Saturday, May 4, 2024

လောက်ကိုင် MNDAA အရာရှိအပါအဝင် (၇)ဦး သေဒဏ်ပေးခံရ

Must read

ကိုယ်ကန့်ဒေသ လောက်ကိုင်မြို့ရှိ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ( MNDAA)၏ အရာရှိအပါအဝင် ရာဇဝတ်မှုကျူးလွန်သူ ၇ ကို ဥပဒေနှင့်အညီ သေဒဏ်ပေးခဲ့ကြောင်း MNDAA ယမန့်နေ့ (ဧပြီ ၂၄)ရက်တွင် ထုတ်ပြန်ခဲ့သည်။

အပြစ်ကျူလွန်ပြီး သေဒဏ်ပေးခံရသည့် အမျိုးသား ၁၀ ဦးသည် MNDAA ၏ ဒုတပ်ရင်းမှူး၊ပြည်သူ့စစ်၊စစ်ကြောင်မှူးနှင့် စသည့် တာဝန်ထမ်းဆောင်သူများဖြစ်ပြီး၊ ၊ထို ၁၀ ဦးထဲမှ (၇)ဦးကို ပြည်သူရှေ့တွင် ယမန်‌နေ့က တရားစီရင် သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

MNDAA သည် လောင်ကိုင်မြို့ကို သိမ်းပိုက်နိုင်ပြီး နောက် အပြစ်ကျူလွန်သူ ၇ ဦး ကို ပထမဆုံး အများပြည်သူ တွေ့မြင်နိုင်သည့် နေတွင် သေဒဏ်စီခဲ့ပြီး၊အပြစ်ကျူးလွန်သူများသည် အသက် ၃၀ ကျော်အရွယ်များသာ ဖြစ်ကြောင်း သိရသည်။

ထို သေဒဏ်ပေးခံရသူ ၁၀ ယောက်သည် ပြည်သူများအပေါ် ငွေကြေး အဓမ္မတောင်းခံခြင်း၊ပြန်ပေးဆွဲခြင်း နှင့် လူသတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ခြင်းကြောင့် ကိုးကန့် တပ်ဖွဲ့မှ ယခုလို သေဒဏ်ပေးခဲ့ကြောင်း the Kokang media မှ ယမန့်နေ့ ဧပြီလ ၂၄ ရက်နေ့တွင်ထုန်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article