ဆီဆိုင်မြို့သို့ နေရပ်ပြန်စစ်ရှောင်အမျိုးသမီး တစ်ဦးကို PNO သေနတ်ဖြင့်ပစ်သတ်

သျှမ်းပြည် ဆီဆိုင်မြို့သို့ နေရပ်ပြန်သွားသည့် စစ်ရှောင်လင်မယား ၂ဦးကို ပအိုဝ်းပြည်သူ့စစ် (PNO) က သေနတ်ဖြင့် လိုက်ပစ်သဖြင့် အမျိုးသမီးက ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီလ ၁၀)ရက် နံနက် ၆ နာရီအချိန်တွင် စစ်ဘေးရှောင် လင်မယားဖြစ်သည့် ဒေါမူနှင့် ဦးယောင်တို့ နှစ်ဦးသည် စစ်ဘေးရှောင်နေရာမှ နောင်သိမ်ရွာသို့ ပြန်နေစဉ် တောလမ်းတစ်နေရာ၌ PNO စစ်ကြောင်းနှင့်တိုးပြီး သေနတ်ပစ်ခတ်ခံခဲ့ရာ ဇနီးဖြစ်သူဒေါမူ သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်ကိုသိရှိသူတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်က မြို့တပ်ထဲကနေ စစ်ကောင်စီက လက်နက်ကြီး၊ တင့်ကားတွေနဲ့ နောင်သိမ်ရွာထဲကို ပစ်တာ။ အဲ့နေ့ကတည်းက သူတို့လင်မယားစစ်ရှောင်လာခဲ့တာ။ မနေ့ကမှ ရွာပြန်မယ်ဆိုပြီး စစ်ရှောင်နေရာ ကနေ ရွာကိုပြန်အလာ တောလမ်းတစ်နေရာမှာ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO စစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်ခံရတာ။ သူ့ယောက်ျားကတော့ လွတ်တယ်” ဟု ၎င်းကပြောသည်။

အဆိုပါ သေဆုံးသူအလောင်းကို ၃ နာရီကြာမှ ပူးပေါင်းတော်လှန်ရေး အင်းအားစုတပ်ဖွဲ့က သွားယူဆောင်ပေးပြီး အလောင်းကိုပြန်ရခဲ့ကြောင်း သိရသည်။

အလားတူ ဧပြီလ ၈ ရက်တွင်လည်း ဆီဆိုင်မြို့နယ် တွေပူးကျေးရွာအတွင်း ရေခပ်ရန်သွားသည့် ကျောင်းသူ ၃ ဦးသည် လမ်းပေါ်မှာသွားလာနေစဉ် စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါ်ကွဲမှုကြောင့် ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ဖေဖော်ဝါရီလ ၁၉ ရက်တွင်လည်း ဆီဆိုင်မြိုသို့ နေရပ်ပြန်ပြီး ပစ္စည်းသယ်ယူကြသည့် စစ်ရှောင်များသည် မွေတော်ဘုရားအရှေ့ဘက်ရှိ ဝါးတောရွာမြောက်ဘက်မှာ ရောက်ရှိနေစဉ် စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ၇ ဦးသေဆုံးခဲ့သည်။

လက်ရှိ ဆီဆိုင်မြို့တွင် နှစ်ဖက်တပ်ဖွဲ့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသေးသောကြောင့် ဒေသခံများအနေဖြင့် မြို့တွင်းသို့ ဝင်ရောက်ခြင်း မပြုကြရန်လည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA က တိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...