Wednesday, January 28, 2026

ဖယ်ခုံမြို့နယ် လက်နက်ကြီးကြောင့် ကလေး တစ်ဦးအပါအဝင် အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီဘက်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လအိကျေးရွာနေထိုင်သည့် ကလေးတစ်ဦးအပါအဝင် အရပ်သား (၃)ဦးထိခိုက် လဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။

ဖယ်ခုံမြို့နယ် စစ်ကောင်စီ တဖက်သတ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပျက်စီးသည့်နေအိမ်

ယမန်နေ့ (နိုဝင်ဘာ ၉) ရက် ည ၉ နာရီခွဲတွင် စစ်ကောင်စီဘက်မှလက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်အချို့ ပျက်စီးခဲ့ပြီး ကလေးတစ်ဦး အပါအဝင် အရပ်သား(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုလက်နက်ကြီးထိမှန်သည့်သူများသည့် အသက် (၈)နှစ်အရွယ်ရှိ ကလေးနှင့် အမျိုးသမီး (၂)ဦးဖြစ်သည် အသက် (၈၁)နှစ်အရွယ် ဒေါ်မူထန့် နှင့် အသက် (၄၄)နှစ်အရွယ် ဒေါ်မူမားသ တို့ဖြစ်ပြီး အသက် (၅၆)နှစ်အရွယ် ဦးကိုင်တို့ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ စစ်တပ်ဘက်က လက်နက်ကြီး (၂)လုံးပစ်ခဲ့တယ်။ တစ်လုံးကတော့ လူမရှိတဲ့နေအိမ်ကိုကျတယ်။ နောက်တစ်လုံးက လူနေတဲ့အိမ် ကျတယ်။ ဒါ့ကြောင့် ကလေးတစ်ယောက်နဲ့ လူကြီး (၃)ယောက်ထိတယ်” ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်ကောင်စီ လက်နက်ကြီးကြောင့် ပျက်စီးသွားသည့်နေအိမ်

လက်နက်ကြီးကြောင့် အသက်(၅၆)နှစ်အရွယ်ရှိ ဦးကိုင်၏ ဗိုက်ကိုထိမှန်ခဲ့ပြီး စိုးရိမ်ဒဏ်ရာရရှိကာ ကျန်သူများမှာ စိုးရိမ်စရာမရှိကြောင်းလည်း သိရသည်။

ဖယ်ခုံမြို့နယ်ထဲတွင် စက်တင်ဘာလတွင် တိုက်ပွဲအတွင်း အရပ်သား ၆ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီ၏ တစ်ဖက်သတ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်းဘက်တွင် စစ်ကောင်စီ လက်အောက်ခံ Non CDM ဝန်ထမ်းများ ၎င်းနယ်မြေထဲ နေထိုင်ခွင့်မပြုတော့ဘဲ ပြည်သူများကိုယ်တိုင် ကိုယ်ထူကိုယ်ထကျောင်းများဖွင့်လှစ်လာပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုးဗြဲ PDF

“ အနောက်ဘက်ကမ်းက ကျနော်တို့လက်နက်ကိုင်တွေကြီးစိုးတဲ့နေရာဆိုရင်တော့ Non CDM ကို သိပ်လက်မခံတော့ဘူး။ ကိုယ်ဘာသာကိုယ့်ကျောင်းတွေဖွင့်တယ်။ ကျောင်းတွေအများကြီးထဲလည်း လက်နက်တွေကျနိုင်ဆိုပြီး ပြချင်လို့လား မသိဘူး။ အဲကြောင့် လက်နက်ကြီးတွေ ပစ်နေတာလား မသိဘူး” ဟု ၎င်း တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောသည်။

ဖယ်ခုံမြို့နယ်ထဲတွင် လက်ရှိ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သည်မှာ ၁ လကျော်ကြာဝန်းကျင်ရှိပြီဖြစ်သော်လည်း စစ်ကောင်စီဘက်က တစ်ဖက်သတ် လက်နက်ကြီး ပစ်ခတ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...