လောက်ကိုင် MNDAA အရာရှိအပါအဝင် (၇)ဦး သေဒဏ်ပေးခံရ

ကိုယ်ကန့်ဒေသ လောက်ကိုင်မြို့ရှိ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ( MNDAA)၏ အရာရှိအပါအဝင် ရာဇဝတ်မှုကျူးလွန်သူ ၇ ကို ဥပဒေနှင့်အညီ သေဒဏ်ပေးခဲ့ကြောင်း MNDAA ယမန့်နေ့ (ဧပြီ ၂၄)ရက်တွင် ထုတ်ပြန်ခဲ့သည်။

အပြစ်ကျူလွန်ပြီး သေဒဏ်ပေးခံရသည့် အမျိုးသား ၁၀ ဦးသည် MNDAA ၏ ဒုတပ်ရင်းမှူး၊ပြည်သူ့စစ်၊စစ်ကြောင်မှူးနှင့် စသည့် တာဝန်ထမ်းဆောင်သူများဖြစ်ပြီး၊ ၊ထို ၁၀ ဦးထဲမှ (၇)ဦးကို ပြည်သူရှေ့တွင် ယမန်‌နေ့က တရားစီရင် သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

MNDAA သည် လောင်ကိုင်မြို့ကို သိမ်းပိုက်နိုင်ပြီး နောက် အပြစ်ကျူလွန်သူ ၇ ဦး ကို ပထမဆုံး အများပြည်သူ တွေ့မြင်နိုင်သည့် နေတွင် သေဒဏ်စီခဲ့ပြီး၊အပြစ်ကျူးလွန်သူများသည် အသက် ၃၀ ကျော်အရွယ်များသာ ဖြစ်ကြောင်း သိရသည်။

ထို သေဒဏ်ပေးခံရသူ ၁၀ ယောက်သည် ပြည်သူများအပေါ် ငွေကြေး အဓမ္မတောင်းခံခြင်း၊ပြန်ပေးဆွဲခြင်း နှင့် လူသတ်ဖြတ်မှုများကို ကျူးလွန်ခဲ့ခြင်းကြောင့် ကိုးကန့် တပ်ဖွဲ့မှ ယခုလို သေဒဏ်ပေးခဲ့ကြောင်း the Kokang media မှ ယမန့်နေ့ ဧပြီလ ၂၄ ရက်နေ့တွင်ထုန်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကွတ်ခိုင်တက်မည့် ကုန်တင်ကားများကို သိန္နီတိုးဂိတ်တွင် MNDAA ဖြတ်သန်းခွင့်ပိတ်ထား

0
သျှမ်းပြည် သိန္နီမြို့ရှိ အေးရှားဝေါလ်တိုးဂိတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကွတ်ခိုင်မြို့ဘက် သွားရောက်မည့် ကုန်တင်ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ သိန္နီနှင့် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကြား တစ်လနီးပါးကြာ ဖြစ်ပွားနေသည့် ပဋိပက္ခများ ပြေလည်မှု...

ကွတ်ခိုင်တွင် TNLA နှင့် MNDAA စစ်ရေးတင်းမာမှု ဆက်ရှိနေ၊ ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA အကြား စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ TNLA နှင့် MNDAA ပူးတွဲထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်တွင် နှစ်ဘက်တပ်ဖွဲ့ကြား မဟာမိတ်အချင်းချင်း စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး မတ်လ (၂)...

လားရှိုးမြို့အဝင်အထွက် MNDAA စစ်ဆေးမှုတင်းကြပ်၊ စစ်တပ်ဘက်မှ လမ်းပိုင်းအချို့ ပိတ်ထား

0
သျှမ်းပြည် လားရှိုးမြို့အထွက်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှု တင်းကြပ်နေပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ထဲမှ သိန္နီဘက်ထွက်သည့် အေတီတံတားထိပ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ တတိယပတ်မှ စတင်ပြီး ကားအဝင်အထွက် စစ်ဆေးတင်းကြပ်နေခြင်းကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရကြောင်း...

TNLA နှင့် MNDAA တပ်ပြဿနာကို လူထုအပေါ် ဦးတည်တိုက်ခိုက်မှု မပြုလုပ်ရန် တအာင်းအရပ်ဖက်အဖွဲ့များ တောင်းဆို

0
သျှမ်းပြည် ကွတ်ခိုင်မြို့နှင့် သိန္နီမြို့နယ်တို့တွင် ဖြစ်ပွားနေသည့် TNLA နှင့် MNDAA မဟာမိတ်တပ်ဖွဲ့ချင်း ပြဿနာကို လူထုအပေါ် ဦးတည်တိုက်ခိုက်မှု မပြုလုပ်ရန် တအာင်း(ပလောင်) အရပ်ဖက်အဖွဲ့အစည်းများမှ တောင်းဆိုလိုက်သည်။ ဖေဖော်ဝါရီလ ၁၃ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နှင့် သိန္နီမြို့နယ်တွင် တစ်ပတ်ကျော်ကြာ ဖြစ်ပွားနေသည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်...