Tuesday, January 27, 2026

ဆီဆိုင်မြို့သို့ နေရပ်ပြန်စစ်ရှောင်အမျိုးသမီး တစ်ဦးကို PNO သေနတ်ဖြင့်ပစ်သတ်

သျှမ်းပြည် ဆီဆိုင်မြို့သို့ နေရပ်ပြန်သွားသည့် စစ်ရှောင်လင်မယား ၂ဦးကို ပအိုဝ်းပြည်သူ့စစ် (PNO) က သေနတ်ဖြင့် လိုက်ပစ်သဖြင့် အမျိုးသမီးက ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီလ ၁၀)ရက် နံနက် ၆ နာရီအချိန်တွင် စစ်ဘေးရှောင် လင်မယားဖြစ်သည့် ဒေါမူနှင့် ဦးယောင်တို့ နှစ်ဦးသည် စစ်ဘေးရှောင်နေရာမှ နောင်သိမ်ရွာသို့ ပြန်နေစဉ် တောလမ်းတစ်နေရာ၌ PNO စစ်ကြောင်းနှင့်တိုးပြီး သေနတ်ပစ်ခတ်ခံခဲ့ရာ ဇနီးဖြစ်သူဒေါမူ သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်ကိုသိရှိသူတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်က မြို့တပ်ထဲကနေ စစ်ကောင်စီက လက်နက်ကြီး၊ တင့်ကားတွေနဲ့ နောင်သိမ်ရွာထဲကို ပစ်တာ။ အဲ့နေ့ကတည်းက သူတို့လင်မယားစစ်ရှောင်လာခဲ့တာ။ မနေ့ကမှ ရွာပြန်မယ်ဆိုပြီး စစ်ရှောင်နေရာ ကနေ ရွာကိုပြန်အလာ တောလမ်းတစ်နေရာမှာ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO စစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်ခံရတာ။ သူ့ယောက်ျားကတော့ လွတ်တယ်” ဟု ၎င်းကပြောသည်။

အဆိုပါ သေဆုံးသူအလောင်းကို ၃ နာရီကြာမှ ပူးပေါင်းတော်လှန်ရေး အင်းအားစုတပ်ဖွဲ့က သွားယူဆောင်ပေးပြီး အလောင်းကိုပြန်ရခဲ့ကြောင်း သိရသည်။

အလားတူ ဧပြီလ ၈ ရက်တွင်လည်း ဆီဆိုင်မြို့နယ် တွေပူးကျေးရွာအတွင်း ရေခပ်ရန်သွားသည့် ကျောင်းသူ ၃ ဦးသည် လမ်းပေါ်မှာသွားလာနေစဉ် စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါ်ကွဲမှုကြောင့် ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ဖေဖော်ဝါရီလ ၁၉ ရက်တွင်လည်း ဆီဆိုင်မြိုသို့ နေရပ်ပြန်ပြီး ပစ္စည်းသယ်ယူကြသည့် စစ်ရှောင်များသည် မွေတော်ဘုရားအရှေ့ဘက်ရှိ ဝါးတောရွာမြောက်ဘက်မှာ ရောက်ရှိနေစဉ် စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ၇ ဦးသေဆုံးခဲ့သည်။

လက်ရှိ ဆီဆိုင်မြို့တွင် နှစ်ဖက်တပ်ဖွဲ့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသေးသောကြောင့် ဒေသခံများအနေဖြင့် မြို့တွင်းသို့ ဝင်ရောက်ခြင်း မပြုကြရန်လည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA က တိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...