နမ္မတူမြို့အနီး KIA နှင့် PDF စစ်ဆေးရေးဂိတ်ဖြတ်သန်းခ ကောက်ယူ

သျှမ်းပြည် နမ္မတူမြို့နယ် အနီးရှိ မိုင်းတတ်ကျေးရွာမှ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့ PDF တို့ စောင့်ကြပ် စစ်ဆေးနေသည့် စစ်ဆေးရေးဂိတ် ဖြတ်သန်းခကို အဆမတန် တောင်းယူ နေကြောင်း စုံစမ်းသိရသည်။

နမ္မတူမြို့နယ်၊ မိုင်းတတ်ကျေးရွာ အနီး၌ KIA နှင့် ပူးပေါင်းတပ်ဖွဲ့ PDF တို့က စစ်ဆေးရေးဂိတ် ထားရှိပြီး လမ်းသွားလမ်းလာ ကားသမားများ၊ ခရီးသည် နှင့် ကုန်တင်ကား သမားများထံမှ ပိုက်ဆံ အဆမတန် တောင်းယူနေကြောင်းကို အမည်မဖော်လိုသူ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုင်းတတ်ရွာကနေ ထွက်လာရင် ၅-၁၀ မိနစ်လောက်တော့ မောင်းရသေးတယ်။ အဲ့ဒီတောင်ကုန်းမှာ သူတို့ စစ်ဆေးရေးဂိတ် ဖွင့်ပြီးကားသမားတွေထံကနေ ကားအသေးဆိုရင် ပိုက်ဆံ ၃ သောင်းကျပ် တောင်းတယ်။ အံစာတုံးကားလိုမျိုးဆိုရင် ၄၀၀၀၀ ကျပ်တောင်းတယ်။ အဲ့မှာ ဈေးနည်းနည်းစစ်ရင် သေနတ်မောင်းတင်ပြီး ပေးရင် သွားရမယ်၊ မပေးရင် ဒီမှာပဲ ဆိုပြီးသေနတ်ကို ပြတာ” ဟု တွေ့ကြုံရသည့် အမည်မဖော်လိုသူ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်ရှိသည့် နေရာသည် လားရှိုး – မူဆယ် လမ်းကြောင်းပေါ် ရှိနေသည့်အတွက် ကားသမားများ နေ့စဥ်နီးပါးဖြတ်သန်းသွားလာ အသုံးပြုရသည့် လမ်းကြောင်းလည်း ဖြစ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းမှ စတင်ကာ ပြင်းထန်လာခဲ့သည့် သျှမ်းမြောက်ဒေသအတွင်း ၁၀၂၇ စစ်ဆင်ရေးကြောင့်လားရှိုး – မူဆယ် – မန္တလေး ပြည်ထောင်စု လမ်းမကြီး ပျက်စီးသွားခဲ့ရပြီး ကားသမားများက လားရှိုး – နမ္မတူ – နမ့်ခမ်း – မူဆယ်လမ်းကြောင်းကိုသာ ဆက်လက်အသုံးပြု နေရခြင်း ဖြစ်ကြောင်း သိရသည်။

“အရင်တုန်းကတော့ လားရှိုး – မူဆယ်ဆိုရင် အလွန်ဆုံး ၃ နာရီလောက်ပဲ မောင်းရတာပေါ့။ အခုတော့ လမ်းမှာ ကားပိတ်ဘာညာကြုံရရင် နှစ်ညအိပ် ခရီး၊ သုံးညအိပ်ခရီးလည်း ဖြစ်သွားပြီ။ လမ်းကြောင်းအခြေအနေပေါ် မူတည်ပြီး ထွက်ရတာဆိုတော့လည်းအတိအကျမရှိဘူး။ ဆီဈေးတွေ၊ ဂိတ်ကြေးတွေလည်း အများကြီး ပေးဆောင်နေရတယ်” ဟု အထက်ပါ ကားသမားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လားရှိုး – နမ္မတူ – နမ့်ခမ်း – မူဆယ် လမ်းကြောင်း တစ်လျှောက်တွင် KIA နှင့် ပူးပေါင်းတပ်ဖွဲ့ PDF တို့အပြင် တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့၏ စစ်ဆေးရေးဂိတ် များကလည်း ပိုက်ဆံကိုအဆမတန်ကောက်ယူတောင်းခံနေကြောင်း စုံစမ်းသိရသည်။

လက်ရှိ လားရှိုး – နမ္မတူ – နမ့်ခမ်း – မူဆယ် လမ်းကြောင်းအတွက် ယာဉ်စီးခနှုန်းထားသည် ခရီးသည်တစ်ဦးလျှင် မြန်မာငွေ ကျပ်သုံးသိန်းထိဈေးရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

စစ်ဆေးရေးဂိတ် ဖျက်သိမ်းမှုကြား ကားခနှင့် ကုန်ဈေးနှုန်း မကျသေး

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်းရှိ စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်အချို့ကို ဖျက်သိမ်းထားသော်လည်း ကားခနှုန်းထားများနှင့် ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းလာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် တောင်ကြီး–ဟိုပုံးလမ်း ၈ မိုင် စစ်ဆေးရေးဂိတ်၊ ပင်လုံမြို့အဝင် စစ်ဆေးရေးဂိတ်နှင့် မိုင်းနောင်–လဲချားလမ်းဆုံ စစ်ဆေးရေးဂိတ်တို့ကို ဖျက်သိမ်းထားသည်။ သို့သော် ၎င်းလမ်းပိုင်းရှိ အခြားစစ်ဆေးရေးဂိတ်များ နှင့် စက်သုံးဆီကန့်သတ်ချက်များကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် မြင့်မားနေဆဲဖြစ်ကြောင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဂိတ်တွေကို အကုန်ဖျက်သိမ်းတာတော့ မဟုတ်သေးဘူး။ လဲချားဂိတ်၊ မိုင်းပွန်ဂိတ်နဲ့ ၄ မိုင်ဂိတ်တွေမှာ ပစ္စည်းတွေအလွယ်တကူ ဖြတ်လို့မရသေးဘူး။ ပိုက်ဆံတောင်းတာထက် ပစ္စည်းတွေကို သိမ်းရမလား၊ ဂိတ်မှာချထားခဲ့မလားဆိုပြီးပြောတာတွေ ရှိနေတုန်းပဲ။ အဲဒါကြောင့် ကားခဈေးကို လျှော့ဖို့ ခက်နေပါတယ်” ဟု တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးကပြောသည်။ ယခုအချိန်ထိ စစ်ကော်မရှင်မှ စက်သုံးဆီကို တစ်ပတ်လျှင် လီတာ ၉၀ သာ ကန့်သတ်ထုတ်ပေးသဖြင့် လမ်းကြောင်း တစ်ကြောင်းပြေးဆွဲရန် မလုံလောက်ဘဲ ပြင်ပပေါက်ဈေးဖြင့် ထပ်မံဝယ်ယူ အသုံးပြု နေရကြောင်း ၎င်းက ဆက်ပြောသည်။ တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာ ၄၈၀၀ ကျပ်ခန့်ရှိသော်လည်း ကန့်သတ်ပမာဏ ကုန်လျှင် ကျပ် ၈,၀၀၀ဝန်းကျင်ဖြင့် ဝယ်ယူနေရပြီး မိုင်းရှူးတွင်လည်း တစ်လီတာ ၈၀၀၀ ကျပ် ဝန်းကျင်ရှိနေကြောင်း၎င်းကပြောသည်။ ထိုအခက်အခဲများကြောင့် ခရီးသည်များအတွက် ကားခများကို ပုံမှန်ဈေးနှုန်းထိ ပြန်လျော့ပေးရန် ခက်ခဲနေကြောင်း ဂိတ်မှူးတစ်ဦးကပြောသည်။ အဆိုပါ တောင်ကြီး – မိုင်းရှူးလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်များ ဖျက်သိမ်းထားသော်လည်း ကုန်ပစ္စည်းဈေးနှုန်းများမှာကျဆင်းခြင်းမရှိသေးကြောင်း မိုင်းရှူးမြို့ရှိ...

ချင်းမိုင်တွင် စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းသူများနှင့် ရာဇဝတ်မှုများကို စောင့်ကြည့်ရန် “ဒရုန်းစစ်ဆေးရေးအဖွဲ့” ဖွဲ့စည်း

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စစ်ဆေးရေးဂိတ်များကို တိမ်းရှောင်သူများနှင့် ပိုမိုရှုပ်ထွေးလာသော ခေတ်သစ်ရာဇဝတ်မှုများကို ဝေဟင်မှ တဆင့် စောင့်ကြည့်နိုင်ရန် လူမဲ့လေယာဉ် (Unmanned Aerial Vehicles-UAV) များ အသုံးပြုသည့် "ဒရုန်းကင်းလှည့်အဖွဲ့" (Drone Patrol) စစ်ဆင်ရေးကို စတင်အသုံးပြုပြီ ဖြစ်ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၁၅...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆောင်းပြောင်းတွင် လက်နက်ကြီးသံများကြောင့် ဒေသခံများ တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ နေ့စဉ်နီးပါး ကြားရသောကြောင့် ဒေသခံများ တိုက်ပွဲ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ဆောင်းပြောင်းကျေးရွာဘက်သို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တပ်သားများ အင်းအား ၃၀၀ ဝန်းကျင်ထပ်မံ ဖြည့်တင်းခဲ့ပြီးနောက်...