ ဖြစ်သွားသလိုမျိုး လိုအပ်သလိုဖြည့်စွတ်ရေးသားဖော်ပြနေခြင်း ဖြစ်သည်။

မဲခေါင်းသတင်းဌာနကဖော်ပြထားသည့် သတင်းကို ဒီမှာ ကြည့်ပါ။

အလားတူ သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသည့်အဖွဲ့မှ အဆိုပါဓာတ်ပုံကို (Reverse Image) ဓာတ်ပုံစစ်ဆေးနည်းဖြင့် ထပ်မံစစ်ဆေးခဲ့ရာ စစ်ကောင်စီ ဝါဒဖြန့်ချယ်နယ်တစ်ခုဖြစ်သည့် ပြည်ချစ်သား အကောင့်မှ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်မှာ တစ်ကြိမ်ဖြန့်ချိထားသည်ကို တွေ့ရပြီး၊ တစ်နှစ်ပြည့် အချိန်မှာတော့ အဆိုပါဓာတ်ပုံဟောင်းကို ပြန်လည်အသုံးပြုကာ သတင်းတု၊ သတင်းမှား အနေဖြင့် ထပ်ဆင့်ဖြန့်ချိထားသည်ကိုလည်း တွေ့ရသည်။

ထို့ပြင် ရွာငံနှင့်သာစည်အကြားရှိ PDF ရှိရာနေရာကို ဝင်စီးလိုက်ကြောင်း ရေးသားဖော်ပြရာ၌လည်း မည်သည့်နေရာ၊ အချိန်ကို တိတိကျကျနှင့် အထောက်အထားခိုင်ခိုင်လုံလုံ ဖော်ပြထားနိုင်ခြင်းမရှိသည့်အပြင် သိရသည်ဟုစကားလုံးသာ အဆုံးသတ်ထားသည်။

ထို့အတူ စစ်ကောင်စီတပ်ဖွဲ့က ရုတ်တရက်ဝင်ရောက်စီးနင်းလိုက်သဖြင့် PDF တပ်ဖွဲ့ဝင်တချို့ သေဆုံးသွား သည်ဟု ရေးသားခဲ့ရာတွင်လည်း စိတ်ချယုံကြည့်ရသည့် ဒေသအတွင်းသတင်းမီဒီယာများမှာ ရေးသားဖော်ပြထားခြင်း မရှိပေ။

ယင်းဖြစ်စဉ်နှင့်နည်းတူ ဆီဆိုင်မြို့နယ် အမျိုးသမီး ၁ ဦးကို PNLA KNDF PDF တို့က အဓမ္မပြုကျင့်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်ရီဂရမ်ချယ်နယ်မှ ဝါဒဖြန့်ထားသည့်အကြောင်းအရာကို သျှမ်းသံတော်ဆင့်မှ သတင်းမှားကြောင်း စီစစ်တွေ့ရှိထားသည်။

မူရင်းလင့် – https://burmese.shannews.org/ဆီဆိုင်မြို့နယ်တွင်-အမျ/

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။
သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...