သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တရုတ်စာသင်ကျောင်းတစ်ကျောင်းတွင် ကလေးငယ်တစ်ဦး အသားကင် စားနေရင်း ဆော့ကစားရာမှ ချော်လှဲသွားကာ မျက်လုံးထဲသို့ တုတ်ချောင်းစိုက်ဝင်သွားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ယမန့်နေ( နိုဝင်ဘာလ ၁၁) ရက် မနက်ပိုင်းတွင် ဖြစ်ပွားပြီး ကလေးငယ်ကို လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်သော်လည်း လက်မခံသဖြင့် မန္တလေးဆေးရုံသို့ ထပ်မံပို့ဆောင်ရကြောင်း နှလုံးလှ ပရဟိတလူမှုကူညီရေး အသင်းမှ တာဝန်ရှိတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ ကလေးက တရုတ်စာသင်ကျောင်းကဗျ၊ ကလေးက အသက်အရမ်းငယ်သေးတယ် (၃-၄) နှစ် ပတ်ဝန်းကျင် လောက်ပဲ။ သူကအသားကင်စားပြီး ဆော့နေရင်းနဲ့ ချော်လဲတော့ တုတ်ကထိုး မိသွားတယ်။ တုတ်ချောင်းက တော်တော်ဝင်သွားတယ်။ မနေ့ကလားရှိုးဆေးရုံ သွားတာ မရတော့ မန္တလေးဆေးရုံကိုသွားရတယ်။ အခုသူ့မျက်လုံးရဲ့ ဒဏ်ရာ အခြေနေတော့မသိရသေးဘူး “ ဟု ၎င်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်ပြီးတော့ ကလေးအုပ်ထိန်းသူများဖြစ်သည့် မိဘကိုယ်တိုင်များလည်း ကလေးများကို သတိထားစေလိုကြောင်း ၎င်းကဆက်ပြောသည်။
“ တကယ်တမ်းတော့ စာသင်ကျောင်းမှာဆိုရင် ဆရာ၊ ဆရာမတွေက တာဝန်ရှိတာပေါ့နော်။ ဒါပေမယ့် ကလေးတွေကလည်း များတော့ တစ်ဦးတစ်ယောက်ချင်းကို လိုက်မကြည့်နိုင်ဘူး။ အဓိကတော့ ကလေးမိဘတွေက အိမ်မှာကလေးတွေကို စားရင်မဆော့ဖို့ ပြောပြရမယ် “ ဟု ၎င်းအထက်ပုဂ္ဂိုလ် တစ်ဦးက ထပ်လောင်းပြောသည်။
လက်ရှိတွင် မန္တလေးမြို့ ဆေးရုံးတွင် ဆေးဝါးကုသခံယူနေပြီး မျက်လုံး ကန်း၊ မကန်းကို မသိရသေးပေ။










Leave a Comments