Friday, April 26, 2024

ငွေကောက်

နမ္မတူမြို့အနီး KIA နှင့် PDF စစ်ဆေးရေးဂိတ်ဖြတ်သန်းခ ကောက်ယူ

သျှမ်းပြည် နမ္မတူမြို့နယ် အနီးရှိ မိုင်းတတ်ကျေးရွာမှ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့ PDF တို့ စောင့်ကြပ် စစ်ဆေးနေသည့် စစ်ဆေးရေးဂိတ် ဖြတ်သန်းခကို အဆမတန် တောင်းယူ နေကြောင်း စုံစမ်းသိရသည်။ နမ္မတူမြို့နယ်၊ မိုင်းတတ်ကျေးရွာ အနီး၌ KIA နှင့် ပူးပေါင်းတပ်ဖွဲ့ PDF တို့က စစ်ဆေးရေးဂိတ် ထားရှိပြီး လမ်းသွားလမ်းလာ ကားသမားများ၊ ခရီးသည် နှင့် ကုန်တင်ကား သမားများထံမှ ပိုက်ဆံ အဆမတန် တောင်းယူနေကြောင်းကို အမည်မဖော်လိုသူ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မိုင်းတတ်ရွာကနေ ထွက်လာရင် ၅-၁၀ မိနစ်လောက်တော့ မောင်းရသေးတယ်။ အဲ့ဒီတောင်ကုန်းမှာ သူတို့ စစ်ဆေးရေးဂိတ် ဖွင့်ပြီးကားသမားတွေထံကနေ ကားအသေးဆိုရင် ပိုက်ဆံ ၃ သောင်းကျပ် တောင်းတယ်။ အံစာတုံးကားလိုမျိုးဆိုရင် ၄၀၀၀၀ ကျပ်တောင်းတယ်။ အဲ့မှာ ဈေးနည်းနည်းစစ်ရင် သေနတ်မောင်းတင်ပြီး ပေးရင် သွားရမယ်၊ မပေးရင် ဒီမှာပဲ ဆိုပြီးသေနတ်ကို ပြတာ” ဟု တွေ့ကြုံရသည့် အမည်မဖော်လိုသူ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ စစ်ဆေးရေးဂိတ်ရှိသည့် နေရာသည် လားရှိုး - မူဆယ် လမ်းကြောင်းပေါ် ရှိနေသည့်အတွက် ကားသမားများ နေ့စဥ်နီးပါးဖြတ်သန်းသွားလာ အသုံးပြုရသည့် လမ်းကြောင်းလည်း ဖြစ်နေကြောင်း သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းမှ စတင်ကာ ပြင်းထန်လာခဲ့သည့် သျှမ်းမြောက်ဒေသအတွင်း ၁၀၂၇ စစ်ဆင်ရေးကြောင့်လားရှိုး - မူဆယ် - မန္တလေး ပြည်ထောင်စု လမ်းမကြီး ပျက်စီးသွားခဲ့ရပြီး ကားသမားများက လားရှိုး - နမ္မတူ - နမ့်ခမ်း - မူဆယ်လမ်းကြောင်းကိုသာ ဆက်လက်အသုံးပြု နေရခြင်း ဖြစ်ကြောင်း သိရသည်။ “အရင်တုန်းကတော့ လားရှိုး - မူဆယ်ဆိုရင် အလွန်ဆုံး ၃ နာရီလောက်ပဲ မောင်းရတာပေါ့။ အခုတော့ လမ်းမှာ ကားပိတ်ဘာညာကြုံရရင် နှစ်ညအိပ် ခရီး၊ သုံးညအိပ်ခရီးလည်း ဖြစ်သွားပြီ။ လမ်းကြောင်းအခြေအနေပေါ် မူတည်ပြီး ထွက်ရတာဆိုတော့လည်းအတိအကျမရှိဘူး။ ဆီဈေးတွေ၊ ဂိတ်ကြေးတွေလည်း အများကြီး ပေးဆောင်နေရတယ်” ဟု အထက်ပါ ကားသမားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။ လားရှိုး - နမ္မတူ - နမ့်ခမ်း - မူဆယ် လမ်းကြောင်း တစ်လျှောက်တွင် KIA နှင့် ပူးပေါင်းတပ်ဖွဲ့ PDF တို့အပြင် တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့၏ စစ်ဆေးရေးဂိတ် များကလည်း ပိုက်ဆံကိုအဆမတန်ကောက်ယူတောင်းခံနေကြောင်း စုံစမ်းသိရသည်။ လက်ရှိ လားရှိုး - နမ္မတူ - နမ့်ခမ်း - မူဆယ် လမ်းကြောင်းအတွက် ယာဉ်စီးခနှုန်းထားသည် ခရီးသည်တစ်ဦးလျှင် မြန်မာငွေ ကျပ်သုံးသိန်းထိဈေးရှိကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်တွင် KIA တပ်ဖွဲ့မှ ကားသမားများထံ အဆမတန် ငွေကောက်ခံနေ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကချင် လွတ်မြောက်ရေး တပ်မတော် KIA တပ်ဖွဲ့မှ ကားသမားထံမှ အခွန်အဆမတန်ကောက်နေကြောင်း သတင်းသိရသည်။ ယခု နိုဝင်ဘာ လဆန်းပိုင်းမှ စတင်ကာ ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ကျေးရွာ နှင့် အနီးတစ်ဝိုက်တွင် KIA တပ်ဖွဲ့မှ ၂၂ ဘီး ကုန်တင်ကားတစ်စီးလျှင် ကုန်ဖိုးအတွက် အခွန်...

မိုင်းပွန်မြို့ အထိ PNO/PNA မှ စစ်သားနှင့် ငွေသားကောက်ယူမှုများ ပြုလုပ်နေ

သျှမ်းပြည်တောင်ပိုင်း မိုင်းပွန်မြို့နယ်တွင် ပအိုဝ်းအမျိုးသားတပ်မတော်နှင့် ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (PNO/PNA) တို့မှ တပ်သားကောက်ယူခြင်းနှင့် ငွေကြေးတောင်းခံခြင်းများ ပြုလုပ်နေကြောင်း သတင်းသိရသည်။ သျှမ်းပြည်တောင်ပိုင်းရှိ မိုင်းပွန်မြို့တွင် PNO/PNA မှ စစ်သင်တန်းတက်ရောက်ရန်အတွက် ဒေသခံ အမျိုးသား / အမျိုးသမီးများ၏ လူဦးရေ နာမည်စာရင်းကို ကောက်ယူတောင်းခံမှုများ ရှိနေကြောင်း...

Latest news