ကျောက်မဲခရိုင်ရဲ ဗုံးပေါက်ကွဲမှု ရဲဝန်ထမ်းများပါဝင်နေ ဟုဆို

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ နိုဝင်ဘာ ၈ ရက် ခရိုင်ရဲတပ်ဖွဲ့ ဗုံးပေါက်ကွဲမှုဖြစ်စဥ်သည် စစ်ကောင်စီလက်အောက် ရဲတပ်သားများ ပါဝင်ပတ်သက်နေသည် ဟု စုံစမ်းသိရသည်။

ကျောက်မဲရဲစခန်း

အဆိုပါ ဗုံးပေါက်ကွဲမှုတွင် ရဲတပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ကျောက်မဲမြို့နယ် အတွင်း နယ်မြေလုံခြုံမှုမရှိသည်ကိုပြသချင်သည့် သဘောဖြင့် ပြုလုပ်ခြင်းဖြစ်သည် ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုင်းအဝန်းက ပြောသည်။ 

စစ်ကောင်စီ လက်အောက်ခံရဲတပ်သားများကို လက်ရှိ နိုင်ငံရေး ပဋိပက္ခဖြစ်ပွားသည့် နယ်မြေသို့ပြောင်းရွှေ့ရန် အမိန့်ကျလာတိုင်းမှာ ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုကို ပြုလုပ်ခဲ့သည်။

ယခုနှစ် အောက်တိုဘာ ၅ရက် ည (၉)နာရီတွင်လည်း ကျောက်မဲမြို့ ခရိုင်ရုံးတွင် ဗုံးပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ခဲ့ဖူးသည်။

“ အဲဗုံးပေါက်ကွဲတာက သူတို့ ဖန်တီးပြီးလုပ်တာ။ ဘာလို့လဲဆိုတော့ သူတို့က အခု စစ်ကိုင်းတို့ တိုက်ပွဲဖြစ်တဲ့ နေရာကို မပြောင်းချင်ဘူးလေ။ အဲကြောင့်အခု ဒီမြို့မှာလဲ ငြိမ်းချမ်းမှုမရှိဘူးလို့ ပြချင်တာ။ ဒီလိုတော့ပြပြီးတော့ မပြောင်းရအောင်လို့ လုပ်ကြတာပေါ့” ဟု ရဲနှင့်နီးစပ်သည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

ထို့ကြောင့် သက်ဆိုင်ရာ အထက်မှ အမိန့်တခုခုကျလာတိုင်းမှာ ကျောက်မဲမြို့အတွင်း ဗုံးပေါက်ကွဲမှု နှင့် သေနတ်ပစ်ဖောက်မှုများပြုလုပ်လေ့ရှိသည်။ 

ထို့အပြင် ယခုလ (နိုဝင်ဘာ ၉)ရက် မွန်လွဲပိုင်း ဗုံးပေါက်ကွဲမှု အပြီးတွင်လည်း လူငယ် (၂)ဦးကို စစ်ကောင်စီ ဘက်တော်သားများက ကွင်ဆင်ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။ 

“ လူငယ် ၂ ယောက် ဖမ်းဆီးခံရတာတော့ဟုတ်တယ်။ ဘယ်သူလဲ၊ ဘယ်ရပ်ကွက်မှာနေလဲဆိုတာတော့ မသိဘူး။ ဗုံးပေါက်ကွဲမှုနဲ့လည်း သက်ဆိုင်မှုတော့ ရှိမရှိတော့မသိဘူး” ဟု ကျောက်မဲမြို့ အသက် ၅၀ ဝန်ကျင်းအမျိုးသားတစ်ဦးက ပြောသည်။ 

ကျောက်မဲဆန္ဒပြ

ဖမ်းဆီးခံရသည့် လူငယ်၂ ဦးသည် စစ်ကောင်စီက မန္တလေးသို့ ပစ္စည်းတင်ပို့သည့် ကား စစ်ဆေးပြီး မသင်္ကာသည့် အထုတ်တွေ့ရှိသောကြောင့် ထိုအထုတ်ပိုင်ရှင်ကိုဖုန်းဆက်ခေါ်ပြီး ဖမ်းဆီးလိုက်ကြောင်း ကျောက်မဲမြို့ဒေသခံတစ်ဦးက ပြောသည်။ 

“ အဲနှစ်ယောက်ကို တစ်ယောက်ကိုတော့ ဖုန်းဆက်ခေါ်ပြီးတော့ ပစ္စည်းရောက်တယ်ဆိုပြီးတော့ ဖမ်းခေါ်လိုက်တာတဲ့။ ကျန်တဲ့တစ်ယောက်တော့ ကျောက်မဲမြို့ထဲမှာလာဖမ်းခေါ်သွားလို့ကြားတယ်။ ကျနော်တို့လည်း အသေးစိတ်တော့မသိရသေးဘူး။ သူတို့က မန္တလေးကို ပစ္စည်းကို ပို့ရင်နဲ့ ကားကလမ်းမှာ စစ်ဆေးခံရပြီးတော့ မသင်္ကာလို့ဆိုပြီးတော့ ဖမ်းဆီးသွားတယ်” ဟု ကျောက်မဲမြို့ ဒေသခံတစ်ဦးက ပြောသည်။ 

လက်ရှိမှာ ကျောက်မဲမြို့အတွင်း ကွမ်းယာဆိုင်၊ တံမြက်စည်း၊ ဖျာ နှင့် စောင်များ လာရောက် လှည့်ပတ်ရောင်းသူများလာကြောင်းလည်း ကျောက်မဲဒေသခံ အသိုင်းအဝန်းက ပြောပြလာသည်။

“ ကျောက်မဲမြို့မှာ ကွမ်းယာဆိုင်တွေ၊ တံမြက်စည်းရောင်းတဲ့သူတွေ များလာတယ်။ တစ်ခြားမြို့ကသူတွေလည်း လာနေထိုင်တာ များလာတယ်။ လမ်းမှာသွားလာပြီးရောင်းနေတဲ့သူတွေကလည်း စစ်ကောင်စီက လူတွေပါပဲ ။ သူတို့လွတ်ထားတဲ့သူတွေဖြစ်တယ်။ ကျောက်မဲက ခရိုင်မြို့ဖြစ်တော့ သူတို့က လုံခြုံရေးကို တင်းကြပ်စွာနဲ့ စောင့်ကြည့်နေတာပေါ့ “ဟု ကျောက်မဲမြို့တွင်း နေထိုင်သည့် အမျိုးသမီး တစ်ဦးက ပြောသည်။ 

လက်ရှိကျောက်မဲမြို့နယ်ထဲတွင် နိုင်ငံရေးနှင့်တက်ကြွလှုပ်ရှားသူ ၆ ဦး ဖမ်းဆီးခံထားရပြီး သံသယဖြင့် ၁၀ ဦးဝန်းကျင်က ဖမ်းဆီးခံထားရကြောင်းသိရသည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...