လောင်းကစားဝိုင်း ပြန်အမျိုးသားတစ်ဦးကို ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ ဖမ်းဆီး

သျှမ်းပြည် ရွာငံမြို့နယ်တွင် အလောင်းကစားဝိုင်းမှ ပြန်လာသော အမျိုးသားတစ်ဦးကို ဂျိုးဖြူတော်လှန်ရေး တပ်ဖွဲ့ က လမ်းတွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သျှမ်းပြည် ရွာငံမြို့နယ်တွင် ရိုးရာ တာတက်ပွဲနှင့် ဘုရားပွဲတို့တွင် အလောင်းစားဝိုင်းများ ပြုလုပ်နေပြီး အလောင်းကစားဝိုင်းမှ ပြန်လာသော အမျိုးသားတစ်ဦးကို ကျောက်တောင်ရွာ အနီးတွင် ဂျိုးဖြူတော် လှန်ရေး တပ်ဖွဲ့ က ယနေ့ (ဧပြီလ ၂၄ ရက်) နေ့လည် ၁နာရီခွဲကျော်တွင် လောင်းကစားပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဂျိုးဖြူတော်လှန်ရေး တပ်ဖွဲ့ တာဝန်ရှိ သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့က တာတက်ပွဲ ဘုရားပွားရှိတာပေါ့။ကျနော်တို့ကို အကြောင်းကြားတဲ့လူရှိတော့ လမ်းမှာ ဖမ်းမိတာ။ငွေနှင့် ဂျင်သီး ၇ လုံးကို ဖမ်းမိတာပေါ့။ သူတို့ရိုက်နှက်တာမျိုးတော့မလုပ်ဘူး။အလောင်းကစားဝိုင်းကို ထပ်မလုပ်ဖို့ ခံဝန်ကတိ လက်မှတ်ထိုးခိုင်းတာပေါ့။ဒါတွေကို ဆက်လုပ်မယ်ဆိုရင်တော့ မှတ်ပုံတင်နဲ့ ယာဉ်မောင်းလိုင်းစဉ် ကဒ်ကို ယာယီသိမ်းထားမယ်ပေါ့။”ဟု ဂျိုးဖြူတော်လှန်ရေး တပ်ဖွဲ့ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

အလောင်းကစားဝိုင်းများကို ဂျိုးဖြူတော်လှန်ရေး တပ်ဖွဲ့ က လိုက်လံဖမ်းဆီးနေပြီး နောက်ဆက် ဆိုးကျိုးများကိုဖြစ်သည့် ခိုးဆိုးလုယက်မှုများ အဖြစ်စေရန် ကြိုးစားရှင်းလင်းနေကြောင်း ၎င်းက ဆက်ပြောသည်။

“အာဏာသိမ်းပြီးတဲ့နောက် ဘော်လုံးပွဲတွေက အစ စစ်ကောင်စီက အလောင်းကစားဝိုင်းကို ကြီးကြီကျယ်ကျယ် လုပ်လာတာ လုပ်ပေးတယ်။ဒီလိုလိုက်ဖမ်းနေတာကလည်း ၂ ခေါက် ၃ ခေါက်လောက်ရှိနေပြီလေ။ ပြည်သူတွေ ကိုလည်း အလောင်းကစားဝိုင်းတွေ မလုပ်ဖို့ ပါဝင်ပူးပေါင်းစေချင်တယ်။” ဟု ၎င်းက ဆက်ပြောသည်။

ထို အဖမ်းခံ ရသည့် အမျိုးသားသည် ရွာငံမြို့နယ် ရွာမရပ်ကွက်တွင် နေထိုင် သူဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ မှ ၂၀၂၁ အာဏာသိမ်းပြီးနောက် ရွာငံမြို့နယ်ရှိ ပွဲများတွင် အလောင်းကစားဝိုင်းများပိုမို များပြားလာကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၁ ရက် တွင်လည်း ရွာငံမြို့နယ်တွင် မြင်းကျဒိုးရွာရှိ ရဲစခန်းကို ဂျိူးဖြူအဖွဲ့မှ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်သား ၃ ဦးထပ်မနည်းသေဆုံးခဲ့ကာ၊ အမျိုးသားတစ်ဦးနှင့် အတူ လက်နက်များ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...