တာလေ ယာဥ်တိုက်မှုဖြစ် အမျိုးသားတစ်ဦး ဦးခေါင်းကွဲ ဒဏ်ရာရ
သျှမ်းပြည်အရှေ့ပိုင်း တာလေမြို့နယ် နားယောင်းကျေးရွာအုပ်အတွင်းရှိ လိမ္မော်ခြံအတွင်းတွင် ကား နှင့် ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်လာသူမှာ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့( နိုဝင်ဘာလ ၁၃) ရက် နေ့လည်ပိုင်း ၃ နာရီဝန်းကျင်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲပြီး ဆိုင်ကယ်မောင်းနှင် လာသူ အသက် (၁၈) နှစ်အရွယ် အမျိုးသားတစ်ဦးမှာ...
ကျောက်မဲမြို့နယ် စစ်ဘေးရှောင်များကို ဒုက္ခသည်ဟု အမည်ပြောင်း
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် စစ်ဘေးရှောင်စခန်းများသည် နေရပ်ကို မပြန်နိုင်သေးသောကြောင့် ဒုက္ခသည်များဟု အမည်ပြောင်းခေါ်ကြရန် စစ်ကောင်စီက အမိန့်ပေးလိုက်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းတွင် စစ်ကောင်စီက ကျောက်မဲမြို့နယ်တွင် စစ်ဘေးရှောင်များကို နေရပ်ပြန်ရန်အတွက် စစ်ရှောင်ကော်မတီများနှင့် ညှိနှိုင်းခဲ့ပြီး စစ်ဘေးရှောင်များနေရပ်သို့မပြန်နိုင်သေးသဖြင့် စစ်ဘေးရှောင်စခန်းများကို ဒုက္ခသည်စခန်းအဖြစ်ပြောင်းလဲခေါ်ဆိုကြရန် စစ်ကောင်စီက အမိန့်ပေးလိုက်ကြောင်းသိရသည်။ “ ကျနော်တို့ ဌာနဆိုင်ရာတွေနဲ့...
ကွတ်ခိုင်မြို့နယ်တွင် KIA တပ်ဖွဲ့မှ ကားသမားများထံ အဆမတန် ငွေကောက်ခံနေ
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကချင် လွတ်မြောက်ရေး တပ်မတော် KIA တပ်ဖွဲ့မှ ကားသမားထံမှ အခွန်အဆမတန်ကောက်နေကြောင်း သတင်းသိရသည်။ ယခု နိုဝင်ဘာ လဆန်းပိုင်းမှ စတင်ကာ ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ကျေးရွာ နှင့် အနီးတစ်ဝိုက်တွင် KIA တပ်ဖွဲ့မှ ၂၂ ဘီး ကုန်တင်ကားတစ်စီးလျှင် ကုန်ဖိုးအတွက် အခွန်...
စစ်ရှောင်စခန်းအနီး လက်နက်ကြီးကျပေါက်ကွဲ စစ်ရှောင် ထပ်မံရွှေ့ပြောင်းရ
SHAN -
ကချင်ပြည် မိုးမောက်မြို့ လောကမာရဇိန်ကျောင်းတိုက် စစ်ရှောင်စခန်းတွင် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် စစ်ရှောင်များ နေရာသစ်တို့ ထပ်မံပြောင်းရွေ့ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ယခုလ ( နိုဝင်ဘာလ ၁၁ )ရက်တွင် ကချင်ပြည် မိုးမောက်မြို့ လောကမာရဇိန်ကျောင်းတိုက် စစ်ရှောင်စခန်း အနီးတွင် စစ်ကောင်စီမှ ပစ်လိုက်သော လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား တစ်ဦး...
ဖယ်ခုံမြို့နယ် စစ်ကောင်စီတပ် ညအချိန်မတော် လက်နက်ကြီးခြိမ်းခြောက်ပစ်ခတ်မှု ပြုလုပ်
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်း လအိ ၊ လတိန် ကျေးရွာဘက်သို့ စစ်ကောင်စီက မှ ညအချိန်မတော် လက်နက်ကြီး ပစ်ခတ်ခြိမ်းခြောက်မှုပြုလုပ်သဖြင့် ပြည်သူများ ကြောက်လန့်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၃)ရက် ည ၁၁ နာရီခွဲဝန်းကျင်တွင် ဖယ်ခုံမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လအိကျေးရွာ...
စစ်အာဏာသိမ်းမှုနှင့် အကာအကွယ်မဲ့နေသော အမျိုးသမီးများ
SHAN -
စစ်အာဏာသိမ်းမှုနှင့် အကာအကွယ်မဲ့နေသော အမျိုးသမီးများ . ဆက်လက်ဖတ်ရှုရန်>>> 79 WNR Myanmar.pdf MPM
သိန္နီမြို့နယ် စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲဖြစ်ပွား၊ ကားလမ်းပိတ်ထားရ
သျှမ်းပြည် မြောက်ပိုင်း သန္နီမြိုနယ်တွင် အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား တပ်မတော် (TNLA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ နိုဝင်ဘာလ ၁၃ ရက်နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် သိန္နီမြို့နယ်မှ ကွမ်လုံဘက်သွားသည့် လမ်းပိုင်းရှိ ပန်တီးကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံ...
တောင်ကြီးမီးပုံးပျံကွင်းထဲ အဝေရာယာယီပျံကျဈေး ဖွင့်လှစ်
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ မီးပုံးပျံကွင်းထဲတွင် ပျံကျဈေးသည်များအတွက် အဝေရာ ယာယီပျံကျဈေး ဖွင့်လှစ်ရောင်းချနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ယမန့်နေ့ နိုဝင်ဘာလ ၁၂ ရက် နံနက်ပိုင်း စတင်ဖွင့်လှစ်ခဲ့ပြီး ဆိုင်ခန်းများ အနေဖြင့် စည်ပင်မှ သတ်မှတ်ထားသောနှုန်းဖြင့် ပျံကျဈေးသည်များကို အငှားပေးပြီး ရောင်းချနေကြောင်း တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ အရင်က...
မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ထိုင်းဘတ်ငွေ တစ်ထောင် အတု ပြန်နှံ့နေ
မြန်မာ-ထိုင်းနယ်စပ်ဖြစ်တဲ့ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ထိုင်းဘတ်ငွေ (တစ်ထောင်) တန် စက္ကူအတု ပြန့်နှံ့လာနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်တွင် အဓိကအားဖြင့် ထိုင်းဘတ်ငွေများကို အသုံးပြုနေရသဖြင့် ဘတ်ငွေ (တစ်ထောင်) တန် ငွေစက္ကူအတု ပြန့်နှံ့လားခြင်းနှင့်ပတ်သက်ပြီး သတိထားကိုင်ဆောင်ရန် လိုအပ်ကြောင်း တာချီလိတ်ဒေသခံ ဆန်ဆိုင်းရပ်ကွက်နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “...
နောင်ချို- ပြင်ဦလွင် ကြား စစ်ကောင်စီနှင့် မန္တလေး PDF တိုက်ပွဲဖြစ် စစ်ကောင်စီ အရာရှိတစ်ဦးသေဆုံး
SHAN -
သျှမ်ပြည်မြောက်ပိုင်း နောင်ချို- ပြင်ဦးလွင်ကြားစစ်ကောင်စီနှင့် မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးသေဆုံးကြောင်း စုံစမ်းသိရသည်။ ယခုလ နိုဝင်ဘာ ၈ ရက် နှင့် ၉ရက် တွင် စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်လာသည့်အတွက် စစ်ကောင်စီနှင့် မန္တလေး PDF တို့တိုက်ပွဲဖြစ်ပွဦးကာ စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးသေဆုံသွားကြောင်း...





