Wednesday, January 28, 2026

နမ္မတူမြို့အနီး KIA နှင့် PDF စစ်ဆေးရေးဂိတ်ဖြတ်သန်းခ ကောက်ယူ

သျှမ်းပြည် နမ္မတူမြို့နယ် အနီးရှိ မိုင်းတတ်ကျေးရွာမှ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့ PDF တို့ စောင့်ကြပ် စစ်ဆေးနေသည့် စစ်ဆေးရေးဂိတ် ဖြတ်သန်းခကို အဆမတန် တောင်းယူ နေကြောင်း စုံစမ်းသိရသည်။

နမ္မတူမြို့နယ်၊ မိုင်းတတ်ကျေးရွာ အနီး၌ KIA နှင့် ပူးပေါင်းတပ်ဖွဲ့ PDF တို့က စစ်ဆေးရေးဂိတ် ထားရှိပြီး လမ်းသွားလမ်းလာ ကားသမားများ၊ ခရီးသည် နှင့် ကုန်တင်ကား သမားများထံမှ ပိုက်ဆံ အဆမတန် တောင်းယူနေကြောင်းကို အမည်မဖော်လိုသူ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုင်းတတ်ရွာကနေ ထွက်လာရင် ၅-၁၀ မိနစ်လောက်တော့ မောင်းရသေးတယ်။ အဲ့ဒီတောင်ကုန်းမှာ သူတို့ စစ်ဆေးရေးဂိတ် ဖွင့်ပြီးကားသမားတွေထံကနေ ကားအသေးဆိုရင် ပိုက်ဆံ ၃ သောင်းကျပ် တောင်းတယ်။ အံစာတုံးကားလိုမျိုးဆိုရင် ၄၀၀၀၀ ကျပ်တောင်းတယ်။ အဲ့မှာ ဈေးနည်းနည်းစစ်ရင် သေနတ်မောင်းတင်ပြီး ပေးရင် သွားရမယ်၊ မပေးရင် ဒီမှာပဲ ဆိုပြီးသေနတ်ကို ပြတာ” ဟု တွေ့ကြုံရသည့် အမည်မဖော်လိုသူ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်ရှိသည့် နေရာသည် လားရှိုး – မူဆယ် လမ်းကြောင်းပေါ် ရှိနေသည့်အတွက် ကားသမားများ နေ့စဥ်နီးပါးဖြတ်သန်းသွားလာ အသုံးပြုရသည့် လမ်းကြောင်းလည်း ဖြစ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းမှ စတင်ကာ ပြင်းထန်လာခဲ့သည့် သျှမ်းမြောက်ဒေသအတွင်း ၁၀၂၇ စစ်ဆင်ရေးကြောင့်လားရှိုး – မူဆယ် – မန္တလေး ပြည်ထောင်စု လမ်းမကြီး ပျက်စီးသွားခဲ့ရပြီး ကားသမားများက လားရှိုး – နမ္မတူ – နမ့်ခမ်း – မူဆယ်လမ်းကြောင်းကိုသာ ဆက်လက်အသုံးပြု နေရခြင်း ဖြစ်ကြောင်း သိရသည်။

“အရင်တုန်းကတော့ လားရှိုး – မူဆယ်ဆိုရင် အလွန်ဆုံး ၃ နာရီလောက်ပဲ မောင်းရတာပေါ့။ အခုတော့ လမ်းမှာ ကားပိတ်ဘာညာကြုံရရင် နှစ်ညအိပ် ခရီး၊ သုံးညအိပ်ခရီးလည်း ဖြစ်သွားပြီ။ လမ်းကြောင်းအခြေအနေပေါ် မူတည်ပြီး ထွက်ရတာဆိုတော့လည်းအတိအကျမရှိဘူး။ ဆီဈေးတွေ၊ ဂိတ်ကြေးတွေလည်း အများကြီး ပေးဆောင်နေရတယ်” ဟု အထက်ပါ ကားသမားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လားရှိုး – နမ္မတူ – နမ့်ခမ်း – မူဆယ် လမ်းကြောင်း တစ်လျှောက်တွင် KIA နှင့် ပူးပေါင်းတပ်ဖွဲ့ PDF တို့အပြင် တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့၏ စစ်ဆေးရေးဂိတ် များကလည်း ပိုက်ဆံကိုအဆမတန်ကောက်ယူတောင်းခံနေကြောင်း စုံစမ်းသိရသည်။

လက်ရှိ လားရှိုး – နမ္မတူ – နမ့်ခမ်း – မူဆယ် လမ်းကြောင်းအတွက် ယာဉ်စီးခနှုန်းထားသည် ခရီးသည်တစ်ဦးလျှင် မြန်မာငွေ ကျပ်သုံးသိန်းထိဈေးရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

မိုင်းယောင်းတွင် မဲသွားမထည့်လျှင် ငွေကောက်၊ အိမ်ထောင်စုပယ်၊ ခရီးသွားခွင့်မပြုဟု စစ်ကော်မရှင် ခြိမ်းခြောက်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပရာ မဲရုံတွင် မဲသွားမထည့်လျှင် ငွေကောက်ခံခြင်း၊ အိမ်ထောင်စုစာရင်းထဲ ပယ်ထုတ်ခြင်း၊ ခရီးသွားလာ ခွင့်မပြုခြင်းတို့ ပြုလုပ်သွားမည်ဟု စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်ထားကြောင်း ဒေသခံများက ပြောသည်။ မဲရုံတွင်...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...