ကွတ်ခိုင်မြို့နယ်တွင် KIA တပ်ဖွဲ့မှ ကားသမားများထံ အဆမတန် ငွေကောက်ခံနေ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကချင် လွတ်မြောက်ရေး တပ်မတော် KIA တပ်ဖွဲ့မှ ကားသမားထံမှ အခွန်အဆမတန်ကောက်နေကြောင်း သတင်းသိရသည်။

KIA

ယခု နိုဝင်ဘာ လဆန်းပိုင်းမှ စတင်ကာ ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ကျေးရွာ နှင့် အနီးတစ်ဝိုက်တွင် KIA တပ်ဖွဲ့မှ ၂၂ ဘီး ကုန်တင်ကားတစ်စီးလျှင် ကုန်ဖိုးအတွက် အခွန် ၅ သိန်း နှင့် ကားအခွန်တနှစ်စာအတွက် ၈ သိန်း တောင်းယူနေကြောင်း ဒေသခံ ကားသမားတစ်ဦးထံမှ သတင်းသိရသည်။

“တင်လာတဲ့ ကုန်အမျိုးအစားတွေပေါ် မူတည်ပြီးတော့ ကုန်ဖိုးရဲ့ အခွန်က ကွာသွားတယ်၊ ဘိလပ်မြေတွေ တင် လာရင် ၅ သိန်း ပေးရတယ်၊ ငါးတို့တခြားကုန်တို့ကျတော့ ဈေးနှုန်းတမျိုးဖြစ်သွားတယ်၊ ကားအခွန်ဖြစ်တဲ့ ဘီး လိမ့်ခွန်ကကျတော့ ၈ သိန်းခွဲပေးရတယ်၊ ဒီလိုလုပ်လာတာ ၁၅ ရက်လောက်ရှိပြီ၊ သူတို့ဆီအခွန်ဆောင်ပြီးရင် ဖြတ်ပိုင်းကဒ်ရတယ်။” ဟု အသက် ၃၀ ဝန်းကျင် ဒေသခံကားသမားက ပြောသည်။

ကုန်တင်ခွန်များသည် ကားပြေးဆွဲသည့် အခေါက်တိုင်း ပေးဆောင်ရခြင်း ဖြစ်ပြီး လီးလိမ့်ခွန်က တစ်နှစ်စာ အတွက်ဖြစ်ကြောင်းလည်း အထက်ပါ ကားသမားက ဆက်ပြောသည်။

KIA တပ်ဖွဲ့မှ ယင်းကဲ့သို့ အခွန်ကောက်ယူမှု ပမာဏ များပြားသည့်အတွက် ဒေသခံကားသမားများအတွက် အခက်အခဲများ ရှိနေသည့်အပြင် ယခင် ပြေးဆွဲသည့် ကားအရေအတွက်ထက် ပိုမိုလျော့နည်းလာကြောင်းလည်း သိရသည်။

“ခက်ခဲတာတော့ ခက်ခဲတာပေါ့၊ အရင်တုန်းက မူဆယ်ကွတ်ခိုင်လားရှိုး ပြေးဆွဲတဲ့ ပျှမ်းမျှကားအစီးရေက ထောင်ဂဏန်းပြေးဆွဲနေတာ၊ အခုချိန်ကြတော့ ၂၀၀ ကျော် ၃၀၀ လောက်ပဲ ရှိတော့တယ်၊ အခွန်တွေရော၊ ဆီဖိုးတွေရော ကားသမားတွေ အတွက် တော်တော်ကို ခက်ခဲတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ KIA တပ်ဖွဲ့မှ အခွန်ကောက်နေသည့် အနီးတစ်ဝိုက်တွင်ရှိ နမ့်ခိုင်တံတား၊ ကွတ်ခိုင်အဝင် နှင့် ရှုခင်းသာ တို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ နေရာယူကာ လမ်းသွားလမ်းလာများကို စစ်ဆေးမေးမြန်းမှု ပြုလုပ်နေကြောင်း လည်း သိရသည်။

“အဲ့ဒီ KIA အခွန်ကောက်တဲ့ အနီးမှာ Vigo ကား သုံးစီး နဲ့ စကစတပ်သားတွေ စောင့်နေကြတယ်၊ နမ့်ကွတ်ဘက် ကနေ တက်လာတဲ့ကားတွေကို အခွန်ကောက်တာ ကြုံရလား၊ ဘယ်အဖွဲ့၊ ဘယ်လောက်ပေးခဲ့လဲဆိုတွေမေးပြီး လက်ဘက်ရည်ဖိုး ကွမ်းဖိုးတွေ ထပ်တောင်းတယ်”ဟု အသက် ၃၀ ဝန်းကျင် အထက်ပါ ကားသမားက ဆက် ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ် ဘုရားကျောင်းမှ ပြန်လာသည့် အိမ်စီး ကားတစ်စီးသည် ကွတ်ခိုင်မြို့ အကျော် နမ့်ဖတ်ကာနားမရောက်ခင် အမည်မသိ လက်နက် ကိုင် လူတစ်စု က ကားကိုတားပြီး ပိုက်ဆံ နှစ်သိန်းတောင်းယူခဲ့ကြောင်းလည်း သတင်းသိရသည်။

“အားလုံးက လူလတ်ပိုင်းအမျိုးသားတွေချည်းပဲ၊ ၅ ယောက်လောက်တော့ ရှိတယ်၊ ခါးကြားမှာ သေနတ်ထိုးထား တယ်၊ သူတို့ကိုယ် သူတို့ ရဲလို့ပြောပြီး ကျမတို့ကားကို ပိုက်ဆံ ၂ သိန်း တောင်းတာတဲ့၊ ကျမတို့က ဘုရားကျောင်း ကနေ ပြန်လာတာလို့ ပြောပြီး တောင်းတောင်းပန်ပန်နဲ့ ၃၀၀၀ တော့ပေးခဲ့ရတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်း KIA တပ်ဖွဲ့မှ ကားသမားများထံ အဆမတန် အခွန်ကောက်တောင်းယူမှုများနှင့် ပတ်သက်ပြီး KIA တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူထံ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ကွတ်ခိုင်မြို့အတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ အခွန်ကောက်ခံ တောင်းယူမှု ပိုမိုများပြားလာသည့်အပြင် လောင်းကစားဝိုင်းများ၊ မူးယစ်ဆေးဝါးများ ပေါများလာပြီး ဒေသတွင်း မလုံခြုံမှုနှင့် တရားဥပဒေ အကာအကွယ်မှုလည်း ကင်းမဲ့နေကြောင်း ဒေသခံများက ပြောဆိုနေ ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...